ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၂၀) (ပထမနေ့) ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၂၀) ပထမနေ့ကို ၂၀၂၀ပြည့်နှစ်၊ မေလ(၄)ရက် (တနင်္လာနေ့)၊ (၁၀:၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ (၈၃)ဦးတက်ရောက်သဖြင့် (၈၃.၈၄)ရာခိုင်နှုန်းရှိပြီး၊ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ ထက်ဝက်ကျော် တက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(က) “ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီမှ ”၂၀၁၉ ခုနှစ် တစ်နှစ်တာအတွင်း လုပ်ငန်း ဆောင်ရွက်ချက်အစီရင်ခံစာ”အား ကော်မတီအဖွဲ့ဝင် ကနီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ဦးရွှေဌေးက လွှတ်တော်သို့ တင်ပြခဲ့ရာ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ မေလ(၅)ရက်၊ (အင်္ဂါနေ့) (၁၅:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံအမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာပါသည်။
(ခ) ဆက်လက်၍ ”စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်၊ အရအသုံးခန့်မှန်းခြေငွေစာရင်းများ” အား တိုင်းဒေကြီးအစိုးရအဖွဲ့ဝင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ဦးစိုးဦးက လွှတ်တော်သို့ တင်သွင်းခဲ့ရာ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ မေလ(၅)ရက်၊ (အင်္ဂါနေ့) (၁၅:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမညစာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာပါသည်။
(ဂ) ” စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေ လွှဲပြောင်း သုံးစွဲခြင်း”အား တိုင်းဒေကြီးအစိုးရအဖွဲ့ဝင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ဦးစိုးဦးကလွှတ်တော်သို့ တင်သွင်းခဲ့ရာ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ မေလ(၅)ရက်၊ (အင်္ဂါနေ့)(၁၅:၀၀)နာရီ အချိန်နောက်ဆုံးထား၍ ဆွေးနွေးချက်အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာပါသည်။
(ဃ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၀) ပထမနေ့ကို ရပ်နားကြောင်းနှင့် အစည်းအဝေး ဒုတိယနေ့ကို ၂၀၂၀ပြည့်နှစ်၊ မေလ(၅)ရက် (အင်္ဂါနေ့) နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၂၀) ပထမ နေ့ကို (၁၀:၂၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

1 2 3 4 5 6 7 9 10 11 12