ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၀) ဒုတိယနေ့ ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၀) ဒုတိယနေ့ကို ၂၀၂၀ပြည့်နှစ်၊ မေလ(၅)ရက် (အင်္ဂါနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၄)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂၅)ဦး စုစုပေါင်း(၉၉)ဦးအနက် (၈၂)ဦးတက်ရောက်သဖြင့် (၈၂.၈၃)ရာခိုင်နှုန်းရှိပြီး၊ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံတစ်ပုံကျော် တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးသောင်းမြင့်၊ မြင်းမူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မြင်းမူမြို့နယ်၊ ကန်သာအေးကျေးရွာအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အမည်ပေါက် ရရှိရေး ကျေးရွာအသုံးပြုမည့်မြေသည် စားကျက်မြေဖြစ်နေသောကြောင့် စားကျက်မြေ အဖြစ်မှ ပယ်ဖျက်ခွင့်ရရှိရေး ဆက်လက်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)က ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစိုးဝင်းထွန်း တင်သွင်းခဲ့သည့် ”ချေးငွေလိုင်စင်မရှိဘဲ ငွေချေလုပ်ငန်းကိစ္စများ ဝက်လက်မြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသော မြန်မာမင်္ဂလာသစ်ကုမ္ပဏီအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြတ်ပြတ်သားသား အရေးယူရန် တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ အောက်ပါ လွှတ်တော်ကိုယ်စားလှယ်(၃)ဦးမှ ဆွေးနွေးတင်ပြခဲ့ကြပါသည်-
(၁) ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)
(၂) ဒေါ်သင်းသင်းကြူ၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)
(၃) ဦးသန်းဝင်း၊ အင်းတော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)

(ဂ) အဆိုအတည်ပြုခြင်းကဏ္ဍတွင် ဦးစိုးဝင်းထွန်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ချေးငွေလိုင်စင်မရှိဘဲ ငွေချေးလုပ်ငန်းကိစ္စများ ဝက်လက်မြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသော မြန်မာမင်္ဂလာသစ်ကုမ္ပဏီအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြတ်ပြတ်သားသား အရေးယူရန် တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၃)ဦးက ထောက်ခံဆွေးနွေး၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ အစိုးရအဖွဲ့မှဆောင်ရွက်ထားရှိမှုအခြေအနေများကို ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ သဘောထားရယူခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်အားလုံးက သဘောတူသည့်အတွက် အဆိုကို အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဃ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၀) ဒုတိယနေ့ကို ရပ်နားကြောင်းနှင့် အစည်းအဝေး တတိယနေ့ကို ၂၀၂၀ပြည့်နှစ်၊ မေလ(၇)ရက် (ကြာသပတေးနေ့) နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၀) ဒုတိယနေ့ကို (၁၀:၃၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

96518312_2758382957718886_7808124980759101440_o 95882501_2758382354385613_7833871832229871616_o 95866105_2758382001052315_8451910444938952704_o 95606901_2758383097718872_2886684061223354368_o 95377426_2758383297718852_1716396629449244672_o 95567943_2758383387718843_351126388335443968_o 95488838_2758383851052130_7162814579850870784_o 95263508_2758384007718781_2671089257153560576_o 95792176_2758384467718735_1806584062127636480_o 95915629_2758384737718708_4773158170073759744_o 95796305_2758384324385416_4359945345120075776_o 95196144_2758384141052101_8134443835561345024_o 95644735_2758384841052031_4663942245567692800_o 95609473_2758384214385427_3927065057464156160_o