ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဘိုးသန်းညွန့်သည် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်း အင်းတော် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အဖွဲ့ဝင်များနှင့်အတူ ယနေ့ နံနက် (၀၈:၀၀ )အချိန်တွင် အင်းတော်မြို့နယ် ပြည်သူဆေးရုံတွင် ကာကွယ်ဆေးထိုးပေးခြင်းကို သွားရောက်အားပေးစကားပြောကြားပြီး၊ နံနက်(၉:၀၀)အချိန်တွင် ဌာနဆိုင်ရာများနှင့်အတူ အင်းတော်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်စပ်လျဥ်း၍ အစည်းအဝေးပြုလုပ်ခဲ့ပါသည်။