ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့ ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၅)ရက် (သောကြာနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၄)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၂၅)ဦး စုစုပေါင်း (၉၉)ဦးအနက် (၈၆)ဦးတက်ရောက်သဖြင့် (၈၆.၈၇)ရာခိုင်နှုန်းရှိပြီး၊ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံတစ်ပုံကျော် တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါ အတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-

(၁) ဦးလှိုင်မြင့်၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မော်လိုက်မြို့နယ်အတွင်း ချင်းတွင်းမြစ်အနောက်ဘက်ခြမ်းဒေသရှိ တပ်ကုန်းကျေးရွာမှ ယူးဝ                                          ကျေးရွာသို့ဆက်သွယ်ပေးမည့် ရွာချင်းဆက်လမ်းအား အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်း                                       သည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၂) ဦးဗိုလ်သိန်း၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မော်လိုက်မြို့နယ်၊ သာနန်းတောကျေးရွာနှင့် မှန်နွဲကျေးရွာကို ဆက်သွယ်ဖောက်လုပ်ထားသော                                       မြေသားလမ်းပိုင်းအား အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ကျောက်ရော၊ ဂျင်းမြေ (၈”)လက်မထုခင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်း                                        သည့် မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၃) ဦးညီညီထွန်း၊ ကသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အရှုံးပေါ်နေသည့် ကြံ၊သကြားစျေးကွက်အား ယခင်နှစ်များကဲ့သို့                                      ပြန်လည်အဆင်ပြေလာနိုင်စေရေး ပြည်တွင်း/ပြည်ပသွင်းကုန်ထုတ်ကုန်မူဝါဒများအား စိစစ်ခြင်းကို ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ချိတ်ဆက်
ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ရှင်းလင်းဖြေကြားခဲပါသည်။

(၄) ဦးကျော်ဆန်း၊ ချောင်းဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ မေးခွန်း(၂)ခုအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်း                                              ဖြေကြားခဲ့ပါသည်-
(၁) ”ချောင်းဦးမြို့နယ်၊ အောင်ချမ်းသာကွင်း ချောင်းဦးမြောက်ကွင်းနှင့် ချောင်းဦးတောင်ကွင်းများကို စိုက်ပျိုးရေပေးဝေသည့် ပြည်တော်သာ ရိုး                                                             မြောင်းအား တူးဖော်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း။

(၂) ”ချောင်းဦးမြို့နယ်အတွင်း ချင်းတွင်းတာတလျှောက် ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရန်နှင့် စိုက်ပျိုးမြေဧကများ ပျက်စီးဆုံးရှုံးမှုမှ ကာကွယ်နိုင်                                                     ရန် ၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာရေးနှစ်စ၍ ကျောက်ရိုးစီနံရံ ဆောင်ရွက်ပေးခဲ့ရာ ပေတိုင်(၇၈ဝဝဝ)နှင့် (၈၂ဝဝဝ)အားဆောင်ရွက်ရန် ကျန်ရှိနေပါ                                                             သဖြင့် ကျန်ရှိသည့်အပိုင်းအား ဆက်လက်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း။

(၅) ဦးညီညီဟန်၊ ဗန်းမောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဗန်းမောက်မြို့နယ်၊ နန့်မားကျေးရွာအုပ်စု၊ လက်ပံကျေးရွာရေရရှိရေးအတွက်ရွာနှင့် (၂)မိုင်ခန့် ဝေး                                သော ဝေလိမ်ချောင်းမှ စိမ့်စမ်းရေးသွယ်တန်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်                                        ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၆) ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဝက်လက် မြို့နယ်၊ ညောင်ပင်သာရွာ၊ နတ်မလိုက်ချောင်းတလျှောက်ရှိ ပျက်စီးနေသော ကုန်                                ထုတ်လမ်းအရှည်(၂)မိုင်ခန့်အား ပြန်လည်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေး ဝန်ကြီး ဦး                                 မြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၇) ဒေါ်နီလာလွင်၊ မြင်းမူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မြင်းမူမြို့နယ်၊ မကျီးစုအုပ်စု ကြာပင်လှကျေးရွာရှိ အများသုံး သောက်သုံးရေကန်အားပြန်လည်ပြုပြင်                                ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၈) ဦးရိုထန်းပွီးယာ၊ တမူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”တမူးမြို့နယ်၊ ကျွန်းတောရေရှင်ရွာမှ တောင်သူများ သွားလာရေးအဆင်ပြေစေရန် ကျွန်းတောရေရှင်                                 ကျေးရွာနှင့် ပြောင်ဘုတ်ကွင်းကို ဆက်သွယ်ထားသော အရှည်(၂)မိုင်ခန့်အား ကုန်ထုတ်လမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း”                               စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(ခ) ဥပဒေကြမ်းတင်သွွင်းခြင်းကဏ္ဍတွင် ”စစ်ကိုင်းတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)”အား ဥပဒေပြုရေးဆိုင်ရာကော်မတီ အဖွဲ့                 ဝင်၊ ဦးစိုးဝင်းထွန်းမှ လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။

(ဂ) ဆက်လက်ပြီး ”စစ်ကိုင်းတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)”နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ                     အနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၈)ရက်၊ (၁၅:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်း                                 အကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

(ဃ) ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေး ဆိုင်ရာကော်မတီ၏ ”၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် တစ်နှစ်တာ လုပ်ငန်း                  ဆောင်ရွက်ချက် အစီရင်ခံစာ”အား တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ ဦးကျော်ဌေးလွင်မှ လွှတ်တော်သို့ တင်သွင်းခဲ့ပြီး အစီရင်ခံစာနှင့်                              စပ်လျဉ်း၍ ဆွေးနွေးလိုသည့်လွှတ်တော် ကိုယ်စားလှယ်များအနေနှင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၈)ရက်၊ (၁၅:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက်                                  အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

(င) ဥပဒေကြမ်းတင်သွင်းခြင်းကဏ္ဍတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး တင်သွင်းခဲ့သည့် ”စစ်ကိုင်းတိုင်းဒေသကြီး အသေးစား                      ငွေချေးလုပ်ငန်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)”နှင့်စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်ဆောင်ရွက်ချက် အစီရင်ခံစာအား                        ဥပဒေပြုရေးဆိုင်ရာကော်မတီအဖွဲ့ဝင်၊ ဦးမြင့်နိုင်ဦးမှ လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။

(စ) ဆက်လက်ပြီး ဥပဒေပြုရေးဆိုင်ရာကော်မတီမှ စိစစ်တင်ပြလာသည့် ”စစ်ကိုင်းတိုင်း ဒေသကြီး အသေးစား ငွေချေးလုပ်ငန်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်                     ဥပဒေ (မူကြမ်း)”နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၈)ရက်၊ (၁၅:၀၀)နာရီအချိန် နောက်ဆုံးထား၍                         ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ကြေညာပါသည်။

(ဆ) ဥပဒေကြမ်းတင်သွင်းခြင်းကဏ္ဍတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးမှ ”၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသ                            ကြီး၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေ(မူကြမ်း)”အား လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။

(ဇ) ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး တင်သွင်းသော “၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး၏                              နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေ(မူကြမ်း)”နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၈)ရက်၊                          (၁၅:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်                              ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

(စျ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ရပ်နားကြောင်းနှင့်                                အစည်းအဝေး တတိယနေ့ကို ၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၈)ရက် (တနင်္လာနေ့) နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။

၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို (၁၁:၀၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

3 4 5 6 7 8 9 10 11 12 13 14 15 16 17