ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့ကို ၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၈)ရက် (တနင်္လာနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၄)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂၅)ဦး စုစုပေါင်း (၉၉)ဦးအနက် (၈၅)ဦးတက်ရောက်သဖြင့် (၈၅.၈၆)ရာခိုင်နှုန်းရှိပြီး၊
လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံတစ်ပုံကျော် တက်ရောက်ပါသည်၊၊
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါ အတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဒေါ်သင်းသင်းကြူ၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ” ခင်ဦးမြို့နယ်အတွင်း ရွာတွင်းလိုင်းများ ဆောင်ရွက်ပြီးစီးသည့် ကျေးရွာ(၁၀)ရွာအတွက် လိုအပ်သော Transformer နှင့် ဆက်စပ်ပစ္စည်းများအား ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ချထားဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း”စပ်လျဉ်းသည့် မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၂) ဦးညီညီဟန်၊ ဗန်းမောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဗန်းမောက်မြို့နယ်၊ ကနန်းဒေသသို့သွားရာလမ်းရှိ ပါပျဉ်းခမ်းကျေးရွာအနီး နန့်ကဆားချောင်းအား ရေကျော်တံတားပြုလုပ်ပေးနိုင်ရေး စမ်းသပ်တိုင်းတာရေးအဖွဲ့ဖြင့် တိုင်းတာဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၃) ဦးအောင်သန်းကျော်၊ ကလေးဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကလေးဝမြို့၊ အမှတ်(၁)ရပ်ကွက်၊ နတ်သစ်ရပ်နှင့် သစ်ချောက်ကျေးရွာ၊ နွားဆွယ်ရပ်ကွက် တို့တွင် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဒေါက်တာဆန်းဝင်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မင်းကင်းမြို့နယ်၊ လာဘို့-မင်းကင်းလမ်းပိုင်းရှိ 11 ကီလိုမီတာနှင့် 12 ကီလိုမီတာကြားရှိ အက်စ်ကွေ့ တောင်ဆင်းနေရာတွင် ကွန်ကရစ်ရေမြောင်းနှင့် လမ်းပခုံးတစ်ဖက်လျှင် (၂)ပေခန့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊
စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြား
ခဲ့ပါသည်။
(၅ ) ဦးကျော်ဆန်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မင်းကင်းမြို့၊ မြို့ဆိပ်ကမ်းသို့ ရေယာဉ်များ ဆိုက်ကပ်နိုင်ရေးအတွက် ချင်းတွင်းမြစ်ကြမ်းပြင်အား သောင်တူးစက်အသုံးပြု၍ မြစ်ကြောင်းပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဦးထွန်းထွန်းဝင်း၊ ကနီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်း (၂၉)မိုင်(၂)ဖာလုံမှ သစ်ယာပင်ကျေးရွာသို့ ဖောက်လုပ် ထားသော မြေသားလမ်းအား ဂျင်းခင်းလမ်းဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇ ) ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဖောင်းပြင်မြို့နယ်၊ ရေအောက်တောင်းစံပြကျေးရွာ ပြည်သူများအတွက် သန့်ရှင်းသော သောက်သုံးရေ ရရှိရန် (၄”)စက်ရေတွင်း တူးဖော်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၈) ဦးသန်းလှိုင်၊ ပင်လည်ဘူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”စစ်ကိုင်းတိုင်း ဒေသကြီး စည်ပင်သာယာရေး နည်းဥပဒေ(မူကြမ်း)အရ စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးချယ်ဖွဲ့စည်းခြင်းအတွက် ကုန်ကျမည့်အသုံးစရိတ်များအား မည်ကဲ့သို့ လျာထားသုံးစွဲမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၉) ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဝက်လက်မြို့နယ်၊သာလိုင်းကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမြေနေရာအား အလှူရှင်မှ ပုံစံ(၁ဝ၅)၊ (၁ဝ၆)ဖြင့် လှူဒါန်းခဲ့သော်လည်း ကျူးကျော်ဝင်ရောက်နေထိုင်လျက်ရှိသဖြင့် မည်ကဲ့သို့ ဖြေရှင်းဆောင်ရွက် ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း လူမှုရေးဝန်ကြီးကိုယ်စား စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) စစ်ကိုင်းတိုင်းဒေသကြီး၊ စာရင်းစစ်ချုပ်၊ ဦးစိုးလွင်မှ ”စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာစာရင်းများ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ”အား လွှတ်တော်သို့ တင်သွင်းခဲ့ပြီး အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၉)ရက်၊ အင်္ဂါနေ့ (၁၅:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဂ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် အရအသုံးငွေစာရင်း၊ ဒေသန္တရစီမံကိန်းနှင့်ဘဏ္ဍာရေး ဆိုင်ရာကော်မတီမှ တင်သွင်းခဲ့သည့် ”၂၀၁၉ ခုနှစ်အတွင်း တစ်နှစ်တာလုပ်ငန်း ဆောင်ရွက်ချက် အစီရင်ခံစာ”နှင့်စပ်လျဉ်းပြီး လွှတ်တော်၏ သဘောထားရယူ၍ မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဃ) ဥပဒေကြမ်းတင်သွင်းခြင်းကဏ္ဍတွင် ဦးမြင့်ထွေး၊ ရေဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ တင်သွင်းခဲ့သည့် ”စစ်ကိုင်းတိုင်းဒေသကြီး အပင်နှင့်သီးနှံဖျက် ပိုးမွှားရောဂါ ကာကွယ်ရေးနှင့် နှိမ်နင်းရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)” နှင့်စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်ချက်အစီရင်ခံစာအား ဥပဒေပြုရေးဆိုင်ရာ ကော်မတီအတွင်းရေးမှူး၊ ဒေါ်အေးမြတ်မွန်မှ လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။
(င) ဆက်လက်ပြီး ဥပဒေပြုရေးဆိုင်ရာကော်မတီမှ စိစစ်တင်ပြလာသည့် ”စစ်ကိုင်းတိုင်းဒေသကြီး အပင်နှင့်သီးနှံဖျက် ပိုးမွှားရောဂါကာကွယ်ရေးနှင့်နှိမ်နင်းရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (မူကြမ်း)”နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၉)ရက်၊ အင်္ဂါနေ့ (၁၆:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(စ) စက်မှုလက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ဦးကျော်ဆန်းမှ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စက်မှုလက်မှု၊ စွမ်းအင်နှင့်
လျှပ်စစ်ဆိုင်ရာကော်မတီ၏ ”၂၀၁၉ခုနှစ်အတွင်း တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”အား လွှတ်တော်သို့ တင်သွင်းခဲ့ပြီး အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၉)ရက်၊ အင်္ဂါနေ့ (၁၆:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဆ) စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ”၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ အထွေထွေပိုလျှံရန်ပုံငွေမှ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းနှင့် ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း”တို့အား လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။
(ဇ) စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးမှ တင်သွင်းသော ”၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ တွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ အထွေထွေပိုလျှံရန်ပုံငွေမှ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းနှင့် ငွေရင်းအသုံးစရိတ် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း” တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၉)ရက်၊ အင်္ဂါနေ့
(၁၆:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(စျ) ဥပဒေကြမ်းတင်သွင်းခြင်းကဏ္ဍတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီမှ တင်သွင်းခဲ့သည့် ”စစ်ကိုင်း တိုင်းဒေသကြီး အသေးစားနှင့် လက်လုပ်လက်စား သတ္တုတွင်း ဥပဒေ(မူကြမ်း)” နှင့်စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်ချက် အစီရင်ခံစာအား ဥပဒေပြုရေးဆိုင်ရာကော်မတီအဖွဲ့ဝင်၊ ဒေါက်တာကျော်ဇေလင်းမှ လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။
(ည) ဆက်လက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီမှ စိစစ်တင်ပြလာသည့် ”စစ်ကိုင်းတိုင်းဒေသကြီး အသေးစားနှင့် လက်လုပ်လက်စား သတ္တုတွင်း ဥပဒေ(မူကြမ်း)”နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၉)ရက်၊ အင်္ဂါနေ့ (၁၆:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ် နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဋ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့ကို ရပ်နားကြောင်းနှင့် အစည်း အဝေး စတုတ္ထနေ့ကို ၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၉)ရက် (အင်္ဂါနေ့) နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့ကို (၁၂ :၂၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်၊၊

103261563_2788401448050370_2596791568816735662_o 102865039_2788402651383583_4286858839837532900_o 102738036_2788402191383629_2492227978562539812_o 102454982_2788402428050272_566472958671388703_o 102449757_2788401291383719_8198389640060639477_o 102425683_2788402031383645_8856072341288556040_o 102400083_2788401831383665_8806786582825753901_o 102396001_2788401384717043_7805252213523743881_o 102385198_2788402724716909_269088815657441575_o 102384529_2788401664717015_6586500357354482579_o 101635341_2788400571383791_8482283228333783500_o101545726_2788400744717107_2180721938016601668_o

101146185_2788400871383761_1702350621165523848_o