ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၁၀)ရက် (ဗုဒ္ဓဟူးနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၄)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂၅)ဦး စုစုပေါင်း (၉၉)ဦးအနက် (၇၈)ဦးတက်ရောက်သဖြင့် (၇၈.၇၉)ရာခိုင်နှုန်းရှိပြီး၊
လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံတစ်ပုံကျော် တက်ရောက်ပါသည်၊၊
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဒီပဲယင်းမြို့နယ်၊ တက်ခေါင်းကျေးရွာအုပ်စုရှိ ကွင်းအမှတ်(၁၉၇၈)၊ ပကားကွင်းအတွင်းပါဝင်သည့် တပ်မှစွန့်လွှတ်ရန် ကျန်ရှိသည့် လယ်ယာမြေ(၃၅.၀၀)ဧကအား အမြန်ဆုံး ပြန်လည်စိစစ်၍ မူလပိုင်ရှင်ထံ လက်ဝယ်ရောက်ရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”စစ်ကိုင်းတိုင်းဒေသကြီး၊ လမ်းဦးစီးဌာနတွင် ပြုလုပ်သော ၂ဝ၁၉-၂ဝ၂ဝ တင်ဒါလေလံ စိစစ်ရေးအဖွဲ့ထံသို့ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ပေးပို့ရာတွင် အခွန်စည်းကြပ်ကျသင့်ငွေပေးသွင်းသည့် ခုနှစ်နှင့်ကြိုတင်ပေးသွင်းငွေ ပမာဏ
ဖော်ပြထားခြင်း မရှိသဖြင့် မည်ကဲ့သို့ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း”
စပ်လျဉ်းသည့်မေးခွန်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ရှင်းလင်း
ဖြေကြားခဲ့ပါသည်။
(၃) ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဒီပဲယင်းမြို့နယ်အတွင်း စီမံကိန်းများဆောင်ရွက်ရာတွင် အစိုးရမှဆောင်ရွက်မည့် လုပ်ငန်းများနှင့် တိုက်ဆိုင်မှုမရှိစေရေး JICA မှဆောင်ရွက်မည့် နှစ်ရှည်စီမံကိန်းများအား သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၄) ဦးဝင်းရွှေ၊ ဗန်းမောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဗန်းမောက်မြို့နယ်၊ မြို့မရပ်ကွက်၊ မီးသတ်စခန်းနှင့် နားယကာကျေးရွာကြားရှိ ရေသွယ်တူးမြောင်းကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်တွင် အုတ်စီရေမြောင်းအဖြစ် ဆောင်ရွက်ခဲ့ရာ ပေ(၂ဝဝဝ)ခန့်ကျန်ရှိနေသဖြင့် ဆက်လက်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဦးဇော်လင်းဦး၊ ဝန်းသိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဝန်းသိုမြို့နယ်၊ တတ်ကုန်းကျေးရွာအုပ်စု၊ ဝက်တူးကျေးရွာရှိ ဒေသခံတောင်သူများ၏ စိုက်ပျိုးရေနှင့် သောက်သုံးရေ ရရှိရေးအတွက် ဧက(၁ဝဝ)နီးပါးရှိ ဝတ်တူးရေလှောင်ကန်အား ပြန်လည်တူးဖော်ပေးရန်နှင့် မြေသားတာဘောင်များကို ကျောက်ရိုးစီ ကွန်ကရစ် တာဘောင်ရိုးများအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဦးလှိုင်မြင့်၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မော်လိုက်မြို့နယ်အတွင်းရှိ ဝေးလံခေါင်သီသော ကျေးလက်ဒေသများဖြစ်ကြသည့် လောသာ၊ ကြုပ်သာ၊ တိုင်သာ၊ အင်းတော် ကျေးရွာတည်ရှိရာ ဒေသန္တရနယ်မြေအတွင်း
သင့်လျော်သောနေရာများ၌ ဖုန်းလိုင်းဆက်သွယ်ရေး တာဝါ(Tower) တိုင်များ
စိုက်ထူပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ပြန်လည်
ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇) ဦးမြင့်ဦး၊ တန့်ဆည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”တန့်ဆည်မြို့နယ်၊ သာဂလကျေးရွာနှင့် ကန့်ဘလူမြို့နယ်၊ မြေဒူးကျေးရွာသို့ ဆက်သွယ်သွားလာနိုင်ရန်အတွက် မူးမြစ်ကူးတံတား(၁)စင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၈) ဒေါ်နီလာလွင်၊ မြင်းမူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မြင်းမူ-ချောင်းဦး−မြောင်မြို့နယ်များသို့ ဆက်သွယ်ထားသော ကြာပင်လှကျေးရွာနှင့်မြို့နယ်ချင်းဆက်လမ်း(၇)မိုင်အား လမ်းဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၉) ဦးကျော်ဆန်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မင်းကင်းမြို့မှ ကလေးဝ-ကလေး-မော်လိုက်-တမူးမြို့များသို့ သွားလာသည့် မော်တော်ယာဉ်များ အစဉ်အပြေချောမွေ့စေရန်အတွက် ကနီ-မင်းကင်းတောင်တွင်းချောင်လမ်း၏ မင်းကင်းမြို့မလမ်းပိုင်းအား မည်သည့်အချိန်တွင် ပြုပြင်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၀) ဦးဇော်ထက်၊ ပုလဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မုံရွာ−ပုလဲ−ဂန့်ဂေါလမ်းပေါ်ရှိ မင်းတိုင်းပင်ရွာတွင်းလမ်း(၁/၃)မိုင် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းအား စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်ခြင်း မရှိသည့် Twin World ကုမ္ပဏီနှင့် Third Party တာဝန်ကို ကျေပွန်အောင် မဆောင်ရွက်သည့် Forwarder Engineering ကုမ္ပဏီတို့အား မည်ကဲ့သို့ စိစစ်ကြပ်မတ်သွားမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် စက်မှုလက်မှု၊ စွမ်းအင်နှင့်လျှပ်စစ်ဆိုင်ရာကော်မတီမှ တင်သွင်းသော ”၂၀၁၉ခုနှစ်အတွင်း တစ်နှစ်တာလုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”နှင့်စပ်လျဉ်းပြီး လွှတ်တော်၏ သဘောထားရယူ၍ မှတ်တမ်းတင်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာပါသည်။
(ဂ) အတည်ပြုခြင်းကဏ္ဍတွင် အစည်းအဝေး(ဒုတိယနေ့)က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးမှ တင်သွင်းသော ”၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေ(မူကြမ်း)”နှင့် စပ်လျဉ်း၍ အရအသုံးငွေစာရင်း၊ ဒေသန္တရစီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာကော်မတီအဖွဲ့ဝင်၊ ဒေါ်ခင်နှင်းရီ၏ အကြံပြုဆွေးနွေးချက်အ ပေါ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး လွှတ်တော်၏ အတည်ပြုချက်ရယူ၍ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥပဒေအမှတ်(၂)ဖြင့် (၁၀.၆.၂၀၂၀)ရက်နေ့တွင် အတည်ပြု ပြဌာန်းကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာပါသည်။
(ဃ) အတည်ပြုခြင်းကဏ္ဍတွင် အစည်းအဝေး(တတိယနေ့)က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးမှ တင်သွင်းသော”၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ အထွေထွေပိုလျှံရန်ပုံငွေမှ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းနှင့် ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း”နှင့်စပ်လျဉ်း၍ အရအသုံးငွေစာရင်း၊ ဒေသန္တရစီမံကိန်း နှင့်ဘဏ္ဍာရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ဒေါ်အောင်ကြည်၏ အကြံပြုဆွေးနွေးချက်အ ပေါ်
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး လွှတ်တော်၏
အတည်ပြုချက်ရယူ၍ အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(င) ဥပဒေအတည်ပြုခြင်းကဏ္ဍတွင် ဥပဒေပြုရေးဆိုင်ရာကော်မတီမှ စိစစ်တင်ပြခဲ့သည့်”စစ်ကိုင်းတိုင်းဒေသကြီး အသေးစား ငွေချေးလုပ်ငန်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)”နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အတည်ပြုချက်ရယူပြီး စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥပဒေအမှတ်(၃)ဖြင့် (၁၀.၆.၂၀၂၀)ရက်နေ့တွင် အတည်ပြုပြဌာန်းကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(စ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ရပ်နားကြောင်းနှင့် (၂၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်(၂၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို (၁၁:၅၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

102398058_2790208057869709_6651505963484062271_o 102402247_2790208724536309_3868711504548474080_o 102435721_2790207674536414_6111978139157795718_o 102436627_2790207441203104_6408095874827542934_o 102454941_2790207554536426_477074786309323781_o 102620432_2790209097869605_8695122335630229492_o 102669284_2790207761203072_939100923402450306_o 102691599_2790209947869520_8720615074431336319_o 102717212_2790207644536417_4666665509562670367_o 102961184_2790207501203098_167621254673145903_o 103024034_2790208941202954_2057987979774330579_o 103118113_2790208254536356_2420384544151116103_o 103144998_2790210071202841_6932730593448904512_o 103162960_2790209221202926_2491213222803096274_o 103596391_2790207887869726_1673036479948045172_o 103703283_2790207717869743_6037922255617700244_o 103723798_2790210017869513_8177065810258248198_o 103765032_2790208421203006_1049420828117965732_o 103788116_2790209391202909_6266899693987069865_o