ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂/၂၀၂၀)အထူးအစည်းအဝေး ဒုတိယနေ့ ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၂/၂၀၂၀) ဒုတိယနေ့ကို ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ(၂၂)ရက် (ဗုဒ္ဓဟူးနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၇၃)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၂၅)ဦး စုစုပေါင်း(၉၈)ဦးအနက် (၈၉)ဦး တက်ရောက်ပါသည်၊၊
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဝက်လက်
မြို့နယ်၊ အရှေ့စင်းတဝဲကျေးရွာ၊ ရွာဘုံမြေအငြင်းပွားမှုနှင့်ပတ်သက်၍ ကျေးရွာလယ်စီ၏ ဆုံးဖြတ်ချက်ကို မြို့နယ်လယ်စီမှ ဆန့်ကျင်ဘက်အမိန့်ချမှတ်ထားခြင်းအပေါ် ခရိုင်လယ်စီသို့ အယူခံတက်ရာ ကြန့်ကြာမှုရှိသဖြင့် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဒေါ်ခင်မျိုးချစ်၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်းအုပ်စု၊ ကျေးပင်အက်ကျေးရွာ၊ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်းအတွက် ကျောင်းဆောင်သစ် ထပ်မံတိုးချဲ့ဆောက်လုပ်ရန် မြေနေရာအလုံအလောက်မရှိသဖြင့် ကျေးပင်အက်ဆည်မြောင်းဌာနပိုင်မြေလွတ်များမှ စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဦးအောင်သန်းကျော်၊ ကလေးဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကလေးဝ
မြို့နယ်၊ ကျော်ဇင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်၊ ၄ဝ/၁ အုန်းပင်စုကွင်းပြင် အတွင်းရှိ တောရိုင်းမြေဧရိယာ(၅.ဝ၅)ဧကကို ခရီးသည်တင် ကားဝန်းမြေနေရာအဖြစ် လျှောက်ထားမှု အပေါ် ခွင့်ပြုချက်ရရှိရေးနှင့် မြေနေရာချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၄) ဦးလော်ယုံ၊ လဟယ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏”လဟယ်မြို့၊လျှပ်စစ်မီး လုံလောက်စွာရရှိရေးအတွက်၊ဟွေထိုက်ချောင်းတွင် ရေအားလျှပ်စစ်စက်ရုံအသစ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဝက်လက်
မြို့နယ်ရှိ အမှတ်(၃)ခရိုင်ခြင်းဆက်လမ်းမှတစ်ဆင့် ကမ်းဖြူကျေးရွာသွားသည့်လမ်း(၂)မိုင်ကျော်ခန့်အား ကျောက်ချောလမ်းခင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်
အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏
ကလေးခရိုင်၊ တမူးခရိုင်၊ မော်လိုက်ခရိုင်၊ ခန္တီးခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသို့ကွင်းဆင်းစိစစ်ချက်အစီရင်ခံစာအား အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအဖွဲ့ဝင် ဒေါ်ခင်မျိုးချစ်မှ လွှတ်တော်သို့ တင်သွင်းခဲ့ပြီး အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထား
ရယူကာ မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာပါသည်။
(ဂ) ဥပဒေကြမ်းအတည်ပြုခြင်းကဏ္ဍတွင်ဦးမြင့်ထွေး၊ ရေဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တင်သွင်းခဲ့ပြီးဥပဒေပြုရေးဆိုင်ရာကော်မတီမှ စိစစ်တင်ပြလာသည့်
”စစ်ကိုင်းတိုင်းဒေသကြီး အပင်နှင့်သီးနှံဖျက် ပိုးမွှားရောဂါကာကွယ်ရေးနှင့်နှိမ်နင်းရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)”နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အတည်ပြုချက် ရယူရာ လွှတ်တော်ကိုယ်စားလှယ်အားလုံးကသဘောတူသည့်အတွက် ဥပဒေ(မူကြမ်း) တွင် ပါရှိသော ပုဒ်မ၊ ပုဒ်မခွဲများပါ အကြောင်းအချင်းအရာ များအားလုံးကို လွှတ်တော်က အတည်ပြုကြောင်းနှင့် ပြင်ဆင်သည့် ဥပဒေ(မူကြမ်း) တစ်ခုလုံးကို တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၄၄(ဂ)အရ လွှတ်တော်က အတည်ပြုကြောင်းနှင့် ”စစ်ကိုင်းတိုင်းဒေသကြီး အပင်နှင့်သီးနှံဖျက် ပိုးမွှားရောဂါကာကွယ်ရေးနှင့်နှိမ်နင်းရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)”ကို စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥပဒေအမှတ်(၄)ဖြင့် (၂၂-၇-၂၀၂၀)ရက်နေ့တွင် အတည်ပြုပြဌာန်းလိုက်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဃ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၂/၂၀၂၀) ဒုတိယနေ့ကိုရပ်နားကြောင်းနှင့်အစည်းအဝေး တတိယနေ့ကို၂၀၂၀ပြည့်နှစ်၊ဇူလိုင်လ(၂၃)ရက် (ကြာသပတေးနေ့) နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၂/၂၀၂၀) ဒုတိယနေ့ကို(၁၀:၅၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
107826012_2827687150788466_4757587730498808466_o 107827196_2827687540788427_6864257234662315839_o 108176050_2827687350788446_5261212326346553903_o 109331005_2827686840788497_595915110252925010_o 109779313_2827687440788437_5113043187135620897_o 110338424_2827687217455126_5970005394472850548_o 110994708_2827687330788448_3869937921456914299_o 111145351_2827686874121827_6306102188091426845_o 111545796_2827687394121775_1613818992232464245_o 112024155_2827686687455179_610173341975709006_o