ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၂/၂၀၂၀) တတိယနေ့ ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၂/၂၀၂၀) တတိယနေ့ကို ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ(၂၃)ရက် (ကြာသပတေးနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၄)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၂၅)ဦး စုစုပေါင်း(၉၉)ဦးအနက် (၉၀)ဦးတက်ရောက်သဖြင့် (၉၁.၈၄)ရာခိုင်နှုန်းရှိပြီး၊ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံတစ်ပုံကျော် တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးအောင်သန်းကျော်၊ ကလေးဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကလေးဝ မြို့နယ်၊ ကျော်ဇင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၄၀)၊ ကျော်ဇင်ကွင်းအတွင်းရှိ
မြေဧရိယာ(၃.၀၀)ဧကအား ကျော်ဇင်ကျေးရွာရှိ ကျောင်းသား/သူများ၏ ပညာရေးအတွက်လိုအပ်သော မြေအသုံးချခွင့်လက်မှတ်ရရှိရေး တိုင်းဒေသကြီးအစိုးရမှ ကူညီဆောင်ရွက်ပေးရန် သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဦးစောမောင်၊ ဆားလင်းကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဆားလင်းကြီး မြို့နယ်၊ ဘုတ်စုကျေးရွာအုပ်စု၊ ငွေသာချောင်းရေလှောင်တမံ တည်ဆောက်
စဉ်က သိမ်းဆည်းခဲ့သော လယ်မြေဧက(၁ဝဝဝ)ကျော်နှင့်ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသော သိမ်းမြေစစ်လုပ်ငန်းများ ဆောင်ရွက်ခြင်းမရှိသည့် သိမ်းမြေစစ်အဖွဲ့အား မည်ကဲ့သို့အရေးယူဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဒေါ်ခင်နှင်းရီ၊ ယင်းမာပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ယင်းမာပင်မြို့နယ်၊ သမဝါယမဦးစီးဌာနလက်အောက်ရှိ သမအသင်းစုများ၏ ဝင်ငွေ ရရှိမှုအပေါ် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်ပေးရန်၊ နှစ်စဉ်ဝင်ငွေ ရရှိမှုများကို ကဏ္ဍအလိုက်ဖော်ပြပေးရန်နှင့် ရပ်/ကျေး အသင်း နှစ်ပတ်လည်အစည်းအဝေးများတွင် အကောင်းဆုံးလုပ်ဆောင်နိုင်သော သမအသင်းအစုအဖွဲ့များကို ကြီးကြပ်ရွေးချယ်ပေးရေး ပြည်ထောင်စု အဆင့်ဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဦးရွှေဌေး၊ ကနီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ကနီမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကွင်းအမှတ်(၁၂၉၇)မြို့မကွင်း၊ ဦးပိုင်အမှတ်(၇၅)၊ ဧရိယာ(၃.၂၃)ဧကကို စုပေါင်းဝန်ထမ်းအိမ်ရာမြေနေရာအဖြစ်သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိ လိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို ချင်းတိုင်းရင်းသားရေးရာဝန်ကြီးဦးလာလ်ထောင်ထန်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဒေါ်သန့်ဝေကျော်၊ ကလေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကလေးမြို့နယ် အတွင်း ၂၀၁၈-၂၀၁၉ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော စာသင်ကျောင်းဆောင်များ ဆောက်လုပ်ရာတွင် စံချိန်စံညွှန်းနှင့်မညီသော စီမံကိန်းများ ဆောင်ရွက်ခဲ့သည့် တင်ဒါအောင်ကုမ္ပဏီများအား အရေးယူဆောင်ရွက်သွားရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး
ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) ဆက်လက်၍ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီ၏ “၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ”အား ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီအတွင်းရေးမှူး၊ ဦးညီညီထွန်းမှ လွှတ်တော်သို့တင်သွင်းခဲ့ပြီး အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၂၃)ရက် ယနေ့(၁၆:၀၀)နာရီ အချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဂ) အတည်ပြုခြင်းကဏ္ဍတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးမှ တင်သွင်းသော ”၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီးဘဏ္ဍာ ရန်ပုံငွေတွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ အထွေထွေပိုလျှံရန်ပုံငွေမှ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းနှင့် ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း” တို့နှင့်စပ်လျဉ်း၍ ဦးမြင့်ထွေး၊ ရေဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)နှင့် အရအသုံး ငွေစာရင်း၊ ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီတို့၏ ဆွေးနွေးချက်များ
အပေါ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး လွှတ်တော်၏ အတည်ပြုချက်ကာ အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ
ပါသည်။
(ဃ) စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဌာနမှ ပေးပို့သည့် စစ်ကိုင်းတိုင်းဒေသကြီး သုသာန်များကြီးကြပ်ခြင်းဆိုင်ရာ နည်းဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ၂၀၁၃ ခုနှစ် တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၅၈အရ ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်ရန်အချက်ရှိပါက ပြင်ဆင်၊ ပယ်ဖျက်လိုသော အချက်များကို ဖြန့်ဝေသည့်နေ့မှ ရက်ပေါင်း(၉၀)အတွင်း အဆိုတင်သွင်းနိုင်ကြောင်းလွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(င) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၂/၂၀၂၀) တတိယနေ့ကို ရပ်နားကြောင်းနှင့် အစည်းအဝေး စတုတ္ထနေ့ကို ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ(၂၄)ရက် (သောကြာနေ့) နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၂/၂၀၂၀) တတိယ နေ့ကို (၁၁ : ၀၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
1 2 3 4 5 6 7 8 9