၂ဝ၂၀ပြည့်နှစ် ၊ ဇူလိုင်လ(၃၀)ရက်နေ့ နံနက် (၆:၃၀)အချိန်တွင် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံး နှစ်စဉ်ကျင်းပမြဲဖြစ်သော ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခြင်း၊ ပရိတ်တရားနာ၊ အာရုဏ်ဆွမ်းကပ်ခြင်းအလှူအား စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ရုံးဝန်ထမ်းများ၊ လွှတ်တော်ကိုယ်စားလှယ်တို့နှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံးအပေါ်ထပ်၌ သံဃာတော်များအား ပင့်ဖိတ်ပူဇော်လှူဒါန်းခဲ့ပါသည်။