ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့ ကျင်းပပြုလုပ်

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့ကို ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ(၁၇)ရက် (တနင်္လာနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့်
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၃)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်
(၂၅)ဦး စုစုပေါင်း (၉၈)ဦးအနက် (၈၃)ဦးတက်ရောက်ပါသည်။

(က)    ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါ
အတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-

(၁)        ဦးလော်ယုံ၊ လဟယ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ”လဟယ်မြို့နယ်၊
ဂန်းညရွာသစ်မှ ဂန်းဆာရွာသို့သွားလာနိုင်ရန် မြေသားလမ်း (၁၀/၀)မိုင်အား
ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်
မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးမှ
ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၂)      ဦးရိထင်၊ လေရှီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်()၏ ”လေရှီးမြို့နယ်၊ ဆွမ္မရာ-
မိုပိုင်းလွတ်လမ်း(၃/၄)မိုင်လမ်းခွဲမှ  ဂျာဂရန်ကျေးရွာနှင့် ရေကျော်ကျေးရွာ
ချင်းဆက်မော်တော်ဆိုင်ကယ်လမ်း (၈)ပေအကျယ်(၇/၀)မိုင်ကို အနီးစပ်ဆုံး
ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလို
ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး
ဗိုလ်မှူးကြီးဝင်းတင်စိုးမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၃)     ဒေါ်အမာကြည်၊ မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်() ”မုံရွာမြို့၊ မြို့သစ်
ရပ်ကွက်၊ ဇမ္ဗူ့သပြေလမ်းတွင် လျှပ်စစ်မီးတိုင်၊ လျှပ်စစ်ဝါယာကြိုးနှင့်
လမ်းမီးလုံးများတပ်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်း
သည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၄)     ဦးဝင်းမြင့်၊ ချောင်းဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်()၏ အောက်ပါမေးခွန်း
(၂)ခုအား
လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ
ရှင်းလင်းဖြေကြားခဲ့ပါသည်−
(ကက)           ချောင်းဦးမြို့နယ်၊ ချောင်းမရွာနှင့်ကျောက်တန်းရွာဆက်သွယ်သော
အရှည်(၁)မိုင်၊ အကျယ်(၂၂)ပေ မြေသားလမ်းအား ကျောက်ချော
လမ်းအဖြစ် အဆင့်မြင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလို
ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း။

(ခခ)             ”ချောင်းဦးမြို့နယ်၊  ထီးကျုံးရွာနှင့် မကျီးသုံးပင် မြေသား
ဂျင်းလမ်း(၁)မိုင်အား ကျောက်ချောလမ်းအဖြစ် အဆင့်မြင့်တင်
ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်
မေးခွန်း။

(၅)     ဒေါ်ခိုင်ခိုင်ဝင်း၊ ဝန်းသိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဝန်းသိုမြို့၊ အနောက်စက်ရပ်ကွက်ရှိ မြေသားရေကန်ကြီးအား ပြန်လည်တူးဖော် မွမ်းမံပေးရန်အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး၊    ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၆)     ဦးရိထင်၊ လေရှီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်()  “လေရှီးမြို့နယ်၊ ပန်ဆပ်ကျေးရွာ ရေရရှိရေးအတွက် အနောက်မြောက်ဘက် (၅)မိုင်အကွာရှိ မော်လီတောင်မှ စိမ့်စမ်းရေသွယ်တန်းခြင်းကို အနီးဆုံးဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး၊ ဦးမြင့်ကြည်မှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။

(၇)     ဦးဗိုလ်သိန်း၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ”မော်လိုက်မြို့နယ်၊
အခြေခံပညာအထက်တန်းကျောင်းတွင် လစ်လပ်လျက်ရှိသော အလယ်တန်းပြ
ဆရာနေရာ(၇)နေရာအား အမြန်ဆုံးဖြည့်ဆည်းခန့်ထားပေးရန် အစီအစဉ်
ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး၊
ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၈)     ဦးအောင်ကျော်၊ ဘုတလင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ” ဘုတလင် မြို့နယ်၊ မောင်းထောင်ကျေးရွာရှိ (၂၅)ခုတင်ဆံ့ တိုက်နယ်ဆေးရုံတွင် ဆရာဝန်ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လူမှုရေးဝန်ကြီး၊ ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(ခ)     စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်၊ တရားသူကြီးချုပ်၊ ဦးမျိုးမောင်မှ
စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်၏ ”၂၀၁၆ခုနှစ်မှ ၂၀၂၀ပြည့်နှစ်အထိ
(၅)နှစ်တာလုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ” အား လွှတ်တော်သို့ တင်သွင်းခဲ့ရာ
အစီရင်ခံစာနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ
အနေနှင့် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ(၁၈)ရက်၊ (အင်္ဂါနေ့) (၁၆:၀၀)နာရီအချိန်
နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး
ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက
ကြေညာပါသည်။
()     ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ဦးကျော်ဌေးလွင်မှ ဒုတိယအကြိမ်
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၏
”၂၀၁၆−၂၀၂၀ခုနှစ်အတွင်း (၅)နှစ်တာလုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ” အား
လွှတ်တော်သို့ တင်သွင်းခဲ့ရာ အစီရင်ခံစာနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးလိုသည့်
လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ(၁၈)ရက်၊ (အင်္ဂါနေ့)
(၁၆:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ
တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်း
နိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

(ဃ)    ဥပဒေကြမ်းတင်သွင်းခြင်းကဏ္ဍတွင်  ဒေါက်တာကျော်သူဟန်ထွန်း၊ ကန့်ဘလူမြို့နယ်၊
မဲဆန္ဒနယ်အမှတ်(၂)မှ တင်သွင်းခဲ့သည့်   ”စစ်ကိုင်းတိုင်းဒေသကြီး၊ မသန်စွမ်းသူများ
ဖွံ့ဖြိုးရေး ဥပဒေ(မူကြမ်း)”နှင့်စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်ချက်
အစီရင်ခံစာအား ဥပဒေပြုရေးဆိုင်ရာကော်မတီအဖွဲ့ဝင် ဒေါ်ခင်နှင်းရီမှ လွှတ်တော်သို့
တင်သွင်းခဲ့ပါသည်။

(င)        ဥပဒေပြုရေးဆိုင်ရာကော်မတီမှ စိစစ်တင်ပြလာသည့် ”စစ်ကိုင်းတိုင်းဒေသကြီး၊
မသန်စွမ်းသူများဖွံ့ဖြိုးရေး ဥပဒေ(မူကြမ်း)” နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်
လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၁၈)ရက်၊
(အင်္ဂါနေ့) (၁၆:၀၀)နာရီအချိန် နောက်ဆုံးထား၍ အကြံပြုဆွေးနွေးချက် အကျဉ်းချုပ်
နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း
တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

(စ)    ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်
(၂၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ရပ်နားကြောင်းနှင့် အစည်းအဝေး
ဒုတိယနေ့ကို ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ(၁၈)ရက် (အင်္ဂါနေ့) နံနက်(၁၀:၀၀)နာရီ
အချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။

၂။       ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမ နေ့ကို (၁၁:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

2 5       w3 w4 w5 w6