ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ(၂၅)ရက် (အင်္ဂါနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၃)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂၅)ဦး စုစုပေါင်း (၉၈)ဦးအနက် (၈၃)ဦး တက်ရောက်ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဒေါ်အမာကြည်၊ မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ” အငြိမ်းစားဝန်ထမ်းများ၏ လစာငွေကို မုံရွာမြို့၊ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ ထုတ်ပေးရာတွင် အွန်လိုင်းငွေထုတ်စနစ် Wave Money ဖြင့်ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဦးလှိုင်မြင့်၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မော်လိုက်မြို့နယ် အတွင်းရှိ တောင်သူလယ်သမားများ စိုက်ပျိုးစရိတ်ချေးငွေအချိန်မှီ ပုံမှန် ရရှိစေရန် မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဒေါ်သင်းသင်းကြူ၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ “ခင်ဦးမြို့နယ်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ဝန်ထမ်းအင်အားကို ဖွဲ့စည်းပုံအတိုင်း ဖြည့်တင်းပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ အောက်ပါမေးခွန်း (၂)ခုအား လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်−
(ကက) ”ဖောင်းပြင်မြို့နယ်၊ ချင်းတွင်းမြစ် ဆိပ်ကမ်းမှ မိုးကောင်း ကျေးရွာသို့ ကိုယ်ထူကိုယ်ထ ဖောက်လုပ်ထားသော အရှည်(၁)မိုင်ကျော်ရှိ လမ်းကိုရာသီမရွေး သွားလာနိုင်သော လမ်းအဖြစ်
ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်း
သည့်မေးခွန်း။
(ခခ) ” ဖောင်းပြင်မြို့နယ်၊ မိုင်းနွဲ့အုပ်စု၊ ဇီးကုန်းရွာမှ စကားတာရွာ၊ လမ်းလေးခွရွာနှင့် မောက်စဖာရွာကြားရှိ မြေသားလမ်း(၅)မိုင်အား တောင်ဖြိုခြင်း၊ မြေဘောင်တင်ခြင်း၊ ဂျင်းလမ်းခင်းခြင်းလုပ်ငန်း
အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း”
စပ်လျဉ်းသည့်မေးခွန်း။
(၅) ဒေါ်ခိုင်ခိုင်ဝင်း၊ ဝန်းသိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဝန်းသိုမြို့နယ်၊ သဖန်းဆိပ်-ညောင်ခြေထောက်-ပေကုန်း-မိုင်းသုံ ကျောက်ချောလမ်းပိုင်းပေါ်တွင် လိုအပ်သော နေရာများ၌ Box Culvert များ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဦးကျော်ဆန်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မင်းကင်း မြို့နယ်၊ လာဘို့-မင်းကင်းလမ်း(KM27-28)ကြားရှိ ပေ(၆ဝဝ)အရှည်ရှိ တစ်လွှာတစ်ထပ် ဘေလီညောင်ကိုင်းတံတားအား အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်
(၇) ဦးရိထင်၊ လေရှီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”လေရှီးမြို့နယ်၊ ပန်ဆပ်
ကျေးရွာ၊ စိုက်ပျိုးရေးသီးနှံ ကုန်ထုတ်လမ်း(၅/၀)မိုင်၊ ကုံကိုင်လုံရွာမ၊
စိုက်ပျိုးရေးသီးနှံ ကုန်ထုတ်လမ်း (၅/၀)မိုင်၊ ဖွန်သရက်ကျေးရွာ၊ နဝင်းချောင်း သဲ/ကျောက်ကုန်ထုတ် လမ်း(၄/၀)မိုင်၊ မယလုံကျေးရွာ စိုက်ပျိုးရေးသီးနှံ
ကုန်ထုတ်လမ်း (၄/၀)မိုင်တို့အား အနီးဆုံးဘဏ္ဍာရေးနှစ်တွင် ထည့်သွင်း လျာထားပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၈) ဦးရိုထန်းပွီးယာ၊ တမူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ အောက်ပါမေးခွန်း(၂) ခုအား စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်−
(ကက) ”တမူးမြို့နယ်၊ ကနန်ကျေးရွာ၊ အမှတ်(၁)ရပ်ကွက်ရှိ ပြည်သူများ သောက်သုံးရေ အဆင်ပြေစေရေး စိမ့်စမ်းရေ သွယ်တန်းပေးရန် နှင့်ရေကန်များတည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း။
(ခခ) ”တမူးမြို့နယ်၊ ခန်းပါတ်မြို့ အမှတ်(၅)ရပ်ကွက်ရှိ တောင်သူများ
သွားလာရေးအဆင်ပြေစေရန် ‌ကျောင်တောကွင်း၊ လိပ်ချောင်းကွင်း၊
မော်ကူးကွင်းတို့ကို ဆက်သွယ်သော အရှည်(၂)မိုင်ခန့်အား
ကုန်ထုတ်လမ်းအဖြစ် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ
သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း။
(ခ) စစ်ကိုင်းတိုင်းဒေသကြီး၊ ဥပဒေချုပ်၊ ဦးခင်မောင်လှမှ စစ်ကိုင်းတိုင်းဒေသကြီး ဥပဒေချုပ်ရုံး၏ ”၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ (၅)နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”အား လွှတ်တော်သို့ တင်သွင်းခဲ့ရာ အစီရင်ခံစာ နှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ(၂၆)ရက်၊ (ဗုဒ္ဓဟူးနေ့) (၁၆:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဂ) ဥပဒေကြမ်းတင်သွင်းခြင်းကဏ္ဍတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီးမှ စစ်ကိုင်းတိုင်းဒေသကြီး ကုန်တင်ကုန်ချ လုပ်ငန်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)အား လွှတ်တော်သို့ တင်သွင်းခဲ့ရာ လွှတ်တော်ဥက္ကဋ္ဌက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး တင်သွင်းခဲ့သော “စစ်ကိုင်းတိုင်းဒေသကြီး ကုန်တင်ကုန်ချလုပ်ငန်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ လိုအပ်သလို စိစစ်နိုင်ရန်အတွက် ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး
သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၆ (က)အရ ဥပဒေပြုရေးဆိုင်ရာကော်မတီသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။
(ဃ) ဆက်လက်ပြီး ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၂/၂၀၂၀)၊ ပထမနေ့(၂၁-၇-၂၀၂၀)ရက်နေ့၌ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီးဌာနမှ ပေးပို့ဖြန့်ဝေခဲ့သည့် ”စစ်ကိုင်းတိုင်းဒေသကြီး သုသာန်များကြီးကြပ်ခြင်းဆိုင်ရာ နည်းဥပဒေ(မူကြမ်း)”ပါ အပိုဒ်၊ အပိုဒ်ခွဲများနှင့်စပ်လျဉ်းပြီး ပြင်ဆင်ဖြည့်စွက်လိုသည့် အချက်များအား ရေဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးနှင့် စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စည်ပင်သာယာရေးဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဦးအောင်ကျော် တို့မှ ပြင်ဆင်ဖြည့်စွက်ရန် တင်သွင်းခဲ့သဖြင့် ”စစ်ကိုင်းတိုင်းဒေသကြီး သုသာန်များ ကြီးကြပ်ခြင်းဆိုင်ရာ နည်းဥပဒေ (မူကြမ်း)”ပါ အပိုဒ်၊ အပိုဒ်ခွဲများနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၂၆)ရက်၊ (ဗုဒ္ဓဟူးနေ့) (၁၆:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်
စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(င) စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ “၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်း(၂)ခု၏ ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေလွှဲပြောင်း သုံးစွဲခြင်း”နှင့် စပ်လျဉ်း၍ လွှတ်တော်သို့ တင်သွင်းခဲ့ရာ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ(၂၆)ရက်၊ ဗုဒ္ဓဟူးနေ့ (၁၆:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက်အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီး လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးထံ စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(စ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ရပ်နားကြောင်းနှင့် အစည်းအဝေး အဋ္ဌမနေ့ကို ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ(၂၆)ရက် (ဗုဒ္ဓဟူးနေ့) နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့ကို (၁၁:၃၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
117935823_2858990584324789_2757016185524690028_o      117943308_2858990607658120_5559267560692425919_o 117977019_2858992284324619_5709156692903877805_o 117994169_2858991877657993_917005184091673502_o 118002265_2858990790991435_49402755665786188_o 118012517_2858990767658104_8123223776542365882_o 118023644_2858990624324785_701137268078344257_o 118100743_2858992164324631_2197859347593555300_o 118153678_2858991904324657_4028446375392071894_o 118169222_2858991757658005_7886990663837886937_o 118197482_2858991950991319_380659929114237992_o 118198543_2858992197657961_8674348009098653078_o 118300058_2858991840991330_7237717067312817208_o 118319386_2858992227657958_8087182922689108300_o 118321219_2858990654324782_3602031227836323653_o 118327748_2858992094324638_1573485249809905758_o 118389004_2858992264324621_8384786966904627047_o 118447135_2858991327658048_8667234844067061714_o 118581846_2858992050991309_8341742519337369627_o

Leave a Reply

Your email address will not be published. Required fields are marked *