ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး နဝမနေ့ ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး နဝမနေ့ကို ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ(၂၇)ရက် (ကြာသပတေးနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်း တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့်
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၃)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂၅)ဦး စုစုပေါင်း (၉၈)ဦးအနက် (၈၃)ဦးတက်ရောက်ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဝက်လက် မြို့နယ်၌ အခွန်ပေးဆောင်မှုဖြစ်စဉ်တစ်ခုတွင် (၁၉)နှစ်ကျော် အချိန်လွန်ပြီးမှ အခွန်ဆောင်ခိုင်းမှုအပေါ် မည်သို့ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၂) ဒေါ်သန့်ဝေကျော်၊ ကလေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ” ကလေး မြို့နယ်တွင် (၂ဝ၁၈-၂ဝ၁၉) (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ်များတွင် တည်ဆောက်ခဲ့သည့် ပြည်သူ့အငှားအိမ်ရာ(၃)လုံးအား အငှားချထားရာတွင် မည်ကဲ့သို့သောစံနှုန်းများဖြင့်စီမံဆောင်ရွက်မည်၊ အမှန်တကယ် ရသင့်ရထိုက် သည့်ပြည်သူများ ရရှိနိုင်ရေး ယခုအစိုးရလက်ထက်တွင် အပြီးသတ် စီမံဆောင်ရွက်နိုင်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကိုစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဒေါ်ဖြူဖြူဝင်း၊ ကောလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကောလင်းမြို့နယ်၊ ဖလဲအုပ်စု၊ ဖလဲကျေးရွာ ပိတ်စွယ်ကန်နှင့် အင်းတက်ကန်တို့ကို ပြန်လည်ပြုပြင်ရန်နှင့် မင်းတဲကြီးရပ်၊ အ.ထ.က(မင်းချမ်းကျောင်း) မြောင်းဘောင်ကျောက်စီလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မြို့နယ်လျှပ်စစ်ရုံးများတွင် လိုအပ်သော လျှပ်စစ်ဝန်ထမ်းအင်အားကို ခန့်ထားနိုင်ရန် ဝန်ထမ်းအင်အား ဖွဲ့စည်းပုံရေးဆွဲပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်း သည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဦးကျော်ဆန်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မင်းကင်းမြို့နယ်၊ လာဘို့-မင်းကင်းလမ်းတွင် လမ်းနှစ်ဘက်ကြား ဖြည့်စွက်ရန်ကျန်ရှိသော (KM19.80-24.8) အပိုင်းအား ပြုပြင်ဆောင်ရွက်ပေးနိုင်ရေး တင်ဒါပိုလျှံငွေမှ လျာထားဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိ လိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဒေါ်နီလာလွင်၊ မြင်းမူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မြင်းမူမြို့၊ ဧရာဝတီ မြစ်ကမ်းပါးလုပ်ငန်းများ အပါအဝင် ကမ်းနဘေးတွင် စတီးလက်ရန်းများ လျှပ်စစ်မီးတိုင်များ စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် အထူးကိစ္စရပ်များ၊ လေ့လာစုံစမ်းစိစစ်ရေးနှင့် သုတေသနပြုရေးဆိုင်ရာကော်မတီအဖွဲ့ဝင်၊ ဦးထွန်းထွန်းဝင်း၊ ကနီမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးကိစ္စရပ်များ၊ လေ့လာစုံစမ်းစိစစ်ရေးနှင့် သုတေသနပြုရေးဆိုင်ရာကော်မတီ၏ “ရွှေဘိုမြို့၊ အမှတ် (၁၀)ရပ်ကွက် သုံးရေရရှိရေးနှင့်ပတ်သက်၍ ကွင်းဆင်းဆောင်ရွက်ချက် အစီရင်ခံစာ” အား လွှတ်တော်သို့ တင်သွင်းခဲ့ရာ လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း ကြေညာပါသည်။
(ဂ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် စစ်ကိုင်းတိုင်းဒေသကြီး စာရင်းစစ်ချုပ်မှ တင်သွင်းခဲ့သည့် ”စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ဘဏ္ဍာရေးနှစ် အတွက် ဘဏ္ဍာငွေအရအသုံးဆိုင်ရာစာရင်းများ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ”
နှင့်စပ်လျဉ်း၍ ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)နှင့် အရအသုံးငွေစာရင်း၊ ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီတို့၏ ဆွေးနွေးရန် ကျန်ရှိသည့်အပိုင်း(၂) ဆွေးနွေးချက်များအပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ဦးစိုးဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ဦးကမ်ဇာမုံ၊ စည်ပင်သာယာရေး ဝန်ကြီး၊ ဦးမြင့်ကြည်၊ ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး (သစ်တောသတ္တု)၊ ဦးလာလ်ထောင်ထန်းတို့မှ အကျိုးအကြောင်း ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏သဘောထား ရယူကာ မှတ်တမ်းတင်ကြောင်း
ကြေညာပါသည်။
(ဃ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး နဝမနေ့ကို ရပ်နားကြောင်းနှင့် အစည်းအဝေး ဒသမနေ့ကို ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ(၂၈)ရက် (သောကြာနေ့) နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး နဝမနေ့ကို (၁၂:၀၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
117891861_2861067344117113_3689229653146821985_o 117973609_2861067217450459_5351442979246569738_o 118047960_2861067324117115_4774102570683526020_o 118083687_2861067244117123_4449611252787688831_o 118155568_2861067187450462_536579748666338772_o 118158607_2861066604117187_4406775561638795585_o 118359971_2861066767450504_3965253112872140977_o 118388250_2861067374117110_8827108125046280277_o 118403101_2861067264117121_6219060166157120300_o 118427778_2861067394117108_6266109322930593900_o 118472962_2861067160783798_5042968772310413653_o 118497507_2861067297450451_2080755548422933560_o