ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒသမနေ့ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒသမနေ့ကို ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ(၂၈)ရက် (သောကြာနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်း တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့်
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၃)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂၅)ဦး စုစုပေါင်း (၉၈)ဦးအနက် (၈၅)ဦးတက်ရောက်ပါသည်၊၊
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးရိထင်၊ လေရှီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”လေရှီးမြို့နယ်၊ပန်ဆပ်ကျေးရွာ၊ အသေးစားရေအားလျှပ်စစ်(၂၀)ကီလို စက်ရုံပြန်လည် လည်ပတ်နိုင်ရေးအတွက် မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဒေါ်ခင်နှင်းရီ၊ ယင်းမာပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ” ချင်းတွင်းမြစ်ကူးတံတားစီမံကိန်းအတွင်း ပါရှိသောကြောင့် ပြောင်းရွှေ့ခံရသည့် ယင်းမာပင်မြို့နယ် ကန်ချောင်းအုပ်စု၊ လက်ခုပ်ပင်ရွာမှ နစ်နာသူမူလမြေပိုင်ရှင်များအတွက် မြေယာလျော်ကြေး (သို့မဟုတ်) မြေယာအစားထိုးပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဖောင်းပြင်မြို့နယ်၊ မဲတင်ကျေးရွာနှင့် ကရားကျေးရွာသို့ ဆက်သွယ်ထားသည့်
လမ်းပိုင်းပေါ်ရှိ ပျက်စီးနေသော တံတားနှင့် ဆောင်ရွက်ရန်ကျန်ရှိသော
တံတားငယ်များအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို
သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း
ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဒေါ်နီလာလွင်၊ မြင်းမူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ” မြင်းမူမြို့နယ်၊ မကျီးစုကျေးရွာမှ ကြာပင်လှကျေးရွာသို့ ဆက်သွယ်သော (၂)မိုင်ခန့်ရှိ လမ်းအား အနီးစပ်ဆုံးဘဏ္ဍာရန်ပုံငွေဖြင့် ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၅) ဒေါ်ခင်မျိုးချစ်၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကန့်ဘလူမြို့နယ်၊ ဟင်သော်ကျေးရွာအုပ်စု၊ တောင်ဇော်ကျေးရွာအတွက် ထာဝရကုမ္ပဏီ ရွှေလုပ်ကွက်လျှောက်ထားမြေနှင့် ကျေးရွာမြေ၊ သာသနာ့မြေ၊ သုဿန်မြေ ဧကများ သတ်သတ်မှတ်မှတ်ခွဲခြား တိုင်းတာသတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို ချင်းတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး (သစ်တောသတ္တု) ဦးလာလ်ထောင်ထန်းမှ ရှင်းလင်းဖြေကြားခဲ့ ပါသည်။
(ခ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် လွှတ်တော်ဥက္ကဋ္ဌက စစ်ကိုင်းတိုင်းဒေသကြီးဥပဒေချုပ်မှ တင်သွင်းခဲ့သည့် ”၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ (၅)နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”နှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထား ရယူကာ မှတ်တမ်းတင်ကြောင်း ကြေညာပါသည်။
(ဂ) အတည်ပြုခြင်းကဏ္ဍတွင် လွှတ်တော်ဥက္ကဋ္ဌက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး တင်သွင်းခဲ့သည့် “၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်း (၂)ခု၏ ငွေလုံး ငွေရင်းအသုံးစရိတ် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း”နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်ကိုယ်စားလှယ်အားလုံးက သဘောတူသည့် အတွက် အတည်ပြုကြောင်း ကြေညာပါသည်။
(ဃ) ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီအဖွဲ့ဝင်၊ ဦးဇော်လင်းဦး၊ ဝန်းသိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဆိုင်ရာကော်မတီမှ ”၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”အား လွှတ်တော်သို့ တင်ပြ ခဲ့ရာ အစီရင်ခံစာနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ(၃၁)ရက်၊ (တနင်္လာနေ့) (၁၄:၀၀)နာရီအချိန်နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(င) တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနှင့်ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ၊ ဒေါ်အမာကြည်၊ မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနှင့်ဥပဒေရေးရာကော်မတီမှ ”၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ (၅)နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”အား လွှတ်တော်သို့တင်ပြခဲ့ရာ အစီရင်ခံစာနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ(၃၁)ရက်၊ (တနင်္လာနေ့)
(၁၄:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ
တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်း နိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(စ) ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီ အဖွဲ့ဝင်၊ ဒေါ်ဖြူဖြူဝင်း၊ ကောလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ဒုတိယအကြိမ်စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီ၏ ”၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ (၅)နှစ်တာလုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”အား လွှတ်တော်သို့တင်ပြခဲ့ရာ အစီရင်ခံစာနှင့်စပ်လျဉ်း၍ အကြံပြု ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၃၁)ရက်၊ (တနင်္လာနေ့) (၁၄:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဆ) တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ အောက်ပါ ဥပဒေ(မူကြမ်း) (၂)ခုကို လွှတ်တော်သို့ တင်သွင်းခဲ့ရာ လွှတ်တော်ဥက္ကဋ္ဌက အကြံပြု ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ(၃၁)ရက်၊ (တနင်္လာနေ့) (၁၄:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက်အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာပါသည်−
(၁)”၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ဥပဒေ(မူကြမ်း)”
(၂) ”၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ဥပဒေ(မူကြမ်း)”
(ဇ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒသမနေ့ကို ရပ်နားကြောင်းနှင့် အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ(၃၁)ရက် (တနင်္လာနေ့) နံနက် (၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒသမနေ့ကို (၁၁:၂၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်၊၊
117908493_2861966300693884_673557858661556560_o 117942611_2861965450693969_8587723570609196532_o 118085829_2861966244027223_3176960614051202926_o 118128996_2861965434027304_2387702080202656153_o 118138082_2861966374027210_5325510144919919515_o 118148506_2861966267360554_1364148283137033232_o 118177189_2861965397360641_4886041307530514560_o 118206839_2861965497360631_8578327266985749161_o 118227984_2861966344027213_3898364970670956516_o 118289214_2861966274027220_1575371235165407922_o 118359238_2861965474027300_142924020032067397_o 118422940_2861966317360549_999420517879350651_o