ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ(၃၁)ရက် (တနင်္လာနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက် ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၃)ဦး၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်(၂၅)ဦး စုစုပေါင်း(၉၈)ဦးအနက် (၈၅)ဦး တက်ရောက်ပါသည်။
(က) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ပြောကြားခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ”၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ (၄)နှစ်ခွဲတာ ကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ”နှင့်စပ်လျဉ်းသည့် မိန့်ခွန်းကို ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၈၊ ပုဒ်မခွဲ(ဂ)အရ လွှတ်တော်
ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း ကြေညာ
ပါသည်။
(ခ) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”COVID-19ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွားရေးဝင်ငွေများခက်ခဲပါသဖြင့် ပြည်တွင်းအခွန် ဦးစီးဌာနမှ ဝင်ငွေခွန်နှုန်းထားများ လျှော့ချပေးနိုင်ရေးတိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် ပြည်ထောင်စုအစိုးရနှင့်ချိတ်ဆက်ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးဦးမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဒေါ်သန့်ဝေကျော်၊ ကလေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ “စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ တောင်သူများ၏ စားသုံးသီးနှံများဝယ်ယူရေး၊ သိုလှောင်ရေး၊ ကြိတ်ခွဲရေး၊ အရည်အသွေးထိန်းသိမ်းရေး၊ လေလွင့်ဆုံးရှုံးမှု နည်းပါးရေး၊ ပိုးမွှားကင်းစင်ရေး၊ စျေးကွက်ရရှိရေးကဏ္ဍများအတွက် လိုအပ်သည့် နည်းပညာ ဖြန့်ဖြူးခြင်းဖြင့် တောင်သူများ လက်တွေ့အသုံးချနိုင်ရေး မည်သို့စီမံဆောင်ရွက် ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဒေါ်နီလာလွင်၊ မြင်းမူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မြင်းမူမြို့နယ်၊ ဝါကျကျေးရွာမှ တောချောင်းဦးကျေးရွာသို့ဆက်သွယ်သော (၆)မိုင်(၁)ဖာလုံအား အနီးစပ်ဆုံးရန်ပုံငွေဖြင့် ကျောက်ချောလမ်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး(ကိုယ်စား) လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ဂ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် လွှတ်တော်ဥက္ကဋ္ဌက အောက်ပါ (၅)နှစ်တာ လုပ်ငန်း ဆောင်ရွက်ချက်အစီရင်ခံစာ(၂)ခုအား လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်း တင်ကြောင်းကြေညာပါသည်-
(၁) ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ဦးလာလ်ထောင်ထန်း တင်သွင်းခဲ့သည့် ”၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ (၅) နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”
(၂) စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီမှ တင်သွင်းခဲ့သည့် ”၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ (၅) နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”
(ဃ) အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ အဖွဲ့ဝင်၊ ဒေါ်ခင်မျိုးချစ်၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ “စစ်ကိုင်း ခရိုင်၊ ယင်းမာပင်ခရိုင်၊ ရွှေဘိုခရိုင်နှင့် မုံရွာခရိုင်များသို့ ကွင်းဆင်းဆောင်ရွက်ချက် အစီရင်ခံစာ”အား မှတ်တမ်းတင်ရန် လွှတ်တော်သို့ တင်ပြခဲ့ရာ လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထား ရယူကာ မှတ်တမ်းတင်ကြောင်း ကြေညာပါသည်။
(င) ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင်၊ ဦးထွန်းထွန်းဝင်း၊ ကနီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး နှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ၏ ”၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ (၅)နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”အား လွှတ်တော်သို့ တင်ပြခဲ့ရာ အစီရင်ခံစာနှင့်စပ်လျဉ်းပြီး အကြံပြုဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ(၁)ရက်၊ (အင်္ဂါနေ့) (၁၆:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက်အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(စ) စက်မှုလက်မှု၊ စွမ်းအင်နှင့်လျှပ်စစ်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ဦးကျော်ဆန်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ စက်မှုလက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ဆိုင်ရာ ကော်မတီ၏ ”၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ (၅)နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”အား လွှတ်တော်သို့ တင်ပြခဲ့ရာ အစီရင်ခံစာနှင့်စပ်လျဉ်းပြီး အကြံပြု ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁)ရက်၊ (အင်္ဂါနေ့) (၁၆:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက်အကျဉ်းချုပ် နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဆ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ရပ်နားကြောင်းနှင့် အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ(၁)ရက် (အင်္ဂါနေ့) နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို (၁၂:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
118342262_2864880640402450_2053340161447412400_o 118356633_2864880143735833_8079265910728545545_o 118402362_2864880617069119_5182466130974943197_o 118476220_2864880753735772_7449439622797438159_o 118544202_2864879910402523_2730264810210731868_o 118559428_2864880717069109_3822143836777891863_o 118601823_2864880113735836_6874438716255096589_o 118617717_2864880577069123_1858294412993642838_o 118652102_2864880787069102_1089036431378617311_o