ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ(၂)ရက် (ဗုဒ္ဓဟူးနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်
ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၃)ဦး၊ တပ်မတော်သား
လွှတ်တော် ကိုယ်စားလှယ်(၂၅)ဦး စုစုပေါင်း(၉၈)ဦးအနက် (၈၅)ဦး တက်ရောက်ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဒေါက်တာကျော်သူဟန်ထွန်း၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”စစ်ကိုင်းတိုင်းဒေသကြီးအတွင်း MSMEsလုပ်ငန်းများအတွက်ပုံမှန်ချေးငွေနှင့် Covid-19 စီးပွားရေးကုစားမှုအစီအစဉ်အရ ချေးငွေများရရှိနိုင်ရေး မည်သို့ ကူညီဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း ”စပ်လျဉ်းသည့်မေးခွန်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ အောက်ပါမေးခွန်း (၂)ခုအား လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်−
(ကက) ”ဖောင်းပြင်မြို့နယ်၊ မောက်ပလင်အုပ်စု၊ ကွမ်းတော ကျေးရွာ မြစ်ကမ်းပါးပြိုကျမှုမှ ကာကွယ်နိုင်ရေး မြေထိန်းနံရံတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း။
(ခခ) ”ဖောင်းပြင်မြို့နယ်ရှိ လေယာဉ်ကွင်းအား ခြံဝင်းခပ်ခြင်း၊ အသိအမှတ်ပြု ဘုတ်တိုင်များပြုလုပ်ရန် အစီအစဉ်ရှိ/မရှိ သိရှိ
လိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း။
(၃) ဦးအောင်သန်းကျော်၊ ကလေးဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကလေးဝ မြို့နယ် စက်လှေအသင်းပိုင် အဆောက်အဦနှင့်မြေနေရာအား ယခုလက်ရှိ ဖွဲ့စည်းထားသော ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှု ကော်မတီထံသို့ လွှဲပြောင်းရန် အစိုးရအဖွဲ့မှ ညွှန်ကြားထားပြီးဖြစ်သော်လည်း ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က ကိုယ်ကျိုးအတွက် အသုံးပြုနေသဖြင့် အမြန်ဆုံး လွှဲပြောင်းနိုင်ရေးမည်သို့ ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း”စပ်လျဉ်း သည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် လွှတ်တော်ဥက္ကဋ္ဌက အောက်ပါ(၅)နှစ်တာ လုပ်ငန်း
ဆောင်ရွက်ချက်အစီရင်ခံစာ(၂)ခုအား လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်းကြေညာပါသည်-
(၁) ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ၏ ”၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ (၅)နှစ်တာလုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”
(၂) စက်မှုလက်မှု၊ စွမ်းအင်နှင့်လျှပ်စစ်ဆိုင်ရာကော်မတီ၏ ”၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ (၅)နှစ်တာလုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”
(ဂ) ဥပဒေအတည်ပြုခြင်းကဏ္ဍတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး တင်သွင်းသည့် ”၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ(မူကြမ်း)၊ စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ဥပဒေ(မူကြမ်း)”တို့နှင့်စပ်လျဉ်း၍ အရအသုံး ငွေစာရင်း၊ဒေသန္တရစီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာ ကော်မတီ၏ အကြံပြုဆွေးနွေး ချက်များအပေါ် သက်ဆိုင်ရာ ဝန်ကြီးမှလည်း အကျိုးအကြောင်း ပြန်လည်ရှင်းလင်း
ဆွေးနွေးခဲ့ပြီး လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်ကိုယ်စားလှယ်
အားလုံးက သဘောတူသည့်အတွက် ”၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်း ဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ(မူကြမ်း)”ကို စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥပဒေအမှတ်(၆) ဖြင့်လည်းကောင်း၊ ”စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၂၀− ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ဥပဒေ(မူကြမ်း)”ကို စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဥပဒေအမှတ်(၇)ဖြင့် (၂.၉.၂၀၂၀)ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဃ) ဥပဒေအတည်ပြုခြင်းကဏ္ဍတွင် ဥပဒေပြုရေးဆိုင်ရာကော်မတီမှ စိစစ်တင်ပြထားသည့် ”စစ်ကိုင်းတိုင်းဒေသကြီးအသေးစားနှင့် လက်လုပ်လက်စားသတ္တုတွင်း ဥပဒေ(မူကြမ်း)” နှင့်စပ်လျဉ်းပြီး ဦးညီညီဟန်၊ ဗန်းမောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ အကြံပြုဆွေးနွေးချက်အပေါ်ဥပဒေပြုရေးဆိုင်ရာကော်မတီမှ ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း၊ သက်ဆိုင်ရာဝန်ကြီး၏ သဘောထားရယူ၍ လွှတ်တော်၏ အတည်ပြုချက် ရယူကာ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥပဒေအမှတ်(၈)ဖြင့် (၂.၉.၂၀၂၀)ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(င) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို ရပ်နားကြောင်းနှင့် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို (၁၁:၃၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
w1 w2 w3 w4 w5 w6 w7 w8