ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ဒေါ်အောင်ကြည်၊ မဲဆန္ဒနယ် အမှတ်(၂)၊ မုံရွာမြို့နယ်မှ တင်သွင်းသည့် အရေးကြီးအဆိုအား ထောက်ခံဆွေးနွေးခြင်း

ထောက်ခံသူအမည်          − ဦးသောင်းမြင့်

မဲဆန္ဒနယ်အမှတ်             − အမှတ်( ၁ )၊ မြင်းမူမြို့နယ်

တိုင်းဒေသကြီး               − စစ်ကိုင်းတိုင်းဒေသကြီး

ကိုယ်စားပြုပါတီ            − ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ထောက်ခံသည့်အရေအတွက် − (၁) ခု

တင်သွင်းသည့်နေ့ရက်     − ၈ − ၈ − ၂၀၁၆

လေးစားအပ်ပါသော စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ် များ၊ လေ့လာသူများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

ကျွန်တော်ကတော့စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းမြင့် ဖြစ်ပါတယ်။

ကျွန်တော်အနေနဲ့ မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဒေါ်အောင်ကြည်၏ မုံရွာမြို့၊ ဇေယျာရွှေမြေ(FC)ဘောလုံးအသင်းမှ အိမ်ကွင်းအဖြစ် ဘောလုံးကွင်းငှား
ရမ်းသုံးစွဲနေခြင်းကို မုံရွာမြို့တိုင်းဒေသကြီးပြည်သူ့အားကစားကွင်းအဖြစ်သို့ ပြန်လည််လွှဲပြောင်းပေးပါရန် အဆိုအား ဥက္ကဋ္ဌကြီး၏ခွင့်ပြုချက်အရ ထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။

လေးစားအပ်ပါသော လွှတ်တော်ဥက္ကဌကြီးနှင့်၊ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ-

အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်၊ အားကစားဖြင့် နိုင်ငံ
ဂုဏ်ကို မြှင့်တင်ပေးအံ့၊ မြန်မာအားကစား ကမ္ဘာကိုလွှမ်းရမည် ဆိုသောဆောင်ပုဒ််နှင့်အညီ ဖြစ်စေရန် အထူးလိုအပ်လျှက်ရှိပါသည်။ အားကစားနည်းများမြှင့်တင်ရန် ရပ်ကွက်/ကျေးရွာ/မြို့နယ်/ခရိုင်/တိုင်း ဒေသကြီးအဆင့်အလိုက် အားကစားကွင်းများတည်ဆောက်ထားရှိပြီး ပြိုင်ပွဲအဆင့်ဆင့်ကျင်းပရန် လိုအပ် လျှက်ရှိပါတယ်။ သို့မှသာ ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာပြီး နိုင်ငံဂုဏ်ကို မြှင့်တင်ပေးရာရောက်စေမှာဖြစ်ပါတယ်။

တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါ်အောင်ကြည်၏အဆိုတွင်ပါဝင်သော ဆွေးနွေးချက်အရ မုံရွာမြို့ နယ်ပိုင်ဆိုင်သော ဘောလုံးကွင်း၊ မုံရွာခရိုင်ပိုင်ဆိုင်သော ဘောလုံးကွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၏မြို့ တော်ဖြစ်သော မုံရွာမြို့တွင် တိုင်းဒေသကြီးဘောလုံးကွင်း သီးခြားမရှိခြင်းကို သိရှိရပါတယ်။ ထို့ကြောင့် မြို့နယ်/ခရိုင်/တိုင်းဒေသကြီးအဆင့်ဆင့် ဘောလုံးကွင်းအား ခွင့်ပြုချက်ရယူပြီးမှသာ ပြိုင်ပွဲကျင်းပရခြင်းဖြစ်ပါနေတယ်။ နောက်ပြီးဇေယျာရွှေမြေအသင်းမှ ဘောလုံးကွင်းငှားရမ်းသူအနေဖြင့် ငှားရမ်းမှုစာချုပ်ပါ စည်းကမ်းချက်များအတိုင်း တိုင်းဒေသကြီးအားကစားပြိုင်ပွဲများကျင်းပရေးဆိုင်ရာ စီမံခန့်ခွဲမှုများ လိုက်နာ မှုမရှိခြင်းအပြင် ဆိုင်ခန်းများငှားရမ်းခငွေကို သတ်မှတ်နှုန်းထားထက် တိုးမြှင့်ကောက်ခံပြီး ပိုလျှံသောငွေကို နိုင်ငံတော်သို့ ပေးသွင်းခြင်းမရှိပါသောကြောင့် နိုင်ငံဘဏ္ဍာများစွာ နစ်နာမှုများ ဖြစ်ပေါ်နေတာကို တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍အဆိုရှင်ဒေါ်အောင်ကြည်၊ မဲဆန္ဒနယ်အမှတ်(၂)၊ မုံရွာမြို့နယ်၏ ဇေယျာရွှေမြေဘော လုံးအသင်းမှ ငှားရမ်းထားသော ဘောလုံးကွင်းအား တိုင်းဒေသကြီးဘောလုံးကွင်း အဖြစ် ပြန်လည်လွှဲ ပြောင်းပေးပါရန်အဆိုအား ကျွန်တော်အနေဖြင့် လေးလေးနက်နက် ထောက်ခံ အပ်ပါကြောင်း တင်ပြဆွေး နွေးအပ်ပါတယ်ခင်ဗျာ။
အားလုံးကိုကျေးဇူးတင်ပါတယ်။

ဦးသောင်းမြင့်
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
မဲဆန္ဒနယ်အမှတ်(၁)၊ မြင်းမူမြို့