ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပထမနေ့)ကို (၃၀-၇-၂၀၁၈)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့

၁။       ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပထမနေ့)ကို စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၃၀)ရက် (တနင်္လာနေ့)၊ (၁၀၀၀)နာရီအချိန်တွင် စတင်ကျင်းပရာ   လွှတ်တော်ဥက္ကဋ္ဌ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ၊ ဦးသန်းမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့ တက်ရောက်ခွင့် ရှိသည့်  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၀၀) ဦးရှိသည့်အနက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၅)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်  (၂၅)ဦး စုစုပေါင်း (၉၆)ဦးတက်ရောက်ပါသည်။

၂။      လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်း ကြေညာ၍ အောက်ပါတို့ကို ဆောင်ရွက်ခဲ့သည်-

(က)     ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း

(၁)     ဦးသန်းညွန့်၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဟုမ္မလင်း
မြို့ပေါ်နေပြည်သူများ၏ ဂရန်မြေအမှန်တကယ်လိုအပ်နေခြင်း၊ ဂရန်တစ်ခု
ပြုလုပ်ရန်အတွက် အချက်အလက်များ၊ လိုအပ်ချက်များများပြားခြင်း၊
အချိန်ကုန်ခြင်း၊ ငွေကုန်ခြင်းများ ဖြေရှင်းနိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရ
အနေဖြင့် ပြည်သူလိုအပ်ချက်အပေါ် စီမံချက်ရေးဆွဲကာ ပြည်သူ့ဆန္ဒကို
ဖြည့်ဆည်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း” စပ်လျဉ်းသည့်
မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ
ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၂)     ဦးသောင်းမြင့်၊ မြင်းမူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မြင်းမူမြို့နယ်၊
ထီးဆောင်းကျေးရွာနှင့် ခွက်ခွင်းကျေးရွာရှိ နယ်မြေမီးသတ်စခန်း(၂)ခုအား
အဆောက်အဦးများနှင့် ဝန်ထမ်းအိမ်ရာများဆောက်လုပ်ပေးရန် အစီအစဉ်
ရှိ/မရှိ သိရှိလိုပါကြောင်း”  စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်
ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

  (၃)     ဦးကျော်မင်းထွန်း၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ခင်ဦးမြို့နယ်၊
စည်ပုတ္တရာကျေးရွာအုပ်စု၊ သရက်ကန်ကျေးရွာနှင့် ပင်တင်းကျေးရွာအုပ်စု၊
ပင်တင်းကျေးရွာတို့မှ တောင်သူလယ်သမားများ လယ်ယာမြေလုပ်ငန်း
တို့တွင် မဟာနန္ဒာတူးမြောင်းအား ခက်ခဲစွာကျော်ဖြတ်လုပ်ကိုင်နေရသဖြင့်
မိုင်တိုင်အမှတ်(၁၈ဝ/၁၈၁)ကြားရှိ တံတားအရှည်(၈ဝ)ပေ၊ အမြင့်(၁ဝ)ပေ၊
အကျယ်(၁၅)ပေရှိ  မူးကူးတံတား(၁)စင်း ဆောက်လုပ်ပေးရန် အစီအစဉ်
ရှိ/မရှိ သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေး
နှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၄)       ဒေါ်အမာကြည်၊ မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏” စစ်ကိုင်းတိုင်း
ဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် လွှတ်တော်ရုံးတို့၏ မြောက်ဘက်ကပ်လျက်တွင်
တည်ရှိသော အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေနေရာတွင် စစ်ကိုင်းတိုင်း
ဒေသကြီးတရားလွှတ်တော်ချုပ်ရုံးတည်ဆောက်ရန် လုံလောက်သောမြေနေရာ
အကျယ်အဝန်း လျာထားသတ်မှတ်ချထားပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါ
ကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

 (၅)     ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏  ”ဒီပဲယင်း
မြို့နယ်တွင် တပ်သိမ်းမြေနှင့်ပတ်သက်၍ တောင်သူများသည် မိမိလယ်ကို
လုပ်ကိုင်နေရပြီဖြစ်သော်လည်း တရားဝင်လာရောက်မစွန့်သေးသောကြောင့်
အခက်အခဲတွေ့နေရပါသဖြင့် သိမ်းဆည်းသောတပ်များကိုယ်တိုင် မြေသိမ်း
အက်ဥပဒေနှင့်အညီ သိမ်းဆည်းခဲ့ခြင်းရှိ/မရှိ၊ ၎င်းတပ်များတွင် မည်သည့်
တပ်များသည် စွန့်လွတ်ရန်ရည်ရွယ်၍ မြေစာရင်းတွင် ပုံစံ(၁-က)လုပ်ထားကြောင်း
တိုင်းဒေသကြီးအစိုးရအဖွဲ့မှဖြစ်စေ၊ သက်ဆိုင်ရာဝန်ကြီးမှဖြစ်စေ အမြန်ဆုံး
ချိတ်ဆက်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်း
သည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ
ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၆)     ဦးရိထင်၊ လေရှီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”လေရှီးမြို့နယ်၊ ဆွမ္မရာ
မြို့သို့  ဌာနဆိုင်ရာနိုင်ငံ့ဝန်ထမ်းများ လာရောက်တာဝန်ထမ်းဆောင်စဉ်
အဆင်ပြေနေထိုင်နိုင်ရန်နှင့်  ပြည်သူများ၏အခက်အခဲဖြေရှင်းနိုင်ရန်အတွက်
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဝန်ထမ်းအိမ်ရာ (၂)ခန်းတွဲ(၂)ထပ်
တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း” စပ်လျဉ်းသည့်
မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ
ရှင်းလင်းဖြေကြားခဲ့ပါသည်။

 (၇)     ဒေါ်အောင်မေရီ၊ ယင်းမာပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ယင်းမာပင်မြို့၊
မြို့ပတ်လမ်းသွယ်များ၊ ဝါးရုံရွာ၊ ပန်းမထုံးရွာ မီးလင်းနိုင်ရေး လိုအပ်သော
စက်ပစ္စည်းများ ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်း
သည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

 (၈)    ဒေါ်နီလာလွင်၊ မြင်းမူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏  ”ဂရုကျေးရွာ၊
သမန္တောကျေးရွာနှင့် ပဒတ္ထိုင်းကျေးရွာချင်းဆက်လမ်းပိုင်းအား ကတ္တရာလမ်း
သို့မဟုတ် ကျောက်ချောလမ်းအဖြစ် အနီးစပ်ဆုံးဘဏ္ဍာရန်ပုံငွေတွင်
ချထားဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်း
သည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၉)     ဒေါ်သန့်ဝေကျော်၊ ကလေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကလေးမြို့နယ်
အတွင်းရှိနိုင်ငံသူ/နိုင်ငံသားများ၏ အိမ်ထောင်စုဇယားနှင့် နိုင်ငံသားစိစစ်ရေး
ကဒ်ပြားများထုတ်ပေးရေးအား        စီမံချက်ချမှတ်ပြီး ဆောင်ရွက်ပေးရန်
အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်
သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၁၀)   ဦးအောင်ကျော်၊ ဘုတလင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ “ဘုတလင်မြို့နယ်၊
စီပါအုပ်စု၊ အ.လ.က(ခွဲ)ကျောင်းတွင် ကျောင်းဆောင်သစ်ချပေးပြီး လက်ရှိ
ကျောင်းဆောင်အတွက် မျက်နှာကျက်ဆောင်ရွက်ပေးရန်နှင့် ကျောင်းခြံစည်းရိုး
တို့ကို အနီးဆုံးဘတ်ဂျက်တွင် အမြန်ဆုံးချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိ
လိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ
ရှင်းလင်းဖြေကြားခဲ့ပါသည်။

(ခ)     ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်
(၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပထမနေ့)ကို ရပ်နားကြောင်းနှင့် (၁၅)ကြိမ်မြောက်
ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ၂၀၁၈ခုနှစ်၊ ဇူလိုင်လ(၃၁)ရက် (အင်္ဂါနေ့) နံနက်
(၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။

၂။      ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပထမနေ့)ကို (၁၁၁၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

02 03 04 05 06 07 08 09 10 11 12 13 14 15 DSCF9698 DSCF9700 DSCF9702 DSCF9705 DSCF9708 DSCF9710 DSCF9715 DSCF9717 DSCF9720 DSCF9723 DSCF9725 DSCF9729 DSCF9731 DSCF9734 DSCF9737 IMG_20180730_095839

 

 

Check Also

ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့) ဆက်လက်ကျင်းပ

၁။      ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယ နေ့ကို ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ(၁၆)ရက် (ဗုဒ္ဓဟူးနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၃)ဦး၊ …

Leave a Reply

Your email address will not be published. Required fields are marked *