ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒုတိယနေ့) ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၃၁)ရက် (အင်္ဂါနေ့)၊ (၁၀၀၀)နာရီအချိန်တွင် အစီအစဉ် (၆) ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများ ၊ စုစုပေါင်း(၉၄)ဦးတက်ရောက်ကြပြီး အခမ်းအနားမှူးအဖြစ် တိုင်းဒေသကြီးလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူး၊ ဒေါ်ယဉ်ယဉ်ရွှေ ကဆောင်ရွက်သည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဒေါ်ခင်မျိုးချစ်၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကန့်ဘလူ မြို့နယ်၊ မြေမွန်ကျေးရွာအုပ်စု၊ သီရိမွန်ကျေးရွာရှိ မဲဆန္ဒရှင်တောင်သူ
လယ်သမားများ၏ မိသားစုဘဝ မြင့်မားတိုးတက်လာစေရန်အတွက် တောင်သူ(၆၁)ဦး၏ လယ်မြေဧက(၂၅၀)အား လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ(၇) ချထား
ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း’ ‘စပ်လျဉ်းသည့်မေးခွန်းကိုစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်း ဖြေကြားခဲ့
ပါသည်။
(၂) ဦးရိထင်၊ လေရှီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”လေရှီးမြို့နယ်၊ ဆွမ္မရာမြို့ရှိ (ဂျားရိရှား)ရေမြောင်း(၁၀)မိုင်အား ပြုပြင်မွမ်းမံပေးပြီး ရေကောင်း
မွန်စွာ ရာသီမရွေးရရှိနိုင်မည်ဆိုပါက ဥယျာဉ်ခြံမြေ ဧက(၃ဝဝဝ)ကျော်၊ လှေကားထစ်စိုက်ပျိုးမြေဧက(၁ဝဝဝ)ကျော်အား ပြန်လည်ချဲ့ထွင်ပြီး အသုံးပြု
နိုင်မည်ဖြစ်ပါသဖြင့် မည်သည့်ဘဏ္ဍာနှစ် တွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊
မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ ပါသည်။
(၃) ဦးရွှေဌေး၊ ကနီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကနီမြို့နယ်ရှိ စကားများ ကျေးရွာအုပ်စုတွင် လယ်မြေများသဲဖုန်းလွှမ်း၍ ပျက်စီးမှုများ၊ ရေလမ်းလွှဲမှု
များကြောင့် ရေလမ်းကြောင်းများ ပြုပြင်ခြင်းမရှိပါက လယ်မြေများပျက်စီး ဆုံးရှုံးနိုင်သဖြင့် ၎င်းချောင်းများကို ပြန်လည်တူးဖော်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလို
ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဒေါ်နီလာလွင်၊ မြင်းမူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မြင်းမူမြို့နယ်၊ ဂွေးပင်တော၊ တွင်းကြီး၊ လက်ပန်၊ သစ်လိန်လမ်း(၁၁/၂)မိုင်အား နှစ်အလိုက် က
တ္တရာလမ်းအဖြစ် လျာထားဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါ ကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်
သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဦးကျော်ဌေးလွင်၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဟုမ္မလင်းမြို့နယ် ခိုပဲဝ၊ မန်ပင်၊ ရေလဲ၊ ညောင်ပင်သာကျေးရွာချင်းဆက်
လမ်း(၃)မိုင်အား ကွန်ကရစ်လမ်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါ ကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်
လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဒေါ်အောင်မေရီ၊ ယင်းမာပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ယင်းမာပင် မြို့နယ်၊ ကြက်ကျေးရွာ-သလောက်ကျေးရွာ-ကပိုင်ကျေးရွာသို့ ဆက်သွယ် ထား
သော ကိုယ်ထူကိုယ်ထ တစ်ကြောင်းထိုး ဖောက်လုပ်ထားသည့်လမ်း များသည် မိုးရာသီတွင် သွားလာရေးခက်ခဲသဖြင့် ကျေးရွာချင်းဆက်လမ်း ချထားပေး
ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်း
ဖြေကြားခဲ့ပါသည်။
(၇) ဒေါက်တာကျော်နိုင်ထွန်း၊ မြောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မြောင်မြို့ ပေါ်ရှိ မြို့ပေါ်(၄)ရပ်ကွက်အား ရေပေးဝေမှုအဆင်ပြေစေရန် ရေစင်တစ်ခု
နှင့် ဆက်စပ်ပစ္စည်းများ လိုအပ်နေသည့်အတွက် တိုင်းဒေသကြီးအစိုးရအနေဖြင့် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်
မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၈) ဦးမိုးကျော်သူ၊ ရွှေဘိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ရွှေဘိုမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ/ကျောင်းသားများ လုံခြုံ
အေးချမ်းစွာပညာသင်ကြားနိုင်ရေးနှင့် ကျောင်းသားဦးရေနှင့် အခန်းအရေ အတွက် အချိုးညီ မျှတစေရေး ကျောင်းဆောင်သစ်တိုးချဲ့ ဆောက်လုပ်ပေးရန်
အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေး ဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၉) ဒေါက်တာဆန်းဝင်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မင်းကင်း မြို့နယ်၊ အင်ကြင်းတောင်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း
အတွက် ကျောင်းဆောင်သစ်ဆောက်လုပ်ရေးရန်ပုံငွေ ချထားပေးရန် အစီ အစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး
ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၀) ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဒီပဲယင်းမြို့နယ်၊ မိချောင်းအိုင်အုပ်စု၊ ဖုတ္ထန်းတောကျေးရွာ စာသင်ကျောင်းနှင့်
ပတ်သက်၍ တိုးမြင့်မိုရ်ကုမ္ပဏီကို တရားစွဲဆိုနိုင်ရန် အမှုအတွက်လိုအပ်သော စာချုပ် မူရင်းရရှိရေးနှင့် အမှုအတွက် မည်သို့ဆက်လက်ဆောင်ရွက်ပေး
မည်ကို သိရှိ လိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ရပ်နား
ကြောင်းနှင့် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့)ကို ၂၀၁၈ခုနှစ်၊ သြဂုတ်လ(၁)ရက် (ဗုဒ္ဓဟူးနေ့) နံနက်(၁၀၀၀)နာရီအချိန်တွင်
ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို (၁၁:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

02 03 04 05 06 07 08 09 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27jpg 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 cover 1

 

Check Also

ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့) ဆက်လက်ကျင်းပ

၁။      ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယ နေ့ကို ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ(၁၆)ရက် (ဗုဒ္ဓဟူးနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၃)ဦး၊ …