ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ဆက်လက်ကျင်းပ

8 9 10 11 22 33 44 55 66 77 111 222 333 444 555 666 777 888 a1 a2

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ကို စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပ
၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)ကို စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၆)ရက် (တနင်္လာနေ့)၊ (၁၀၀၀)နာရီအချိန်တွင် အစီအစဉ်(၈)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှ ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲဝင် ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း(၉၃)ဦး တက်ရောက်ကြပြီးအခမ်းအနားမှူးအဖြစ်ညွှန်ကြားရေးမှူးဒေါ်ယဉ်ယဉ်ရွှေမှ ဆောင်ရွက်ခဲ့ပါသည်၊
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ် အမှ တ်(၁)၏ ”၀က်လက်မြို့နယ်တွင် လိုအပ်လျက်ရှိသော ပေါက်ကန် နယ်မြေ မီးသတ်စခန်းဖွင့်လှစ်နိုင်ရေးအတွက် မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းနှင့် ည်သည့်ကာလတွင် ပြီးမြောက်အောင်ေ ဆာင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဦးသိန်းလှိုင်ဝင်း၊ ခန္တီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ခန္တီးမြို့တွင် မူးယစ်ဆေးဝါးတားဆီးနိုင်ရေး အထူးတပ်ဖွဲ့ထားရှိပေးရန်နှင့် အရပ်ဖက် မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ စနစ်တကျပြန်လည်ဖွဲ့စည်းပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဦးသန်းညွန့်၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဟုမ္မလင်းမြို့နယ်ရှိ ခေါင်ခမ်းအင်းရေသောက်စနစ် တည်ဆောက်ခြင်းနှင့် ရေနှုတ်မြောင်း ပြုပြင်ရန် ဦးစားပေးအစီအစဉ်ဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဦးရွှေဌေး၊ ကနီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကနီမြို့နယ်၊ ယင်းကျေးရွာ၊ ကျာက်လှေကားကျေးရွာ၊ ကုန်းသာကျေးရွာဆုံချက် ဧက(၁၂၅၀)ကျော် ကျယ်ပြန့်သော စိုက်ပျိုးမြေများကိုကာကွယ်ရန် ချင်းတွင်းမြစ်ရိုးတစ်လျောက် ပေ(၇၀၀၀)ရှည်သော တာဘောင် တည်ဆောက်ခဲ့ရာ နှစ်ကာလကြာမြင့်ပြီဖြစ်သည့်အတွက် တာဘောင်မှာ ကျိုးပဲ့ပျက်စီးနေပါသဖြင့် လယ်မြေများ သဲဖုန်းခြင်းမှကာကွယ်ရန် ၎င်းတာဘောင်ကို အနီးစပ်ဆုံး ဘဏ္ဍာနှစ်တွင် ပြုပြင်ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၅) ဒေါ်နီလာလွင်၊ မြင်းမူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ‘ ‘မြင်းမူမြို့နယ်၊ဝမ်းပြည့်ကျေးရွာ၊ ကွင်းအမှတ်(၃၃၆) မုရင်းငယ်ကွင်း တာဘောင်ပေါ်ရှိ ရေထိန်းတံခါးအား အချိန်မီပြုပြင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏”ဒီပဲယင်းမြို့နယ်၊ သရက်တောအုပ်စု၊ သပြေသာကျေးရွာ ကွင်းအမှတ်(၂ဝ၁၃)၊ ဦးပိုင်အမှတ် (၁၅၂/၂)၊ ယာမြေဧရိယာ(ဝ.၃ဝ)ဧကအား သုဿန်မြေအဖြစ် သတ်မှတ်ခွင့် ပြုပေးရန်နှင့် ၎င်းအမှုတွဲမှာ အဘယ်ေ ကြာင့် ကြန့်ကြာနေရကြောင်း၊ မည်သည့် အဆင့်တွင် ရောက်ရှိနေသည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇) ဦးလှိုင်မြင့်၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မော်လိုက်မြို့နယ် အတွင်းရှိ မှော်ကူး(တောင်ရွာ)မှ မော်လိုက်၊ တွန်းပင်၊ သရက်ပင်လယ်ချောင် ဆက်သွယ်သော ကားလမ်းမကြီးဆီသို့ အရှည်(၁)မိုင်ကျော်ကွာဝေးသည့် ကျောက်ခင်းလမ်း(ကားလမ်း)အား အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ခွင့်ပြု ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၈) ဦးထွန်းထွန်းဝင်း၊ ကနီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”လူနေထူထပ်သည့် နေရာများတွင် ဆက်သွယ်ရေးကုမ္ပဏီများ စုပြုံကာ ဖုန်းတာဝါတိုင်များ စိုက်ထူနေပြီး ပြည်သူများအမှန်တကယ် လိုအပ်နေသည့်နေရာများအထိ ဖြည့်ဆည်းပေးရန် မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၉) ဒေါ်သင်းသင်းကြူ၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ခင်ဦး မြို့နယ်၏အနောက်ဘက်ရှိ ကျွန်းလည်ကျေးရွာနှင့် သိမ်တော်ကျေးရွာ ကြားတွင်တည်ရှိသော ဘောင်းတော်ကျ တံတား(၁၂၀’×၁၂’×၁၂’) ပျက်စီးယိုယွင်းနေမှုအား ခေတ်နှင့်လျော်ညီသော တံတားအသစ်တစ်စင်းတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၀) ဦးမိုးမင်းဝင်း၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့နှင့် နှော(၅)အုပ်စု ကျေးရွာများကိုဆက်သွယ်သော ဝက်ပုတ်- နတ်နှောလမ်းအား မြင့်မြတ်ကြည်ဖြူကုမ္ပဏီမှ တင်ဒါအောင်ခဲ့ပြီး Green Chindwin ကုမ္ပဏီထံသို့ ရောင်းချခဲ့ခြင်းသည် ဥပဒေနှင့်ညီညွတ်မှုရှိ/မရှိ၊ ဌာနလမ်းညွှန်မှုအတိုင်းမလုပ်သည်ကို အရေးယူခြင်းရှိ/မရှိနှင့်၊ လုပ်ငန်းလုပ်ကိုင်ရန် နှစ်ဘက်သဘောတူ စာချုပ်ပါအတိုင်း မဆောင်ရွက်ဘဲ နောက်ကုမ္ပဏီနှင့်ပေါင်းပြီးမှ လုပ်ကိုင်ခြင်းကို သက်ဆိုင်ရာဌာနမှ မည်သည့်အတွက်ကြောင့် စာချုပ်ဖောက်ဖျက်မှုနှင့် အရေးယူမှု မရှိသည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၁) ဦးကျော်ဆန်း၊ ချောင်းဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ချောင်းဦးမြို့နယ်၊ ဆူးလေကုန်းအုပ်စု၊ ကြောင်ဝပ်ကြီးကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းရှိ ပျက်စီးယိုယွင်းနေသောခေါင်၊ ယောက်၊ ဒိုင်း၊ မြှား၊ လေကာများ၊ ရေသရောက်နှင့် မျက်နှာကျက်များကို အနီးဆုံးဘတ်ဂျက်တွင် ထည့်သွင်း ပြင်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိစလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၂) ဒေါ်ခင်မျိုးချစ်၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကန့်ဘလူမြို့ အ.ထ.က(၁) မူလတန်းကျောင်းဆောင်အား ဥပဓိရုပ်ပျက်အန္တရာယ်ရှိ ကျောင်းဆောင်အဖြစ် ဖျက်သိမ်းပေးရန်နှင့် KG ကလေးငယ်များနှင့် မူလတန်းကျောင်းသား/သူ ကလေးငယ်များ လုံခြုံစိတ်ချစွာပညာသင်ကြားနိုင်ရေးအတွက် ဝန်ကြီးဌာန စံကိုက်ကျောင်းဆောင်သစ်တစ်ဆောင်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ”၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလမှ စက်တင်ဘာလ အထိ သက်တမ်းကာလအတွက် သားသတ်လုပ်ငန်းများအား ခေါင်းခွံ/ခုံခွဲစနစ်ဖြင့် လိုင်စင်ချထားနိုင်ရေး လိုင်စင်စည်းကမ်း(မူကြမ်း)”နှင့်စပ်လျဉ်း၍ လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။
(ဂ) ထို့နောက် လွှတ်တော်ဥက္ကဋ္ဌမှ ”၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလမှ စက်တင်ဘာလအထိ သက်တမ်းကာလအတွက် သားသတ်လုပ်ငန်းများအား ခေါင်းခွံ/ခုံခွဲစနစ်ဖြင့် လိုင်စင်ချထားနိုင်ရေး လိုင်စင်စည်းကမ်း(မူကြမ်း)”နှင့် စပ်လျဉ်း၍ ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်ရန်အချက်ရှိပါက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၇)ရက်၊ (အင်္ဂါနေ့) (၁၆:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက်အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီး လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာပါတယ်။
(ဃ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ကို ရပ်နားကြောင်းနှင့် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (သတ္တမနေ့)ကို ၂၀၁၈ခုနှစ်၊ သြဂုတ်လ(၇)ရက် (အင်္ဂါနေ့) နံနက်(၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။

၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ကို (၁၁၃၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

About sagainhluttawdb