ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန် အစည်းအဝေး(သတ္တမနေ့) ဆက်လက်ကျင်းပ

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန် အစည်းအဝေး(သတ္တမနေ့) ဆက်လက်ကျင်းပ
၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(သတ္တမနေ့)ကို စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမ၌ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၇)ရက် (အင်္ဂါနေ့့)၊ (၁၀၀၀)နာရီအချိန်တွင် အစီအစဉ်(၇)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှ ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲဝင် ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း(၉၁)ဦး တက်ရောက်ကြပြီးအခမ်းအနားမှူး အဖြစ်ညွှန်ကြားရေးမှူးဒေါ်ယဉ်ယဉ်ရွှေမှ ဆောင်ရွက်ခဲ့ပါသည်၊
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင်အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဖောင်းပြင်မြို့နယ်၊ ကရားကျေးရွာအုပ်စုတွင် တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက်နယ်မြေရဲကင်းစခန်း ဖွင့်လှစ်ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဦးသိန်းဟန်၊ ထီးချိုင့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ကသာခရိုင်၊ထီးချိုင့်မြို့နယ်၊ ကမ်းနီနယ်မြေရဲစခန်းအား FIR အမှုဖွင့် တိုင်ကြားနိုင်သော ရဲစခန်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဦးမောင်မောင်လတ်၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏” နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးလူငယ်သင်တန်းကျောင်း ဆောက်လုပ်ရန်မြေနေရာအား ဖောင်းပြင်မြို့တွင် (၅)ဧကမြေနေရာ အတည်ပြု သတ်မှတ်ပြီးဖြစ်သော်လည်း ယခုအချိန်ထိ ဖွင့်လှစ်နိုင်ခြင်းမရှိသေးသဖြင့် န.တ.လလူငယ်သင်တန်းကျောင်း ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါကမည်သည့်ဘဏ္ဍာနှစ်တွင် ဖွင့်လှစ်မည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဒေါ်ခင်နှင်းရီ၊ ယင်းမာပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ပြည်သူကို ဗဟိုပြုသော ပြည်သူအစိုးရလက်ထက်မှာ ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ပေးနိုင်ရန် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန် “ကူညီပါရစေ” ဆောင်ပုဒ်နှင့်အညီ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးနိုင်ရန် ယင်းမာပင်မြို့နယ်အတွက် လိိုုအပ်နေသော ရဲတပ်ဖွဲ့တိုးမြှင့်ခန့်ထားပေး ရန်နှင့် ပျက်စီးနေသော ဝန်ထမ်းအိမ်ရာများအတွက် အသစ်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဒီပဲယင်းမြို့နယ်တွင် Grade Wall ကုမ္ပဏီမှ တင်သွင်းရောင်းချသော ပုလဲသွယ် GW-1 စပါးမျိုးစေ့နှင့်ပတ်သက်ပြီး မျိုးသန့်စင်မှုအားနည်းသောကြောင့် တောင်သူများဆုံးရှုံးနစ်နာမှုအပေါ် တာဝန်ရှိကုမ္ပဏီဘက်မှ အကောင်းဆုံးဆောင်ရွက်ပေးရန်နှင့် ပျက်ကွက်ပါက ဥပဒေအရ မည်သို့ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဦးဝဏ္ဏ၊ အရာတော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ရေဦးတူးမြောင်းတွင် သဲနုန်းတူးခြင်း၊ ရေတံခါးတပ်ဆင်ခြင်းများနှင့် မလိုရေများနစ်မြုပ်မှုမှ ကာကွယ်ရန် အစီအမံများ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇) ဦးညီညီထွန်း၊ ကသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ” စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒေသခံတောင်သူများကြုံတွေ့ခံစားနေကြရသည့် ပုံစံ(၇) အမည်ပြောင်းကိစ္စများ ပို၍မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရှေးမူအတိုင်း လမ်းဟောင်းအတိုင်းလိုက်မနေဘဲ မလိုလားသည့်အချက်များအားပယ်ဖျက်ပြီး ဥပဒေလုပ်ထုံးလုပ်နည်းကိစ္စများအား ဖြေလျော့ကာ ယခုထက်ပို၍ လျင်မြန်စွာဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၈) ဒေါက်တာကျော်ဇေလင်း၊ ဘုတလင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဘုတလင်မြို့နယ်ရှိ အချို့လျှပ်စစ်ရုံများမှ voltage များသည် (၂၂၀)ကျော်လွန်ပြီး (၂၄၀-၅၀-၆၀)အထိရောက်နေတတ်သဖြင့် မီးအားတည်ငြိမ်စေရန် မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၉) ဒေါ်သန့်ဝေကျော်၊ ကလေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ” ကလေးမြို့နယ်အတွင်း မြစ်သာမြစ်ကူးတံတား(၁)စင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် မြစ်သာမြစ်နှင့်အပြိုင် မြစ်သာမြစ်အရှေ့ဘက်ကမ်း အရှေ့ထိပ်၊အနောက်ထိပ်ရှိ ကျေးရွာ(၁၉)ရွာအတွက် ကျေးရွာချင်းဆက်လမ်းမကြီး ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၀) ဒေါ်ဖြူဖြူဝင်း၊ ကောလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကောလင်း-ကျောက်ပြင်သာလမ်းပိုင်း လမ်းအရှည်(၉) မိုင်(၈)ဖာလုံသည် လမ်းများ ပျက်စီးခြင်း၊ တံတားများကြံ့ခိုင်မှုမရှိခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေပါသဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်ရန် သစ်သားတံတား(၂၈)စင်း၊Box Culvert (၃)စင်းအား အနီးဆုံးဘတ်ဂျက်တွင် ထည့်သွင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကိုလျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၁ ) ဒေါ်အောင်ကြည်၊ မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မုံရွာ-ရေဦး လမ်းပိုင်း မိုင်တိုင်(၈၄/ဝမှ၈၉/၁)ထိ မိုင်အရှည် (၅)မိုင်ကို နှစ်အလိုက် ဆောင်ရွက်၍ (၈၄/ဝ မှ၈၅/၁)ထိ ဗိုလ်ချုပ်ကြေးရုပ်မှ DENKO ဆီဆိုင်ထိ အရှည်(၁)မိုင်ကို ယခု ၂ဝ၁၈ခုနှစ်အတွင်း AC ကတ္တရာကွန်ကရစ်ခင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှု နှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၂ ) ဦးရွှေဌေး၊ ကနီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကနီမြို့နယ်အတွင်း နှစ်(၄၀)ကြာ နိုင်ငံတော်၏ ထောက်ပံ့မှုအလျဉ်းမရှိပါဘဲ ပညာသင်ကြားနေရသော သရက်ပင်ကျေးရွာ အစိုးရအထက်တန်းကျောင်းခွဲ စာသင်ဆောင်အား အထက်တန်းအဆင့်နှင့် လိုက်လျောညီထွေဖြစ်သော ကျောင်းဆောင်သစ်အဖြစ် မည်သည့်ဘဏ္ဍာနှစ်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၃) ဦးဗိုလ်သိန်း၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မော်လိုက်မြို့နယ်၊ကြာအင်းတိုက်နယ်ဆေးရုံတွင် လိုအပ်သော ဓာတ်မှန်စက်(၁)လုံးကို ဖြည့်စွက်ဘတ်ဂျက်တွင် ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) လွှတ်တော်ဥက္ကဋ္ဌမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတင်သွင်းခဲ့သည့် ”၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ တိုင်းဒေသကြီးအထွေထွေပိုလျှံရန်ပုံငွေမှ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းနှင့် ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေလွှဲပြောင်း သုံးစွဲခြင်း”နှင့်စပ်လျဉ်း၍ ဆွေးနွေးမည့်နေ့ရက် ရွှေ့ဆိုင်းကြောင်း ကြေညာပါသည်။
(ဂ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (သတ္တမနေ့)ကို ရပ်နားကြောင်းနှင့် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)ကို ၂၀၁၈ခုနှစ်၊ သြဂုတ်လ(၈)ရက် (ဗုဒ္ဓဟူးနေ့) နံနက် (၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (သတ္တမနေ့)ကို (၁၁:၄၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

About sagainhluttawdb