ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန် အစည်းအဝေး(အဋ္ဌမနေ့) ဆက်လက်ကျင်းပ

 23 4 5 6 7 8 9 10 12 13 14 15 16 17 18 19 19jpg 20                      21                   22

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)ကို စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၈)ရက် (ဗုဒ္ဓဟူးနေ့)၊ (၁၀၀၀)နာရီအချိန်တွင် အစီအစဉ်(၈)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှ ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲဝင် ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း(၈၇)ဦး တက်ရောက်ကြပြီးအခမ်းအနားမှူး အဖြစ်ညွှန် ကြားရေးမှူးဒေါ်ယဉ်ယဉ်ရွှေမှ ဆောင်ရွက်ခဲ့ပါသည်၊
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင်အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”စစ်ကိုင်းမြို့နယ်၊ ပဲကတိုးကျေးရွာ၊ စစ်ကိုင်းတက္ကသိုလ်ရှေ့ရှိ မိုးကျော်ကျော်လ္ဘက်ရည်ဆိုင်ရှေ့တွင် လမ်းဖြတ်ကူးစဉ် အနောက်ဘက်မှမောင်းလာသော Mark-II ကား(1/B.6549) ယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေး အတွက် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဦးသန်းလှိုင်၊ ပင်လည်ဘူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ပင်လည်ဘူး မြို့နယ်ရှိ ရွှေဟင်္သာ-မော်လင်းလမ်းပိုင်း(၃)မိုင်ကို တာဝန်ယူဆောင်ရွက်ခဲ့သည့်ကုမ္ပဏီမှ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ထားခြင်း မရှိသဖြင့် မည်သို့ပြန်လည်ပြုပြင်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းနှင့် ပျက်ကွက်ပါက နိုင်ငံတော်အစိုးရမှ မည်သို့ဆက်လက်လုပ်ဆောင်မည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဒေါ်အောင်မေရီ၊ ယင်းမာပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ယင်းမာပင်မြို့နယ်၏ သိမ်းဆည်းမြေနှင့်အခြားမြေများ ပြန်လည်စိစစ်ရေးကော်မတီ(အောက်ခြေ)မှ စစ်ဆေးပြီးအမှုများကို အမြန်စိစစ်ပြီး သက်ဆိုင်ရာဝန်ကြီး ဌာနသို့ မည်သည့်အချိန်၊ မည်သည့်ကာလတွင် ဆက်လက်တင်ပြပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဖောင်းပြင်မြို့၊ သငါရွာနှင့် မဟားကျေးရွာကြား ကွင်းအမှတ်(၂၃၇)မဟားကွင်းတွင် စိမ့်ရေ ရှိနေသဖြင့် ရေဝပ်စိမ့်ရေများအား ကန်တော်ချောင်းအတွင်းသို့ စီးဝင်စေနိုင်ရန်အတွက် ရေထုတ်မြောင်းပေ(၄ဝဝ)ခန့်နှင့် ရေထိန်းတံခါးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဦးစိုးဝင်းထွန်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏(ကက) ”မီးရထားသံလမ်းဘေးရှိ ယခင်အချိန်က ဆက်သွယ်ရေးအတွက် အသုံးပြုခဲ့သော ဆက်သွယ်ရေးတိုင်များနှင့် ကေဘယ်
ကြိုးများကို စနစ်တကျ ဖြုတ်သိမ်း၍သိမ်းဆည်းရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင်ဆောင်ရွက် မည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခခ) ဝက်လက်မြို့နေ ပြည်သူများ သွားလာရေးအဆင်ပြေနိုင်ရန် မြို့ပတ်လမ်းပေါ်တွင် မီးရထားလမ်းကူးဂိတ်တစ်ခု ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်
အချိန်တွင် ချထားမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဦးထွန်းထွန်းဝင်း၊ ကနီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ကနီမြို့နယ်၊ ယင်းသွင်ကျေးရွာသည် ဟတ်ထိချောင်းရေတိုက်စားမှုနှင့် ကင်းကျေးရွာ၊ ချင်းတွင်းမြစ်ရေတိုက်စားမှုတို့ကို မြေပြင်အခြေအနေ ကွင်းဆင်းစစ်ဆေးပြီး မည်သည့်ဘဏ္ဍာနှစ်တွင် ထည့်သွင်းဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” ပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇) ဦးဗိုလ်သိန်း၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မော်လိုက်မြို့နယ်၊ နန်းတိုင်းသာ-ကံထူး-နန်းစောက်စောက်ကျေးရွာ ကျေးရွာချင်းဆက်လမ်း B-Class လမ်း(၁)မိုင်(၄)ဖာလုံအား ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ဘတ်ဂျက်တွင် မြေသား(၂’)ထုတာဘောင်တင်ခြင်းနှင့် ဂျင်း(၈”)ထုခင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကိုလျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၈) ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဝက်လက်မြို့နယ်တွင် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းဖြင့်ချပေးသည့် စာသင်ကျောင်းဆောင် (၁၂)ဆောင်အနက် သော်တာမြင့်ကုမ္ပဏီနှင့် ရွှေတိုင်းပြည်ကျော်ကုမ္ပဏီတို့မှ ကျောင်း(၈)ကျောင်းဆောက်လုပ်ခဲ့ရာ အချိန်မီဆောင်ရွက်နိုင်မှုမရှိသောကြောင့် ကလေးများပညာသင်ကြားရာတွင် အခက်အခဲဖြစ်ပေါ်နေမှုအပေါ် နောင်အလားတူအဖြစ်မျိုး မဖြစ်ပေါ်စေရေး၊ ခွင့်ပြုထားသည့်ကုမ္ပဏီနှစ်ခုတွင် သော်တာမြင့်ကုမ္ပဏီကိုသာ အသားအစား (Steel Structure)ဖြင့် မည်သည့်အတွက်ကြောင့် ဆောင်ရွက်ခွင့်ပြုထားကြောင်းနှင့် ကုမ္ပဏီတစ်ခုလျှင် အဆောက်အဦ(၂)ခုထက် တင်ဒါပိုမို မဆွဲအောင် ဆောင်ရွက်ရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၉) ဒေါ်ခင်မျိုးချစ်၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကန့်ဘလူမြို့နယ်အတွင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနမှ အဆောက်အဦ ဦးစီးဌာနသို့ တင်ဒါအပ်နှံဆောက်လုပ်ခဲ့သောစာသင်ကျောင်းများတွင် အင်ခွဲသားများသုံးစွဲထားပြီး Gate မပြည့်မီသောသွပ်များ အသုံးပြုထားသည့် အောင်အားသစ်ကုမ္ပဏီနှင့် အောင်ထည်ဝါ ကုမ္ပဏီတို့အား သက်ဆိုင်ရာဝန်ကြီးဌာနမှ မည်သို့အရေးယူဆောင်ရွက်မည်ကို သိရှိလိုပါကြောင်းနှင့် စာချုပ်ပါစည်းကမ်းများအတိုင်း ပြန်လည်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) ဆက်လက်ပြီး ”စစ်ကိုင်းတိုင်းဒေသကြီး ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးနည်းဥပဒေ(မူကြမ်း)”နှင့်စပ်လျဉ်း၍ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေး ဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ဦးဝဏ္ဏ၊ အရာတော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြင်ဆင်၊ ဖြည့်စွက်လို သည့် အပိုဒ်၊ အပိုဒ်ခွဲများကို လွှတ်တော်သို့ အဆိုတင်သွင်းခဲ့ပါသည်။
(ဂ) လွှတ်တော်ဥက္ကဋ္ဌမှ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဆိုင်ရာကော်မတီမှ ပြင်ဆင်၊ ဖြည့်စွက်ရန်တင်ပြထားသည့် အပိုဒ်၊ အပိုဒ်ခွဲများနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၉)ရက်၊ (ကြာသပတေးနေ့) (၁၆:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာပါသည်။
(ဃ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ်စစ်ကိုင်းတို င်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)ကို ရပ်နားကြောင်းနှင့် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (နဝမနေ့)ကို ၂၀၁၈ခုနှစ်၊ သြဂုတ်လ(၉)ရက် (ကြာသပတေးနေ့) နံနက် (၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)ကို (၁၁:၃၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

About sagainhluttawdb