ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒသမ)မြောက်နေ့ ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒသမနေ့)ကို စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၀)ရက် (သောကြာနေ့)၊ (၁၀၀၀)နာရီအချိန်တွင်အစီအစဉ်(၆)ရပ်ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း(၈၂)ဦးတက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံး ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ရွှေမှ ဆောင်ရွက်ခဲ့သည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင်အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးကျော်မင်းထွန်း၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏”ခင်ဦးမြို့နယ်ရှိကျေးရွာပေါင်း(၁ဝ)ရွာ၏ ကျေးရွာလူထုတောင်သူများ သွားလာရေးအဆင်ပြေစေရန် ကိုယ်ထူကိုယ်ထဖြင့် ထန်းလုံးများခင်း၍ အသုံးပြုနေသော လက်ပံပင်ပုတံတားအား အခိုင်အမာတံတား(၁)စင်းအဖြစ် တည်ဆောက် ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးကိုယ်စား စည်ပင်သာယာရေး ဝန်ကြီးကိုယ်စား ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။(၂) ဦးသန်းလှိုင်၊ ပင်လည်ဘူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ပင်လည်ဘူး မြို့နယ်၊ ကသောအုပ်စု၊ အထက်အောင်းကုန်းကျေးရွာ၏ အရေးတကြီး လိုအပ်နေသော ကမ်းထိန်းနံရံနှင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းတိုင်းတာပြီးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကိုယ်စား စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ ပါသည်။
(၃) ဦးဇော်ထက်၊ ပုလဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ပုလဲမြို့နယ်၊ ကြက်ရင်း-ခေါင်းပွာ-လက်ပန်ရွာချင်းဆက်လမ်းပိုင်းသည် သတ်မှတ်ကာလအတွင်း ပျက်စီး သွားသဖြင့် ကုမ္ပဏီနှင့်ချိတ်ဆက်ပြီး ပြန်လည်ပြုပြင်ပေးရန်၊ စာချုပ်ပါ စည်းကမ်းချက်များကိုဖောက်ဖျက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုနည်းပါးသည့် “ရွှေမိုးဖြိုးသွန်း” ကုမ္ပဏီအား မည်ကဲ့သို့အရေးယူဆောင်ရွက်ပေးမည်ကို သိရှိ လိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးကိုယ်စား စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဦးကျော်ရွှေ၊ တန့်ဆည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”တန့်ဆည်မြို့အတွင်း ဖြတ်သန်းသွားသော အမှတ်(၄)ခရိုင်ချင်းဆက်လမ်းအား ဆက်လက်ဆောင် ရွက်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကိုယ်စား စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်(၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒသမနေ့)ကို ရပ်နားကြောင်းနှင့် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ၂၀၁၈ခုနှစ်၊ သြဂုတ်လ(၁၃)ရက် (တနင်္လာနေ့) နံနက်(၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒသမနေ့)ကို (၁၀:၃၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

1 2 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26

About sagainhluttawdb