ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန် အစည်းအဝေး(နဝမနေ့) ဆက်လက်ကျင်းပ

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန် အစည်းအဝေး(နဝမနေ့) ဆက်လက်ကျင်းပ

၁။ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(နဝမနေ့)ကို စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမ၌ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၉)ရက် (ကြာသပတေးနေ့)၊ (၁၀၀၀)နာရီအချိန်တွင် အစီအစဉ်(၁၄)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှ ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စား လှယ်များ စုစုပေါင်း(၉၁)ဦး တက်ရောက်ကြပြီးအခမ်းအနားမှူး အဖြစ် ညွှန်ကြားရေးမှူးဒေါ်ယဉ်ယဉ်ရွှေမှ ဆောင်ရွက်ခဲ့ပါသည်၊
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးလှဖြိုး၊ ကျွန်းလှမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”တရားရုံးမှ အမိန ချထားပြီးဖြစ်သော မော်တော်ဆိုင်ကယ်နှင့်မော်တော်ယာဉ်များကို အသုံးပြု၍ ရ/မရစစ်ဆေးခွဲခြားပြီး အသုံးပြု၍ရသော မော်တော်ယာဉ်များကို အလဟဿ ဆုံးရှုံးပျက်စီးခြင်းထက် နိုင်ငံတော်ဘဏ္ဍာအတွက် တဖက် တစ်လမ်းမှ အထောက်အပံ့ရနိုင်စေရန် မည်ကဲ့သို့ဆက်လက် ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စီမံကိန်းနှင့်ဘဏ္ဍာရေး ဦးစိုးဦးမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဒေါ်အေးမြတ်မွန်၊ မြောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏”သီးနှံစျေးကွက် ပီပြင်စွာ ထိန်းချုပ်နိုင်စေရန် ဆီထွက်သီးနှံများအပါအဝင် ပဲမျိုးစုံကို ဆန်စပါး မည်ကဲ့သို့အခြေခံကြမ်းခင်းစျေး သတ်မှတ်ပေးနိုင်ရေးကို ပြည်ထောင်စုအစိုးရနှင့်ချိတ်ဆက်၍ မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စီမံကိန်းနှင့်ဘဏ္ဍာရေး ဦးစိုးဦးမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဦးထွန်းထွန်းဝင်း၊ ကနီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”အလောင်းတော်ကဿပစံကျောင်းတော်ကိုဗဟိုပြုလျက် (၁)မိုင်ပတ်လည်ကို သာသနာ့နယ်မြေအဖြစ် ၂၀၁၉ ခုနှစ်၊ ဘုရားဖူးရာသီအမှီ သတ်မှတ်အတည်ပြုပေးနိုင်မည့် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဦးညီညီထွန်း၊ ကသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏” စာချုပ်ပါစည်းကမ်းများအားဖောက်ဖျက်သည့် ဟွန်ဒါမြန်မာကုမ္ပဏီအား ပြည်ထောင်စုအစိုးရအဖွဲ့နှင့်ချိတ်ဆက်ပြီး နှစ်(၃၀)အငှားစာချုပ်များအား ဖျက်သိမ်းပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဦးသိန်းဟန်၊ ထီးချိုင့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ထီးချိုင့်မြို့နယ်တောရကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့်လူနေအိမ်အချို့သည် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးတော့မည့်အခြေအနေသို့ ရောက်ရှိနေခြင်း၊ ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် တာယာကွင်းများအသုံးပြု၍ ကာကွယ်ခြင်းများဆောင်ရွက်နေရသဖြင့် ကမ်းထိန်းနံရံအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဦးဇော်ထက်၊ ပုလဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏” ပုလဲမြို့နယ်၊ မြကုန်း-သေတ္တရာ-ကြေးနင်းကြီး-နားတောလျှောက် ကျေးရွာချင်းဆက်လမ်းအား ရာသီမရွေးသွားလာနိုင်သည့်လမ်းဖြစ်စေရန် (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ(သို့မဟုတ်) တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျောက်ချောလမ်း (သို့မဟုတ်) ဂျင်းလမ်း အဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇) ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မန္တလေး-မြစ်ကြီးနား ၅၇/၅၈(မန္တလာ-အမြန်ရထား)သည် ဝက်လက်ဘူတာတွင် ရပ်နားပါက ပြည်သူများ ခရီးသွားလာရေးအတွက် ပိုမိုအဆင်ပြေပြီး ဒေသဖွံ့ဖြိုးရေးနှင့် မြန်မာ့မီးရထားအတွက်လည်း ဝင်ငွေပိုမိုရရှိမည်ဖြစ်သဖြင့် ရပ်နားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၈) ဒေါ်အောင်ကြည်၊ မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မုံရွာမြို့နယ်၊ထနောင်းတောတောင်ရွာအတွက် (160)KVA တစ်လုံး တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေမှ လျာထားဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၉) ဦးမြင့်ဦး၊ တန့်ဆည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏”တန့်ဆည်မြို့နယ်နှင့်ကျွန်းလှမြို့နယ် နှစ်မြို့နယ်၏အဓိကဆက်သွယ်သော လမ်းမကြီးဖြစ်သည့် တန့်ဆည်-ပုတီး-ညောင်ကိုင်းလမ်းအား ကတ္တရာလမ်းအဖြစ် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) အဆိုတင်သွင်းခြင်းကဏ္ဍတွင် ဦးထွန်းထွန်းဝင်း၊ ကနီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ”ကနီမြို့နယ်၊ ပေါက်အင်းတောင်ဒေသ တင်ဝင်းထွန်းကုမ္ပဏီနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ချုပ်ဆိုထားသော ကြက်ဆူစိုက်ခင်းဧက(၃၂၀၀)စိုက်ပျိုးခြင်းအတွက် အနှစ်(၃၀)မြေငှားရမ်းလုပ်ကိုင်ခွင့် စာချုပ်ပါစည်းကမ်းချက်များနှင့် မကိုက်ညီခြင်း၊ခေတ်စနစ်နှင့်လိုက်လျောညီထွေမှုမရှိခြင်းတို့ကြောင့် စာချုပ်ကိုဖျက်သိမ်း၍ သစ်တော ရေးရာဝန်ကြီးဌာနပိုင်မြေအဖြစ် ပြန်လည်သတ်မှတ်ရန်”အဆိုအား လွှတ်တော်သို့ တင်သွင်းခဲ့ရာ ဦးညီညီထွန်း၊ ကသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ထောက်ခံဆွေးနွေးခဲ့ပါသည်။
(ဂ) ဆုံးဖြတ်ခြင်းကဏ္ဍတွင် ဦးထွန်းထွန်းဝင်း၊ ကနီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှတင်သွင်းသည့် ”ကနီမြို့နယ်၊ ပေါက်အင်းတောင်ဒေသ တင်ဝင်းထွန်းကုမ္ပဏီနှင့် သစ်တောရေးရာဝန်ကြီးဌာန ချုပ်ဆိုထားသော ကြက်ဆူစိုက်ခင်းဧက(၃၂၀၀)စိုက်ပျိုးခြင်းအတွက် အနှစ်(၃၀)မြေငှားရမ်းလုပ်ကိုင်ခွင့် စာချုပ်ပါစည်းကမ်းချက် များနှင့်မကိုက်ညီခြင်း၊ ခေတ်စနစ်နှင့် လိုက်လျောညီထွေမှု မရှိခြင်းတို့ကြောင့် စာချုပ်ကိုဖျက်သိမ်း၍ သစ်တောရေးရာဝန်ကြီးဌာနပိုင်မြေအဖြစ် ပြန်လည်သတ်မှတ်ရန်” အဆိုနှင့်စပ်လျဉ်း၍ လက်ခံဆွေးနွေးရန်သင့်/မသင့် လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်ကိုယ်စားလှယ်အားလုံးက သဘောတူသည့်အတွက် လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာပါသည်။
(ဃ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌမှ အဆိုနှင့်စပ်လျဉ်းပြီး ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၀)ရက် (သောကြာနေ့) ညနေ(၁၆၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာပါသည်။
(င) စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စည်ပင်သာယာရေးဆိုင်ရာကော်မတီမှ တင်သွင်းခဲ့သော ”စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို ဥပဒေပြုရေးဆိုင်ရာကော်မတီအဖွဲ့ဝင်၊ ဒေါက်တာကျော်ဇေလင်း၊ ဘုတလင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တင်သွင်းခဲ့ပါသည်။
(စ) လွှတ်တော်ဥက္ကဋ္ဌမှ ”စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာ ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်းပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၀)ရက်၊ (သောကြာနေ့) ညနေ(၁၆:၀၀)နာရီအချိန် နောက်ဆုံးထား၍ မိမိတို့ ဆွေးနွေးလိုသည့် ပုဒ်မ၊ ပုဒ်မခွဲများနှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်း အကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာပါသည်။
(ဆ) တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတင်သွင်းသည့် ”၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန/ အဖွဲ့အစည်းများ၏ တိုင်းဒေသကြီးအထွေထွေပိုလျှံရန်ပုံငွေမှ ရန်ပုံငွေလွှဲပြောင်း သုံးစွဲခြင်းနှင့် ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း”တို့နှင့်စပ်လျဉ်း၍ အောက်ပါကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးခဲ့ကြပါသည်-

(က) အရအသုံးငွေစာရင်း၊ ဒေသန္တရစီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာကော်မတီ
(ခ) ဦးမြင့်ထွေး၊ ရေဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)
(ဂ) ဒေါက်တာသိန်းနိုင်၊ ဆားလင်းကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)
(ဇ) အတည်ပြုခြင်းကဏ္ဍတွင် လွှတ်တော်ဥက္ကဋ္ဌမှ ”၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလ အထိ စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ တိုင်းဒေသကြီးအထွေထွေပိုလျှံရန်ပုံငွေမှ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းနှင့် ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း”တို့နှင့်စပ်လျဉ်း၍ အရအသုံး ငွေစာရင်း၊ ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီနှင့် လွှတ်တော် ကိုယ်စားလှယ်(၂)ဦး၏ ဆွေးနွေးချက်အပေါ် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ လွှဲပြောင်း ဆောင်ရွက်မည့် လုပ်ငန်းများအနက် ခရိုင်ရုံး(၅)ရုံးနှင့် မြို့နယ်ရုံး(၅)ရုံးအတွက် Transformer တပ်ဆင်ခြင်းလုပ်ငန်းကို သဘောမတူသူ တွေ့ရှိရသည့်အတွက် တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၁ထ(၁)အရ ဆန္ဒမဲလက်မှတ် အသုံးပြု၍ လျှို့ဝှက်ဆန္ဒမဲပေးသည့်နည်းလမ်းဖြင့် ဆောင်ရွက်ခဲ့ရာ ထောက်ခံဆန္ဒမဲ (၂၅)မဲ၊ ကန့်ကွက်ဆန္ဒမဲ(၄၆)မဲ၊ ကြားနေ(၁၈)မဲ၊ ပယ်မဲ(၁)မဲဖြစ်သဖြင့် ကန့်ကွက်သူဦးရေက ပိုများသည့်အတွက် အဆိုပါလုပ်ငန်းများကို ချန်လှပ်ပြီး ”၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ တိုင်းဒေသကြီးအထွေထွေပိုလျှံရန်ပုံငွေမှ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းနှင့် ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း”ကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာပါသည်။
(စျ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်(၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (နဝမနေ့)ကို ရပ်နားကြောင်းနှင့် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒသမနေ့)ကို ၂၀၁၈ခုနှစ်၊ သြဂုတ်လ()ရက် (နေ့) နံနက်(၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (နဝမနေ့)ကို (၁၃:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

2 3 4 5 10 11 12 13 14 15 16 18 19 20 21 22 23 24 25 26 28 29 30 44 77 88

About sagainhluttawdb