ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်(၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ ဆက်လက်ကျင်းပ

၁။      ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၃)ရက် (တနင်္လာနေ့)၊ (၁၀၀၀)နာရီအချိန်တွင် အစီအစဉ်(၆)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း (၈၆)ဦးတက်ရောက်ခဲ့ပြီး အခမ်းအနားမှူးအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံး ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ရွှေမှ ဆောင်ရွက်ခဲ့ပါသသည်။

(က)    ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင်
အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-

(၁)     ဦးအောင်သန်းကျော်၊ ကလေးဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏
”ကလေးဝမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ၊ အမှတ်(၂)တည်ဆောက်ရေး မဏိပူ
ရေအားလျှပ်စစ်စီမံကိန်း ကလေးဝစခန်းနှင့် အနောက်ဘက်ကပ်လျက်တွင်
ရှိသော တောင်ကုန်းနေရာအားဖြိုချပြီး မြေနေရာအကွက်သစ်များ ဖော်ထုတ်

သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်

မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ
ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၂)     ဦးထွန်းထွန်းဝင်း၊ ကနီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”စစ်ကိုင်းတိုင်း
ဒေသကြီးအတွင်း ကျွဲ၊ နွားများဝယ်ယူခြင်းနှင့်ပတ်သက်၍ ဝယ်ယူခွင့်ရ
ကုမ္ပဏီများမှ နယ်ကျော်ရောင်းဝယ်ဖောက်ကားခြင်း၊ နာမည်စုံများအသုံး
ပြုကာ လိုင်စင်ထားရှိမှုများအပေါ် စိစစ်ဖော်ထုတ်အရေးယူပေးရန် အစီအစဉ်

ရှိ/မရှိ သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေး
နှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၃)     ဒေါ်ဖြူဖြူဝင်း၊ ကောလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကောလင်း
မြို့နယ်အတွင်း”ဝက်နားရွက်ပြာရောဂါ”ဖြစ်ပွားမှုကြောင့် ဝက်မွေးမြူရေး
တောင်သူများ စီးပွားရေးနစ်နာမှုမရှိစေရေး၊ မွေးမြူရေးကဏ္ဍ ထိခိုက်ဆုံးရှုံးမှု
မရှိစေရေးအတွက် တိုင်းဒေသကြီးအစိုးရအနေဖြင့် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်
ပေးမည်ကို သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊
မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့
ပါသည်။

                (၄)    ဦးဇော်လင်းဦး၊ ဝန်းသိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဝန်းသိုမြို့နယ်
အတွင်းဖြစ်ပွားခဲ့သော ဝက်နားရွက်ပြာရောဂါများ လျော့နည်းပပျောက်စေ
ရေးနှင့် ဝက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ ထပ်မံ၍ နစ်နာဆုံးရှုံးမှုများ
မဖြစ်ပေါ်စေရန် နောင်လာမည့် အနာဂါတ်အတွက် ကြိုတင်ပြင်ဆင်မှုများ
အနေဖြင့် လိုအပ်သော ကုသဆေး၊ ကာကွယ်ဆေးများ၊ ပိုးသတ်ဆေးများကို
မည်သို့စီမံ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်
မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ
ရှင်းလင်းဖြေကြားခဲ့ပါသည်။

                (၅)     ဦးဝင်းမြင့်၊ ချောင်းဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ချောင်းဦးမြို့နယ်၊
အမြင့်မြို့ဟောင်းရှိ ထန်းပင်များကိုခုတ်လှဲ၍ အုတ်ဖုတ်သည့် ထင်းအဖြစ်
အသုံးပြုခြင်း၊ နိုင်ငံခြားသို့ရောင်းချခြင်းများကြောင့် သဘာဝပတ်ဝန်းကျင်ကို
ထိန်းသိမ်းသောအားဖြင့် မြန်မာ့ထန်းပင်များ မျိုးမတုံးရအောင် တိုင်းဒေသကြီး
အစိုးရအနေဖြင့် မည်သို့မည်ပုံထိန်းသိမ်းသွားမည်ကို သိရှိလိုပါကြောင်း”
စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး
ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

                                                       

(၆)     ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”သိမ်းဆည်းခံ
မြေနှင့်ပတ်သက်၍ လယ်ယာမြေပြန်လည်စီစစ်ရေးကော်မတီ၏ သဘောထား
မှတ်ချက်နှင့်ဆန့်ကျင်ပြီး လယ်/စီမှအမှုတွဲများတည်ဆောက်ကာ သဘောထား
မှတ်ချက်များပေးခြင်းအပေါ် မည်သို့ထိန်းကျောင်းမည်ကို သိရှိလိုပါကြောင်း”
စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး
ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၇)     ဒေါ်ခင်မျိုးချစ်၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏

(ကက)          ”ကန့်ဘလူမြို့နယ်၊ မလယ်ကျေးရွာအုပ်စုပိုင် မြေနုကျွန်းအား
မူလကျွန်းတောင်သူများမှ ယခင်မြေစာရင်းမြေပုံအခွန်
ပြေစာများ ထမ်းဆောင်ထားရှိသည့်အတိုင်း မှန်ကန်စွာချထား
ပေးနိုင်ရေး မည်သို့ကူညီဆောင်ရွက် ဖြေရှင်းပေးမည်ကို သိရှိ
လိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေး
နှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့
ပါသည်။

(ခခ)             ”ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်းဘိနယ်၊ တရော်ကိုင်း
အပတောရှိ ပိတောက်စိုက်ခင်း(၂၀)ဧကတွင် ဝင်ရောက်ကျူးကျော်
စိုက်ပျိုးနေသော တောင်သူများအား မည်ကဲ့သို့ အရေးယူ
ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်းနှင့် မူလလုပ်ကိုင်
စိုက်ပျိုးခဲ့သောတောင်သူများအား ပြန်လည်စိုက်ပျိုး လုပ်ကိုင်ခွင့်
ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်
မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး
ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၈)     ဒေါ်စုမြတ်ထက်၊ စစ်ကိုင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”စစ်ကိုင်းမြို့၊
ရွှေမင်းဝံစျေးအဆင့်မြင့်စျေးဆိုင်ခန်းများအား မူလကရောင်းချရန် သတ်မှတ်
ထားသည့်နှုန်းထားများကို  (၁၆-၇-၂၀၁၈)ရက်နေ့တွင် ကြေညာချက်အမှတ်
(၄/၂၀၁၈)ဖြင့် ထုတ်ပြန်ကြေညာ၍  စျေးနှုန်းများပြင်ဆင်ခဲ့မှုအပေါ် မည်သည့်
အတွက်ကြောင့် ပြောင်းလဲပြင်ဆင်သည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်
မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့
ပါသည်။

(၉)     ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဝက်လက်မြို့၊
အခြေခံပညာအထက်တန်းကျောင်းသည် ကျောင်းသားအင်အားများသဖြင့်  

သောက်သုံးရေနှင့် သန့်စင်ခန်းမှာ လုံလောက်ခြင်းမရှိသည့်အတွက် လိုအပ်
သည့်ရေဖူလုံမှုရှိစေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရေတွင်း/ရေစင်ကို ကူညီ
ဆောင်ရွက်ပေးနိုင်ပါရန်နှင့် ကျောင်းသားများ သတ်မှတ်ချက်နှင့်အညီ
သင်ကြားနိုင်ရေးအတွက် လိုအပ်သော ဘောဂဗေဒနှင့် မြန်မာစာသင်ကြား
နိုင်သော  ဆရာ/မအခက်အခဲကို မည်သို့ကူညီဆောင်ရွက်ပေးမည်ကို သိရှိလို
ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ
ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၁၀)   ဒေါ်အောင်မေရီ၊ ယင်းမာပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ယင်းမာပင်
မြို့နယ်၊ ကြပ်အုပ်စု၊ သလောက်ကျေးရွာအား ကျေးလက်ကျန်းမာရေး
ဌာနခွဲအသစ် တိုးချဲ့ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”
စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်း
ဖြေကြားခဲ့ပါသည်။

(ခ)     တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်၊ စည်ပင်သာယာရေးဝန်ကြီး တင်သွင်းခဲ့သည့်
”၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလမှ စက်တင်ဘာလအထိ သက်တမ်း
ကာလအတွက်  သားသတ်လုပ်ငန်းများအား ခေါင်းခွံ/ခုံခွဲစနစ်ဖြင့် လိုင်စင်ချထား
နိုင်ရေး လိုင်စင်စည်းကမ်း(မူကြမ်း)”ပါ အပိုဒ်၊ အပိုဒ်ခွဲများအနက် ပယ်ဖျက်ရန်
သို့မဟုတ် ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲများနှင့်စပ်လျဉ်း၍  အောက်ပါလွှတ်တော်
ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြပါသည်-

(၁)     ဦးအောင်သန်းကျော်၊ ကလေးဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)

(၂)     ဦးမိုးမင်းဝင်း၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)

(၃)     ဦးဝင်းမြင့်၊ ချောင်းဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)

(၄)     ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)

(၅)     ဦးသန်းလှိုင်၊ ပင်လည်ဘူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)

(၆)     ဦးမိုးကျော်သူ၊ ရွှေဘိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)

(၇)     ဦးမြင့်နိုင်ဦး၊ တမူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)

        (ဂ)     ”၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလမှ စက်တင်ဘာလအထိ သက်တမ်း
ကာလအတွက်  သားသတ်လုပ်ငန်းများအား ခေါင်းခွံ/ခုံခွဲစနစ်ဖြင့် လိုင်စင်ချထား
နိုင်ရေး လိုင်စင်စည်းကမ်း(မူကြမ်း)”နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ တိုင်းဒေသကြီး
အဆင့်အဖွဲ့အစည်းဝင် ဝန်ကြီးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။                   

                                                        

(ဃ)    အတည်ပြုခြင်းကဏ္ဍတွင် လွှတ်တော်ဥက္ကဋ္ဌမှ ”၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်၊
အောက်တိုဘာလမှ စက်တင်ဘာလအထိ သက်တမ်းကာလအတွက်  သားသတ်
လုပ်ငန်းများအား ခေါင်းခွံ/ခုံခွဲစနစ်ဖြင့် လိုင်စင်ချထားနိုင်ရေး လိုင်စင်စည်းကမ်း
(မူကြမ်း)”နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အတည်ပြုချက် ရယူခဲ့ရာ ဆွေးနွေး
ခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်များမှ လက်ရှိတည်ဆဲနည်းဥပဒေနှင့်
မညီညွတ်သဖြင့် သဘောမတူကြောင်း တင်ပြမှုအပေါ် သက်ဆိုင်ရာဝန်ကြီးမှ
လွှတ်တော်၏အဆုံးအဖြတ်ကို ရယူလိုကြောင်း သဘောထားတင်ပြလာသဖြင့်
တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၁ထ(၁) အရ ဆန္ဒမဲလက်မှတ် အသုံး
ပြု၍ လျှို့ဝှက်စွာ ဆန္ဒမဲပေးသည့်နည်းလမ်းဖြင့် ဆောင်ရွက်ခဲ့ရာ သဘောတူ
ထောက်ခံသူ(၉)ဦး၊ သဘောမတူကန့်ကွက်သူ(၅၀)ဦး၊ ကြားနေ(၂၃)ဦး၊ ပယ်မဲ(၁)ဦး
ဖြစ်သဖြင့် ”၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလမှ စက်တင်ဘာလအထိ
သက်တမ်းကာလအတွက်  သားသတ်လုပ်ငန်းများအား ခေါင်းခွံ/ခုံခွဲစနစ်ဖြင့် လိုင်စင်
ချထားနိုင်ရေး လိုင်စင်စည်းကမ်း(မူကြမ်း)”အား အတည်မပြုကြောင်း ကြေညာ
ပါသည်။

(င)     ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်
(၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ရပ်နားကြောင်းနှင့်
(၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို ၂၀၁၈ခုနှစ်၊ သြဂုတ်လ
(၁၄)ရက် (အင်္ဂါနေ့) နံနက်(၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်
ဖြစ်ကြောင်း ကြေညာပါသည်။

၂။      ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို (၁၃:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

4 11 12 - Copy 12 13 14 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58

 

 

About sagainhluttawdb