ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်(၁၅)ကြိမ်မြောက်အစည်းအဝေး(၁၂)ရက်မြောက်နေ့ ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၄)ရက် (အင်္ဂါနေ့)၊ (၁၀၀၀)နာရီအချိန်တွင် အစီအစဉ်( ရ)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း(၈၃)ဦး တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံး ညွှန်ကြားရေးမှူး၊ ဒေါ်ယဉ်ယဉ်ရွှေမှ ဆောင်ရွက်ခဲ့ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁)ဦးမိုးမင်းဝင်း၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့အနေဖြင့် သတင်းထုတ်ပြန်ရေးအဖွဲ့(သို့မတ်)အစိုးရ
ကိုယ်စားပြု သတင်းထုတ်ပြန်ရေး တာဝန်ခံထားရှိပြီး တရားဝင် Facebook စာမျက်နှာနှင့် Website မှတစ်ဆင့် ထုတ်လွှင့်ဖြန့်ချီပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီးဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဒေါ်အောင်ကြည်၊ မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မအူကျေးရွာအုပ်စု၊ ကွင်းအမှတ်(၆၄၄)၊ မအူကွင်းမြေဧရိယာ(၂၇)ဧကရှိ လယ်ယာမြေများကိုတင်ဝင်းထွန်းကုမ္ပဏီမှ ဝယ်ယူခဲ့ခြင်းနှင့်ပတ်သက်၍ တိုင်းဒေသကြီး လယ်ပြန်စစ်ကော်မတီသို့ တင်ပြထားခြင်းအပေါ် မည်သို့ဆက်လက်ဆောင်ရွက် နေသည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ ပါသည်။
(၃) ဦးမြင့်ထွေး၊ ရေဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုအစိုးရရန်ပုံငွေနှင့် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေမှ ခွင့်ပြုခဲ့သော လုပ်ငန်းများတွင် ဌာနများမှတာဝန်ယူဆောင်ရွက် ရသော လုပ်ငန်းအရေအတွက်နှင့် တင်ဒါခေါ်ဆောင်ရွက်ခဲ့ရသော လုပ်ငန်း အရေအတွက်၊ လုပ်ငန်းအသုံးပြု သဲ၊ ကျောက်အမျိုးမျိုးအတွက် ကုဗပေ သို့မဟုတ် ကျင်းပေါင်းအရေအတွက်၊ သဲ၊ ကျောက် ကျင်းတစ်ကျင်း (၁၀ ပေပတ်လည် ၁ ပေအမြင့်)အတွက် သတ်မှတ်ထားသည့် ဓာတ်သတ္တု အခွန်၊ သဲ၊ ကျောက် ကျင်းများအတွက် ရရှိမည့်အခွန် စသည်တို့ကို သိရှိ လိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဦးဇော်ထက်၊ ပုလဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”တင်ဒါလုပ်ငန်းများ ခေါ်ယူယှဉ်ပြိုင်သည့်အခါတွင် တိုင်းအစိုးရမှ လျှို့ဝှက်သတ်မှတ်သော
ကြမ်းခင်းစျေးနှုန်းများကို မပေါက်ကြားအောင် မည်ကဲ့သို့အစီအစဉ်ဖြင့် ထိန်းသိမ်းကြပ်မတ်မည်ကို သိရှိလိုပါကြောင်းနှင့် တင်ဒါစျေးနှုန်းများ ပေါက်ကြားအောင် ဆောင်ရွက်နေသူများကိုလည်း မည်ကဲ့သို့ စစ်ဆေး အရေးယူမည်ကို သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှု နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ ပါသည်။
(၅) ဒေါ်သင်းသင်းကြူ၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ခင်ဦး မြို့နယ်၏အရှေ့ဘက်ခြမ်းရှိ ကျွန်းပင်ကန်ကျေးရွာအုပ်စု၊ ချေမြစ်ကျင်း(မ) ရွာတွင်တည်ဆောက်မည့် (၃၃/၁၁)ကေဗွီ(၅)အမ်ဗွီအေ ဓာတ်အားခွဲရုံနှင့် အနောက်ဘက်ခြမ်းရှိ အင်းပတ်ကျေးရွာအုပ်စု၊ မြင်းဒေါင်းကျေးရွာတွင် တည်ဆောက်မည့် (၃၃/၁၁)ကေဗွီ (၅)အမ်ဗွီအေဓာတ်အားခွဲရုံ(၂)ရုံ
တည်ဆောက်နိုင်ရန်အတွက် မြေနေရာရှိပြီးဖြစ်သဖြင့် ဓာတ်အားခွဲရုံ(၂)ရုံအား မည်သည့်ဘဏ္ဍာနှစ်တွင် စတင်တည်ဆောက်နိုင်မည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဦးဗိုလ်သိန်း၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မော်လိုက်မြို့နယ်၊ ညောင်ဝန်းကျေးရွာနှင့် လောင်းကောင်းကျေးရွာတို့တွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးများပြိုကျနေမှုကို ကာကွယ်နိုင်ရန်အတွက် ၂ဝ၁၈-၂ဝ၁၉ ဖြည့်စွက်ဘတ်ဂျက်တွင် ထည့်သွင်းလျာထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိ လိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇) ဒေါ်ဖြူဖြူဝင်း၊ ကောလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”တောင်ပေါ်-ကောလင်း-ဝင်းကြီးလမ်းပိုင်းသည် ကျဉ်းမြောင်းသော တံတား(၅)စင်းရှိသည့် အနက် ကောလင်းမြို့တွင်းရှိ ကျဉ်းမြောင်းပြီးကြံ့ခိုင်မှုအားနည်းသော တံတား (၂)စင်းတည်ဆောက်ပြုပြင်ရန်အတွက် အနီးဆုံးဘတ်ဂျက်ဖြစ်သော (၂၀၁၈-၁၉)ဘတ်ဂျက်တွင် ထည့်သွင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိ လိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၈) ဦးသန်းလှိုင်၊ ပင်လည်ဘူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ပင်လည်ဘူး-မိချောင်းအင်း ကျောက်ချောလမ်း(၅)မိုင်အား အမြန်ဆုံးပြန်လည်ပြုပြင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၉) ဒေါ်အမာကြည် မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မုံရွာမြို့၊ အလုံ ရပ်ကွက်တွင် တည်ဆောက်ရန်ကျန်ရှိသော မြေထိန်းနံရံများကို တည်ဆောက် ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၁၀) ဦးရိထင်၊ လေရှီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”လေရှီးမြို့နယ်၊ ဆွမ္မရာ မြို့ပေါ်တွင် တယ်လီဖုန်းတာဝါတိုင်တည်ဆောက်ပေးရန်နှင့် ဂြိုလ်တုဖုန်း ဆက်သွယ်ရေးတပ်ဆင်ပေးနိုင်ရန်အတွက် ပြည်ထောင်စုအစိုးရနှင့်ချိတ်ဆက်ပြီး အနီးစပ်ဆုံးဘဏ္ဍာနှစ်တွင် ဦးစားပေးဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) အတည်ပြုခြင်းကဏ္ဍတွင် လွှတ်တော်ဥက္ကဋ္ဌမှ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနှင့်ဥပဒေရေးရာကော်မတီအဖွဲ့ဝင် ဦးမြင့်ထွေး၏ နှုတ်ထွက်ခွင့်တင်ပြခြင်းနှင့် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင်အဖြစ် ကြည်း ၃၂၇၁၇ ဗိုလ်မှူးမောင်မောင်မြင့်အား အစားထိုး တာဝန်ပေးအပ်ခြင်းတို့ကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာ ပါသည်။
(ဂ) ဦးထွန်းထွန်းဝင်း၊ ကနီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တင်သွင်းခဲ့သော ”ကနီမြို့နယ်၊ ပေါက်အင်းတောင်ဒေသ တင်ဝင်းထွန်းကုမ္ပဏီနှင့် သစ်တောရေးရာဝန်ကြီးဌာနတို့ ချုပ်ဆိုထားသော ကြက်ဆူစိုက်ခင်းဧက(၃၂၀၀)စိုက်ပျိုးခြင်းအတွက် အနှစ်(၃၀) မြေငှားရမ်းလုပ်ကိုင်ခွင့် စာချုပ်ပါစည်းကမ်းချက်များနှင့်မကိုက်ညီခြင်း၊ ခေတ်စနစ် နှင့်လိုက်လျောညီထွေမှု မရှိခြင်းတို့ကြောင့် စာချုပ်ကိုဖျက်သိမ်း၍ သစ်တောရေးရာ ဝန်ကြီးဌာနပိုင်မြေအဖြစ် ပြန်လည်သတ်မှတ်ရန်”အဆိုနှင့်စပ်လျဉ်း၍ အောက်ပါ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြပါသည်-
(၁) ဒေါ်အောင်မေရီ၊ ယင်းမာပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)
(၂)ဒေါက်တာကျော်သူဟန်ထွန်း၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)
(၃) ဦးဇော်ထက်၊ ပုလဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)
(၄) ဦးကျော်ဆန်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)
(၅) ဦးသန်းဝင်း၊ အင်းတော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)
(၆) ဦးသိန်းလှိုင်ဝင်း၊ ခန္တီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)
(၇) ဦးသိန်းဟန်၊ ထီးချိုင့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)
(၈) ဒေါ်ခိုင်ခိုင်ဝင်း၊ ဝန်းသိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)
(ဃ) ဦးထွန်းထွန်းဝင်း၊ ကနီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တင်သွင်းခဲ့သော အဆိုနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
(င) အဆိုအတည်ပြုခြင်းကဏ္ဍတွင် လွှတ်တော်ဥက္ကဋ္ဌမှ ဦးထွန်းထွန်းဝင်း၊ ကနီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ကနီမြို့နယ်၊ ပေါက်အင်းတောင်ဒေသ တင်ဝင်းထွန်း ကုမ္ပဏီနှင့်သစ်တောရေးရာဝန်ကြီးဌာနတို့ ချုပ်ဆိုထားသော ကြက်ဆူစိုက်ခင်းဧက (၃၂၀၀)စိုက်ပျိုးခြင်းအတွက် အနှစ်(၃၀)မြေငှားရမ်းလုပ်ကိုင်ခွင့် စာချုပ်ပါစည်းကမ်းချက်များ နှင့်မကိုက်ညီခြင်း၊ ခေတ်စနစ်နှင့်လိုက်လျောညီထွေမှု မရှိခြင်းတို့ကြောင့် စာချုပ်ကို 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38ဖျက်သိမ်း၍ သစ်တောရေးရာဝန်ကြီးဌာနပိုင်မြေအဖြစ် ပြန်လည်သတ်မှတ်ရန်” အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အတည်ပြုချက် ရယူခဲ့ရာ လွှတ်တော်ကိုယ်စားလှယ် အားလုံးက သဘောတူသဖြင့် အဆိုကို အတည်ပြုကြောင်း ကြေညာပါသည်။
(စ) ဆက်လက်၍ ”စစ်ကိုင်းတိုင်းဒေသကြီး ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေး နည်းဥပဒေ(မူကြမ်း)”နှင့်စပ်လျဉ်း၍ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေး ဆိုင်ရာကော်မတီမှ ပြင်ဆင်၊ ဖြည့်စွက်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲများနှင့်စပ်လျဉ်း၍ အောက်ပါ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် သက်ဆိုင်ရာ ဝန်ကြီး၏ သဘောထားရ ယူခြင်း-
(၁)ဒေါက်တာကျော်သူဟန်ထွန်း၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)
(၂) ဦးလှိုင်မြင့်၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)
(ဆ) နည်းဥပဒေအတည်ပြုခြင်းကဏ္ဍတွင် ”စစ်ကိုင်းတိုင်းဒေသကြီး ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေး နည်းဥပဒေ(မူကြမ်း)”နှင့်စပ်လျဉ်း၍ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး နှင့်ဆောက်လုပ်ရေးဆိုင်ရာကော်မတီမှ ပြင်ဆင်၊ ဖြည့်စွက်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲများနှင့်စပ်လျဉ်း၍ ဆွေးနွေး သွားခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်(၂)ဦးအနက် ဦးလှိုင်မြင့်မှ ပြင်ဆင်ရန် တင်ပြခဲ့သည့် စကားရပ်များကို ကော်မတီမှ ပြင်ဆင်ပေးရန် သဘောတူသဖြင့်လွှတ်တော်၏ အတည်ပြုချက်ရယူခဲ့ရာ လွှတ်တော်မှ သဘောတူသဖြင့် ထပ်မံပြင်ဆင်ထားသော အပိုဒ်၊ အပိုဒ်ခွဲများပါဝင်သည့် နည်းဥပဒေ(မူကြမ်း)ကို လွှတ်တော်ကအတည်ပြုကြောင်းနှင့်လွှတ်တော် ဥက္ကဋ္ဌကဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို ရပ်နား ကြောင်းနှင့် (၁၅)ကြိမ် မြောက်ပုံမှန်အစည်းအဝေး အောင်မြင်စွာပြီးမြောက်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို (၁၃:၃၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

About sagainhluttawdb