ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပထမနေ့) ကျင်းပ

၁။ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၂၅)ရက် (အင်္ဂါနေ့)၊ (၁၀၀၀)နာရီ အချိန်တွင် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပထမနေ့)ကို စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊လွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း(၉၅)ဦးတက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးကျော်သူရမှ ဆောင်ရွက်ခဲ့ပါသည်-
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-

(၁) ဒေါက်တာကျော်သူဟန်ထွန်း၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်သူ့စကားဝိုင်းများကို အခါအားလျော်စွာ ကျင်းပပေးရန် အစီအစဉ်ရှိ/မရှိ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ကျင်းပနေသည့် ပြည်သူ့စကားဝိုင်းများသို့ မြို့နယ်အဆင့် ဦးစီးမှူးများ ကိုယ်တိုင် တက်ရောက်နိုင်ရန် ညွှန်ကြားပေးနိုင်ခြင်းရှိ/မရှိနှင့် ပြည်သူ့ စကားဝိုင်းများအတွက် ကုန်ကျစရိတ်များကို ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ညှိနှိုင်းလျာထား ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဦးလှိုင်မြင့်၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မော်လိုက်မြို့နယ်၊ ပန်းသာကျေးရွာအုပ်စုရှိ ပျက်စီးယိုယွင်းနေသော ပန်းသာအထက်တန်းကျောင်း အုတ်ညှပ်နှစ်ထပ်ကျောင်းဆောင် အဆောက်အဦးအား အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ပြင်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဦးလှဖြိုး၊ ကျွန်းလှမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ကျွန်းလှမြို့နယ်၊ သစ်ချို ကျေးရွာအုပ်စု၊ သာစည်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ(၁)ခု အမြန်ဆုံးချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဒေါက်တာကျော်ဇေလင်း၊ ဘုတလင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဘုတလင်မြို့နယ်၊ အုတ်အိုင်ရွာအနီး ရေဘုတလင်မြစ်ရေတင်မြောင်း လက်တံ(၁)ပေါ်ရှိ သစ်သားတံတားမှာ ကျဉ်းမြောင်းပြီး ယိုင်နဲ့နေသဖြင့် လူ၊ နွားလှည်းများအတွက် အန္တရာယ်ရှိနေသောကြောင့် ကွန်ကရစ်တံတားအဆင့် ပြောင်းလဲတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်း သည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဒေါ်သင်းသင်းကြူ၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ခင်ဦးမြို့နယ်၏ အရှေ့ဘက်ခြမ်းတွင်ရှိသော ကျီးကန်ရွာနှင့် ရေအေးကုန်းကျေးရွာတို့ရှိ လယ်မြေများ အဓိကအသုံးပြုရန်အတွက် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းတစ်ခု အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ဆောင်ရွက် ပေးမည်ဆိုပါက မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလို ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဦးမြင့်ဦး၊ တန့်ဆည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”တန့်ဆည်-တုတ္တလုပ်- ဗျက်ကြီးမြေသားလမ်း(၆/၀)မိုင်အား ရာသီမရွေးသွားလာနိုင်သောလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇) ဦးရွှေဌေး၊ ကနီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကနီ-ဒီပဲယင်း-ရေဦး (၃)မြို့နယ်ထိစပ်နေသော သခွတ္တနယ်ဘုရားကြီး၊ ဘုရားကြီးပြင်တော၊ တဘုန်း၊ ဝန်မနား၊ လိပ်သဲ၊ ကိုးပင်စည် စသောကျေးရွာများမှ ပြည်သူလူထု နေ့စဉ်အသုံးပြုနေသော ဝန်မနား-ကိုးပင်စည်လမ်းပိုင်းမှာ ပျက်စီးနေသဖြင့် လမ်းအဆင့်မြှင့်တင်ခြင်းကို မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၈) ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဒီပဲယင်းမြို့နယ်၊ ညောင်လှလမ်းပိုင်းတွင် APEX- NINE ကုမ္ပဏီမှ တာဝန်ယူလုပ်ဆောင် နေသောကျောက်ချောလမ်းမှာ ကျောက်သားများမြင်မကောင်းအောင် ပျက်စီး နေပါသဖြင့် ကုမ္ပဏီမှ မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်းနှင့် ကုမ္ပဏီအားပြုပြင်ပေးရန် ကျေးလက်ဦးစီးဌာနမှ အကြောင်းကြားထား သော်လည်း အလေးမထားသည့်ကိစ္စကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မည်သို့ ထိန်းကြောင်းပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၉) ဦးသိန်းလှိုင်ဝင်း၊ ခန္တီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ခန္တီးမြို့နယ်၊
ကောင်းဟိန်းကျေးရွာနှင့် အရှေ့ကောက်တောင်းကျေးရွာကြားရှိ ရွာချင်းဆက် လမ်း(၂)မိုင်နှင့် တည်ဆောက်ရန်ကျန်ရှိသည့်တံတား(၂)စင်းကို တည်ဆောက် ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၀) ဒေါ်အောင်မေရီ၊ ယင်းမာပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ယင်းမာပင် မြို့တွင် မြို့ဧရိယာချဲ့ထွင်၍ အကွက်ရိုက်ပြီးသော အိမ်ဝင်းများကို မြို့မြေ အဖြစ်သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးမှ ”၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ဥပဒေ(မူကြမ်း)”ကို လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။
(ဂ) လွှတ်တော်ဥက္ကဋ္ဌမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး တင်သွင်းသည့် ”၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ(မူကြမ်း)”နှင့်စပ်လျဉ်း၍ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၇)ရက်၊ (ကြာသပတေးနေ့)တွင် ဆွေးနွေးမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၂၆)ရက်၊ (ဗုဒ္ဓဟူးနေ့) (၁၅:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ် နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း    တင်သွင်းနိုင်ကြောင်း ကြေညာပါသည်။
(ဃ) တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးမှ ”စစ်ကိုင်းတိုင်း ဒေသကြီး၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ဥပဒေ(မူကြမ်း)”ကို လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။
(င) လွှတ်တော်ဥက္ကဋ္ဌမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး တင်သွင်းသည့် ”စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရ စီမံကိန်း ဥပဒေ            (မူကြမ်း)” နှင့်စပ်လျဉ်း၍ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၂၇)ရက်၊ (ကြာသပတေးနေ့)တွင် ဆွေးနွေးမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်
ကိုယ်စားလှယ်များ အနေနှင့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၂၆)ရက်၊ (ဗုဒ္ဓဟူးနေ့) (၁၅:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာပါသည်။
(စ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပထမနေ့)ကို ရပ်နားကြောင်းနှင့် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ(၂၆)ရက် (ဗုဒ္ဓဟူးနေ့) နံနက်(၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပထမနေ့)ကို (၁၁:၂၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

DSCF2758 DSCF2760 DSCF2762 DSCF2764 DSCF2765 DSCF2767 DSCF2769 DSCF2770 DSCF2772 DSCF2774 DSCF2777 DSCF2778 DSCF2779 DSCF2780 DSCF2782 DSCF2785 DSCF2789 DSCF2792 DSCF2793 DSCF2794 DSCF2795 DSCF2796 DSCF2802 DSCF2803 DSCF2806 DSCF2807 DSCF2808 DSCF2809 DSCF2810 DSCF2812 DSCF2813 DSCF2815 DSCF2817 DSCF2821 DSCF2823 DSCF2826 DSCF2829 DSCF2832 DSCF2833 DSCF2840 DSCF2842 DSCF2847 DSCF2851 DSCF2856 DSCF2860 DSCF2862 DSCF2867 DSCF2869 DSCF2873 DSCF2879 DSCF2880 DSCF2885 DSCF2886 DSCF2897 DSCF2898