ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော ် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒုတိယနေ့) ဆက်လက်ကျင်းပ

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော ် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒုတိယနေ့) ဆက်လက်ကျင်းပ
**********************************************************************************************************************************************
၁။ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၂၆)ရက် (ဗုဒ္ဓဟူးနေ့)၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်းဒေသကြီးလွွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း (၉၃)ဦးတက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံးဝန်းထမ်းအကြီးအမှူး၊ ဦးကျော်သူရမှ ဆောင်ရွက်ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးစိုးဝင်းထွန်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဝက်လက်မြို့မ ရဲစခန်းထောင့်လမ်းဆုံ၊ လျှပ်စစ်ရုံးကွေ့လမ်းဆုံ၊ ရွာသာကြီးကျေးရွာ (စစ်ကိုင်း-အုန်းတော-ရွှေဘို)လမ်းပိုင်းနှင့် (မုံရွာ-အရာတော်-ဝက်လက်)လမ်းပိုင်း လမ်းဆုံ၊ လှတောကျေးရွာ (စစ်ကိုင်း-အုန်းတော-ရွှေဘို) လမ်းပိုင်းလမ်းဆုံနှင့် (လှတော-ဝက်လက်)လမ်းပိုင်းလမ်းဆုံတို့တွင် ယာဉ်ထိန်းရဲ(သို့မဟုတ်) ယာဉ်ထိန်း တာဝန်ထမ်းဆောင်နိုင်သော ရဲတပ်ဖွဲ့ဝင်များ ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဒေါက်တာကျော်ဇေလင်း၊ ဘုတလင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ‘ဘုတလင်မြို့နယ်၊ ပေါက်ဆိန်ပေါက်ရွာအနောက်ဘက် ရေဘုတလင် မြစ်ရေတင်မြောင်းပင်မလက်တံပေါ်တွင် တံတားတည်ဆောက်ရန် လိုအပ်လျက် ရှိပါသဖြင့် ကွန်ကရစ်တံတား(၁)စင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဦးကျော်မင်းထွန်း၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ခင်ဦးမြို့နယ်၊ စည်ပုတ္တရာကျေးရွာအုပ်စု၊ ငှက်ပျောကျေးရွာနှင့် သရက်ကန်ကျေးရွာသို့ ဆက်သွယ်ထားသော ကျောက်လမ်းပျက်စီးနေသည့်အတွက် ကျောင်းသား လူငယ်များနှင့်ပြည်သူများ သွားလာရေးအဆင်ပြေချောမွေ့စေရန် ပြင်ဆင် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် ဆောင်ရွက်ပေးမည်ဆိုပါက ဖြည့်စွက် ဘတ်ဂျက် သို့မဟုတ် တင်ဒါပိုလျှံဘတ်ဂျက်တွင် ထည့်သွင်းလျာထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဒေါ်အမာကြည်၊ မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မုံရွာမြို့ပေါ်ရှိ ပြည်ထောင်စုလမ်း၊ ဗိုလ်ချုပ်လမ်း၊ ကမ်းနားလမ်းနေရာများတွင် အဓိက လိုအပ်နေသော လမ်းမီးတိုင်နှင့် မီးကြိုးများ သွယ်တန်းပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ ပါသည်။
(၅) ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဝက်လက် မြို့နယ်၊ ကမ်းဖြူကျေးရွာသည် လျှပ်စစ်မီးလင်းရန်အတွက် ကိုယ်ထူကိုယ်ထ ဆောင်ရွက်ထားပြီးဖြစ်သော်လည်း 165MVA(သို့) 200MVA ထရန်စဖော်မာ တစ်လုံး လိုအပ်နေပါသဖြင့် ၂၀၁၈-၂၀၁၉ ပိုလျှံဘတ်ဂျက်မှ ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၆) ဦးသန်းညွန့်၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဟုမ္မလင်းမြို့နယ်၊ မောင်းခမ်းကျေးရွာနှင့် မဟာဗျူဟာလမ်းသို့ ဆက်သွယ်သည့်လမ်းအရှည် (၅)မိုင်အား မြေသားတာဘောင်တင်ပြီး ကျောက်ရောမြေခင်းပေးရန် အစီ အစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှု နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ ပါသည်။
(၇) ဦးဝင်းမြင့်၊ ချောင်းဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်တိုင်းတွင် မြို့တွင်းရှိ ထောင့်မှန်ဆုံသောလမ်း များတွင် မျက်ကွယ်ဖြစ်နေသည့် နေရာများအား တိုင်းဒေသကြီးစည်ပင် သာယာရေးမှ ကြေးမုံခုံး စတီးဝိုင်းများ တပ်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် တပ်ဆင်ပေး မည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၈) ဗိုလ်ကြီးသက်ဇော်လင်း၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၏ ”အရာတော် မြို့နယ်၊ မင်းရွာစံပြကျေးရွာအထက်တန်းကျောင်းတွင် အမှန်တကယ်လိုအပ် နေသော(၁၅၀ပေ×၃ဝပေ)စာသင်ကျောင်းဆောင်(၁)ဆောင်နှင့် တက္ကသိုလ်ဝင် စာမေးပွဲ စာစစ်/စာဖြေဌာနခွဲ(၁)ခု ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလို ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီးကိုယ်စား စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၉) ဦးလှိုင်မြင့်၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မော်လိုက်မြို့နယ်၊ လောသာကျေးရွာအုပ်စုတွင် ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခုကို အနီးကပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင် ဖွင့်လှစ်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်း သည့်မေးခွန်းကို လူမှုရေးဝန်ကြီးကိုယ်စား စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ရပ်နားကြောင်းနှင့် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(တတိယနေ့)ကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ(၂၇)ရက်(ကြာသပတေးနေ့)နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို (၁၁:၁၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

DSCF2829 DSCF3057 DSCF3054 DSCF3051 DSCF3047 DSCF3036 DSCF3032 DSCF3028 DSCF3027 DSCF3025 DSCF3023 DSCF3017 DSCF3016 DSCF3014 DSCF3009 DSCF3007 DSCF3001 DSCF2997 DSCF2995 DSCF2994 DSCF2992 DSCF2987 DSCF2981 DSCF2972 DSCF2971 DSCF2969 DSCF2952 DSCF2946 DSCF2943 DSCF2940 DSCF2939 DSCF3098 DSCF3096 DSCF3093 DSCF3091 DSCF3087 DSCF3086 DSCF3083 DSCF3081 DSCF3072 DSCF3066 DSCF2936 DSCF2829 DSCF3036 DSCF3009 DSCF3007 DSCF3001 DSCF2997 DSCF2995 DSCF2992 DSCF2987 DSCF2981 DSCF2972 DSCF2971 DSCF2969 DSCF2952 DSCF2946 DSCF2943 DSCF2940 DSCF2939 DSCF2936