ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(စတုတ္ထနေ့) ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၂၈)ရက် (သောကြာနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ကျငး်ပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဦးသန်း၊ ဒုတိယဥက္ကဋ္ဌ၊ ဦးဘိုးသန်းညွန့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း (၉၀)ဦးတက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူး၊ ဦးကျော်သူရမှ ဆောင်ရွက်ပါသည်။

(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးရွှေဌေး၊ ကနီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကနီမြို့နယ်၊ စိမ်းပြာရေညှိ ထွက်ရာ ကနီတွင်းမ၊ သမိုင်းဝင်ရွှေမြင်းဖြူတောင်နှင့် မဲဒင်ကျေးရွာအုပ်စု၊ စားဖိုကြီးကျေးရွာရှိ ငရဲတွင်းရေတံခွန်ဆီသို့ ခရီးသွားလုပ်ငန်း ပေါ်ထွန်းရပ်တည်စေရန်အတွက် 1Town 1Project အကောင်အထည်ဖော်နိုင်ရေး အတွက် တိုင်းဒေသကြီးအစိုးရအနေဖြင့် ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဦးညီညီထွန်း၊ ကသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ကသာမြို့နယ် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ပုံစံ(၇)မူရင်းများအား သိမ်းယူထားသဖြင့်တောင်သူများ၏ မြေပြင်အမှန်စိုက်ဧကနှင့် စိုက်ပျိုးသီးနှံအမျိုးအစားပေါ် မူတည်၍ ယခင်နှစ်များကဲ့သို့ လယ်/စီအဆင့်ဆင့်၏ ထောက်ခံချက် ပါရှိပါက စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးခွင့်ပြုပေးရန် အစီအစဉ်ရှိ/မရှိ သိရှိ လိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဒေါက်တာကျော်နိုင်ထွန်း၊ မြောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မြောင်မြို့နယ်၊ ပရိမ္မကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းရှိ ပေ(၁၂ဝ×၂၆×၁၅)(တစ်ထပ်)(သလ္လာဆောင်) စာသင်ကျောင်းဆောင်မှာ ဥပဓိရုပ်ပျက်စီးနေပြီး အန္တရာယ်ကျောင်းဆောင်ပုံစံဖြစ်နေပါသဖြင့် တိုင်းဒေသကြီး အစိုးရအနေဖြင့် မည်ကဲ့သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီးကိုယ်စား စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး တင်သွင်းခဲ့သည့် ”၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ(မူကြမ်း)”နှင့်စပ်လျဉ်း၍ အောက်ပါ လွှတ်တော်ကိုယ်စားလှယ်နှင့် ကော်မတီမှ ဆွေးနွေးခဲ့ပါသည်-
(၁) ဒေါက်တာကျော်သူဟန်ထွန်း၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)
(၂) အရအသုံးငွေစာရင်း၊ ဒေသန္တရစီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာကော်မတီ
(ဂ) အတည်ပြုခြင်းကဏ္ဍတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး တင်သွင်းသည့် ”၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ(မူကြမ်း)”နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၁)ဦးနှင့် အရအသုံးငွေစာရင်း၊ ဒေသန္တရစီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာကော်မတီ၏ဆွေးနွေးချက်အပေါ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး
လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်ကိုယ်စားလှယ်အားလုံးက သဘော တူသည့်အတွက် အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာပါသည်။
(ဃ) တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး တင်သွင်းခဲ့သည့် ”စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ဥပဒေ (မူကြမ်း)”နှင့်စပ်လျဉ်း၍ အောက်ပါ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကော်မတီမှ ဆွေးနွေးခဲ့ပါသည်-
(၁) ဦးစိုးဝင်းထွန်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)
(၂) ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)
(၃) ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)
(၄) အရအသုံးငွေစာရင်း၊ ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီ
(င) အတည်ပြုခြင်းကဏ္ဍတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး တင်သွင်းခဲ့သည့် ”စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ဥပဒေ(မူကြမ်း)”နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၃)ဦးနှင့် အရအသုံးငွေစာရင်း၊ ဒေသန္တရစီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာကော်မတီ၏ ဆွေးနွေးချက်
အပေါ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်ကိုယ်စားလှယ်အားလုံးက သဘောတူသည့် အတွက် အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာပါသည်။
(စ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို ရပ်နားကြောင်းနှင့် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပဥ္စမနေ့)ကို ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ(၁)ရက် (တနင်္လာနေ့)
နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို (၁၁:၃၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

 

DSCF3664 DSCF3669 DSCF3670 DSCF3673 DSCF3676 DSCF3678 DSCF3682 DSCF3687 DSCF3692 DSCF3694