ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန် အစည်းအဝေး(ပဥ္စမနေ့) ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပဥ္စမနေ့)ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၁)ရက် (တနင်္လာနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျငး်ပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဦးသန်း၊ ဒုတိယဥက္ကဋ္ဌ၊ ဦးဘိုးသန်းညွှန့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း(၇၅)ဦး တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် လွွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူး၊ ဦးကျော်သူရမှ ဆောင်ရွက်ပါသည်-
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဒေါ်ဖြူဖြူဝင်း၊ ကောလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကောလင်း မြို့နယ်၊ ဥမှင်ကုန်းအုပ်စု၊ ဥမှင်ကုန်းကျေးရွာတွင် အမှန်တကယ်လိုအပ်နေသော ကျေးလက်ကျန်းမာရေးဆေးခန်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်း သည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဦးသိန်းဟန်၊ ထီးချိုင့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ထီးချိုင့်မြို့နယ်၊ ကမ်းနီတိုက်နယ်ဆေးရုံတွင် လစ်လပ်လျက်ရှိသော ဆရာဝန်ကြီးနှင့် လက်ထောက်ဆရာဝန်တို့အား အမြန်ပြန်လည်ဖြည့်တင်းပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဗိုလ်မှူးကျော်သက်နိုင်၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၏ ”မုံရွာမြို့နယ်၊ အလုံတပ်မြို့ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းဆောင် နှင့်ကျောင်းသားဦးရေ မမျှတဖြစ်နေသဖြင့် အမှန်တကယ်လိုအပ်နေသော (၉ဝ×၃ဝ)SteelStructure/RC (၁)ထပ်ကျောင်းဆောင်သစ်တစ်လုံးအား အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၄) ဦးစိမ်းမောင်၊ နန်းယွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”နန်းယွန်းမြို့နယ် အတွင်း နေထိုင်ကြသော ပြည်သူလူထုအတွက် ကျန်းမာရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ လိုအပ်သော ကြိုတင်ကာကွယ်ခြင်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် လစ်လပ် ကျန်းမာရေးဝန်ထမ်း အမြန်ဖြည့်တင်းပေးခြင်းနှင့် ဆေးဝါးလုံလောက်စွာ ခွဲဝေချထားပေးနိုင်ခြင်း အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေး ဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဒေါ်အောင်မေရီ၊ ယင်းမာပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ယင်းမာပင် မြို့နယ်၊ ဆင်စွယ်အလယ်ကျေးရွာတွင် 200 KVA ထရန်စဖော်မာတစ်လုံးနှင့် စက်ပစ္စည်းများ တင်ဒါပိုလျှံငွေမှ ချထားပေးနိုင်မှုရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မီးလင်းရေး အတွက် ဌာနနှင့်ကုမ္ပဏီတို့မှ မီးသွယ်တန်းခြင်း၊ မီးရိုက်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ပစ္စည်းတန်ဖိုးထက် လက်ခများကြီးမြင့်နေခြင်းကြောင့် ဝန်ကြီးဌာနအနေဖြင့် ဝန်ဆောင်မှု လုပ်အားခများနှင့်ပတ်သက်၍ မည်သို့ ထိန်းကြောင်းထားသည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၇) ဦးသန်းညွန့်၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဟုမ္မလင်းမြို့နယ်၊ ကက်သာကျေးရွာအတွင်းခင်းထားသည့် ကတ္တရာလမ်း(၂)မိုင်ခန့်မှာ ပျက်စီး နေပြီး ယဉ်ကြီးငယ်များသွားလာမှုများသောလမ်းဖြစ်နေသဖြင့် ကွန်ကရစ်လမ်း အဖြစ် ပြန်လည်ခင်းကျင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၈) ဗိုလ်မှူးနိုင်ဝင်း၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၏ ”ကသာ မြို့နယ်ရှိ ကသာ-ဗန်းမော်ကားလမ်းမှ မှတ်တိုင်၊ ခိုတောင်ကြီး၊ ရှောင်ပါး ကျေးရွာများသို့ ကိုယ်အားကိုယ့်ကိုးဖြင့် ဖောက်လုပ်ထားသော အလျား (၇)မိုင်၊ အကျယ်(၂၀)ပေရှိမြေသားလမ်းအား ပေ(၃ဝ)အဆင့်မြင့် မြေသား လမ်းမကြီးအဖြစ် ၂ဝ၁၈-၂ဝ၁၉ ဖြည့်စွက်ဘတ်ဂျက်တွင် ဦးစားပေးလျာထား ထည့်သွင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်း သည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၉) ဦးကျော်မင်းထွန်း၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ခင်ဦးမြို့နယ်၊ ခင်ဦး-သင်ပေါင်းကားလမ်းမှ ခြေမြစ်ကျဉ်းကျေးရွာအုပ်စု၊ ကျွန်းပင်ကန် ကျေးရွာ ဘုန်းတော်ကြီးကျောင်းလမ်းအထိ အရှည်ပေ(၃၆၀၀)အား အမာခံမြေသားလမ်းအဖြစ် ဖြည့်စွက်ဘတ်ဂျက် သို့မဟုတ် တင်ဒါပိုလျှံဘတ်ဂျက်တွင် ထည့်သွင်းလျာထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်း သည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၁၀) ဒေါ်သင်းသင်းကြူ၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ခင်ဦးမြို့နယ်တမာကျေးရွာ၏ အနောက်ဘက် ကျေးလက်ကျန်းမာရေးဌာနအနီးရှိ ရေဆိုးချောင်းအား ကျောက်ရေကျော်တံတားတစ်ခု တည်ဆောက်ပေးရန် အစီ အစဉ်ရှိ/မရှိနှင့် ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်ဘဏ္ဍာနှစ်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၁၁) ဦးမြင့်ဦး၊ တန့်ဆည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”တန့်ဆည်မြို့နယ်ရှိ မီးရရှိပြီးသော အင်ကုက္ကားနှင့်ဖလံချိုင်ကျေးရွာအကြားတည်ရှိနေသာ ချောင်းဆုံ (တ)ရွာအား မီးရရှိနိုင်ရေး နိုင်ငံတော်အနေဖြင့်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက် ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှု နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ ပါသည်။
(ခ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပဥ္စမနေ့)ကို ရပ်နားကြောင်းနှင့် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)ကို ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ(၂)ရက် (အင်္ဂါနေ့) နံနက် (၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပဥ္စမနေ့)ကို (၁၁:၁၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

DSCF3837 DSCF3845 DSCF3850 DSCF3853 DSCF3864 DSCF3867 DSCF3873 DSCF3888 DSCF3891 DSCF3898 IMG_20181001_110914 IMG_20181001_111252