ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်(၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(နဝမနေ့) ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (နဝမနေ့)ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၅)ရက် (သောကြာနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဦးသန်း၊ ဒုတိယဥက္ကဋ္ဌ၊ ဦးဘိုးသန်းညွန့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း(၈၉)ဦးတက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူး၊ ဦးကျော်သူရ၊ ဒုတိယညွန်ကြားရေးမှူးချုပ် မှဆောင်ရွက်ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဒေါ်သန့်ဝေကျော်၊ ကလေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကလေးမြို့နှင့် ဆက်စပ်နေသည့် တောင်(ဦး/အူ)ကျေးရွာနှင့် ပြင်သာရွာတို့ နှစ်ရွာပေါင်းပြီး အမည်သစ်ဖြင့် မြို့ပေါ်ရပ်ကွက်အဖြစ် သတ်မှတ်ပေးနိုင်ရေး တင်ပြထားမှု အခြေအနေနှင့် ပြင်သာကျေးရွာ၊ တောင်ဦးကျေးရွာများ၌ မြစ်သာမြစ် တိုက်စားမှုကြောင့် အန္တရာယ်ရှိနေသော နေအိမ်များအား ဘေးအန္တရာယ် ကင်းလွတ်ရာသို့ စနစ်တကျ ရွှေ့ပြောင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလို ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဒေါက်တာကျော်ဇေလင်း၊ ဘုတလင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏”တောင်သူများ၊ စိုက်ပျိုးစရိတ်ချေးငွေရယူရာတွင် စိုက်ဘဏ်မှပုံစံ(၇)များကို အာမခံအဖြစ် ထိန်းသိမ်းထားသည့်အတွက် လယ်ယာသုံးစက်ပစ္စည်းများ အရစ်ကျဝယ်ယူရာတွင် အခက်အခဲများရှိနေသဖြင့် စိုက်ဘဏ်မှ ထုတ်ပေး နေသည့် ချေးငွေစနစ်ကို ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဦးသန်းဝင်း၊ အင်းတော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”အင်းတော်မြို့နယ်၊ မံဟဲအုပ်စု၊ ပေကုန်းရွာနှင့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တို့ကို ပိုင်းခြား ထားသည့် လေးတန်ချောင်း ကမ်းပြိုနေမှုမှာ စိုးရိမ်ဖွယ်ရာဖြစ်နေ၍ ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများ တည်ဆောက်နိုင်ရန်အတွက် လိုအပ်မည့်ခန့်မှန်း ကုန်ကျငွေ ကျပ်သန်း(၁၅၀) အား ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်တွင် သဘာဝ ဘေးအန္တရာယ်အရ လျာထားပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်း သည့်မေးခွန်ကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဒေါ်ခင်နှင်းရီ၊ ယင်းမာပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ယင်းမာပင် မြို့နယ်၊ ဘန့်ဘွေးအုပ်စု၊ စည်လှောင်ရွာ၊ အောင်ချမ်းသာရွာနှင့် အောင်ချမ်းအေးရွာများတွင် လျှပ်စစ်မီးရရှိနိုင်ရန်အတွက် အနီးစပ်ဆုံး ဖြည့်စွက်ဘတ်ဂျက် သို့မဟုတ် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်း လျာထားပေးရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကိုလျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၅) ဦးသောင်းမြင့်၊ မြင်းမူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”စစ်ကိုင်း-မုံရွာ ကတ္တရာလမ်းမိုင်တိုင်အမှတ်(၄၃/၁)မှ မန်ကျည်ကိုးပင်ကျေးရွာအထိ အရှည် (၁၃)မိုင်(၂)ဖာလုံတွင် ကျန်ရှိနေသည့် ဂုံညင်းဆိပ်ရွာ-အင်းမရွာ-မူးမန္တလေး-မန်ကျဉ်းကိုးပင်ထိ မြေသားလမ်း(၇)မိုင်အား ကျောက်ချောလမ်းခင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြား ခဲ့ပါသည်။
(၆) ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”အစိုးရအဖွဲ့ အနေဖြင့် ဥပဒေပညာရှင်များ၏ အကြံဉာဏ်နှင့်နည်းလမ်းကောင်းများကို ရယူ၍ တင်ဒါအောင်ကုမ္ပဏီများမှ လုပ်ငန်းများဆောင်ရွက်ရာတွင် ဂရုတစိုက် အလေးထားဆောင်ရွက်ပေးရေး မည်ကဲ့သို့ဆောင်ရွက်ပေးသွားမည်၊ အစိုးရ နှင့်တင်ဒါအောင်ကုမ္ပဏီတို့ချုပ်ဆိုသော သဘောတူ စာချုပ်များကိုလည်း သက်ဆိုင်ရာမြို့နယ်များ(သို့) ကိုယ်စားလှယ်များထံသို့ မိတ္တူပေးပို့ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှု နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြား ခဲ့ပါသည်။
(၇) ဦးရိထင်၊ လေရှီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ စီမံခန့်ခွဲခွင့်ရှိသည့် လေရှီး-ပန်ဆပ်-ဆွမ္မရာ ကျောက်ချောလမ်း (၃၉/၆)မိုင်အား သင့်လျော်သည့် Pipe Culvert, Box Culvert ကွန်ကရစ်သို့မဟုတ် ကတ္တရာလမ်းခင်းပေးနိုင်ရန်အတွက် အနီးဆုံးဘဏ္ဍာရေးနှစ်တွင် မည်သို့လျာထားပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၈) ဦးညီညီထွန်း၊ ကသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း တရားမဝင်ဆီ(တရုတ်ဆီ/စားအုန်းဆီ)များ ဖြန့်ဖြူး ရောင်းချနေမှုများကို စီမံချက်များချမှတ်ပြီး အရေးယူစိစစ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကိုလူမှုရေးဝန်ကြီးဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၉) ဗိုလ်ကြီးကျော်ဝင်းလှိုင်၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၏ ”ရွှေဘို မြို့နယ်၊ မြောင်းကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းဆောင်အား ပညာရေးဝန်ကြီးဌာနမှသတ်မှတ်ထားသည့် စံချိန်/စံညွန်းနှင့်ကိုက်ညီသည့် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလို ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး၊ ဒေါက်တာဇော ်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) အတည်ပြုခြင်းကဏ္ဍတွင် ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တရား ဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီတွင် ကြည်း ၄၂၆၄၀ ဗိုလ်ကြီးအောင်ထွန်းအား အဖွဲ့ဝင်အဖြစ် ထပ်မံတိုးမြှင့် ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်၏ သဘောထားရယူကာ အတည်ပြုကြောင်း ကြေညာပါသည်။
(ဂ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်”ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဆိုင်ရာကော်မတီ၏ တစ်နှစ်တာ အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်မှု ဒုတိယအကြိမ် အစီရင်ခံစာ”နှင့် စပ်လျဉ်း၍ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ဒေါက်တာကျော်သူဟန်ထွန်းမှဆွေးနွေးခဲ့ရာ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ဦးဝဏ္ဏမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း ကြေညာပါသည်။
(ဃ) ဆက်လက်ပြီး ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ”စက်မှုလက်မှု၊ စွမ်းအင်နှင့်လျှပ်စစ်ဆိုင်ရာကော်မတီမှ ဘုတလင်၊ ဝက်လက်၊ ခင်ဦး၊ ကန့်ဘလူမြို့နယ်များသို့ ကျေးရွာမီးလင်းရေးကိစ္စများနှင့်ပတ်သက်၍ နယ်မြေကွင်းဆင်း စစ်ဆေးချက် အစီရင်ခံစာ”အား စက်မှုလက်မှု စွမ်းအင်နှင့်လျှပ်စစ်ဆိုင်ရာကော်မတီ အဖွဲ့ဝင်၊ ခန္တီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ဦးသိန်းလှိုင်ဝင်းမှ လွှတ်တော်သို့ တင်ပြခဲ့ရာ လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်း တင်ကြောင်း ကြေညာပါသည်။
(င) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်(၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (နဝမနေ့)ကိုရပ်နားကြောင်းနှင့် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒသမနေ့)ကို ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ(၈)ရက် (တနင်္လာနေ့)
နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (နဝမနေ့)ကို(၁၁:၅၅)နာရီအချိန်တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

01 LRM_20181005_100226 LRM_20181005_100724 LRM_20181005_101137 LRM_20181005_102011 LRM_20181005_102223