ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(စတုတ္ထနေ့) ဆက်လက်ကျင်းပ

၁။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက် (ကြာသပတေးနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကို စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၅)ဦး၊တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၂၅)ဦး စုစုပေါင်း(၁၀၀)ဦးအနက် (၉၀)ဦးတက်ရောက်ခဲ့ပြီး လွှတ်တော်လေ့လာရေးလာရောက်သူ စုစုပေါင်း(၆၅)ဦးခန့် လာရောက်လေ့လာခဲ့ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဒေါ်ဖြူဖြူဝင်း၊ ကောလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ “မြေဂရန်အသစ် ပြုလုပ်ခြင်းနှင့် အိမ်ဂရန်သက်တမ်းတိုးပြုလုပ်ရာတွင် နိုင်ငံတော်သို့ ပေးသွင်းရန် သတ်မှတ်ထားသော အခွန်နှုန်းထားများကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဦးစိမ်းမောင်၊ နန်းယွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”နန်းယွန်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ကိုယ့်အားကိုယ်ကိုးဖြင့် ဖောက်လုပ်ထားသော ကဲဆန်နုတ်ညို-ဟရှိတ်နုတ်ညို-ဝပ်ကလာငွေမှ ကြူယန်းနုတ်ညို ကျေးရွာ အထိ (၃)ပေအကျယ်ရှိ ခန့်မှန်း(၃၇)မိုင်လမ်းပိုင်းအား မြေသားလမ်း ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဦးအောင်သန်းကျော်၊ ကလေးဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကလေးဝမြို့နယ်အတွင်း သလ္လာရတနာကုမ္ပဏီမှ မစိန်-နန်းကလက်လမ်းပိုင်း(၅)မိုင်ကို ကျောက်ချောလမ်းခင်းရန်ဖြစ်သော်လည်း (၂)မိုင်(၃)ဖာလုံသာ ကျောက်ချောလမ်း ခင်းထားပါသဖြင့် ကျန်ရှိသောလုပ်ငန်းများကို မည်သည့်အချိန်ကာလတွင် ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြား ခဲ့ပါသည်။
(၄) ဦးကျော်ဆန်း၊ ချောင်းဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏”မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်အတွင်းရှိ မြို့ပြနှင့်ကျေးရွာများ၊ လယ်ယာမြေများ ရေလွှမ်းမိုးမှုမှကာကွယ်ရန်အတွက် ချင်းတွင်းတာတမံအမှတ် ပေတိုင် (၄၄၇၂ဝ)ရှိ ရွှေဒါးကျရေသွင်းမြောင်းအား ပြန်လည်တူးဖော်ပေးရန် အစီ အစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့််မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဦးကျော်မင်းထွန်း၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ “ခင်ဦးမြို့နယ်၊ ထနောင်းကိုင်းကြီးကျေးရွာအုပ်စုရှိ ရွှေမင်းဝံစိုက်ကွင်း၌ တပ်မှပြန်လည် စွန့်လွှတ်ထားသည့်မြေ(၅၁၅၉.၇၈)ဧကအနက် (၄၁၇၅.၃၂)ဧကကို မူလပိုင်ရှင် တောင်သူ(၂၈၂)ဦးထံသို့ ပုံစံ(၇)ထုတ်ပေးထားသော်လည်း စိုက်ပျိုး လုပ်ကိုင်ခွင့်မရဘဲ သီးစားချထားသော ပုဂ္ဂိုလ်များသာ ဆက်လက်လုပ်ကိုင်နေ သဖြင့် မူလပိုင်ဆိုင်သူများလက်ဝယ်သို့ ပြန်လည်ရောက်ရှိရေး မည်သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၆) ဒေါ်သင်းသင်းကြူ၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏”ခင်ဦးမြို့နယ် အရှေ့ဘက်ခြမ်းရှိ ရွာသာရွာနှင့် ရွာသစ်ရွာအနီးရှိ စိမ့်အိုင်ချောင်း တစ်လျှောက်လိုအပ်သော နေရာများတွင် ရေဝပ်-ရေသိုလှောင်နိုင်ရန်အတွက် ၎င်းနေရာများတွင် ပိတ်ဆို့နေသော နွယ်၊ မြက်၊ သစ်ပင်များအား ခုတ်ထွင် ရှင်းလင်းပေးရန်” အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇) ဒေါက်တာကျော်သူဟန်ထွန်း၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ “ဒေသဖွံ့ဖြိုးရေးအတွက်များစွာအရေးပါသော ကန့်ဘလူမြို့နယ်၊ ညောင်ပင်ကြီး အုပ်စု၊ အင်ဖက်တောကျေးရွာ၏အရှေ့ဘက် ကင်းတပ်ဆည်မှ OMC လက်ဝဲတူးမြောင်းကူး ကွန်ကရစ်ခံသစ်သားတံတားသည် ရေတိုက်စား မှုကြောင့်ပျက်စီးနေသဖြင့် အနီးဆုံးဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက် ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၈) ဦးဝင်းမြင့်၊ ချောင်းဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ချောင်းဦးမြို့နယ် အတွင်း မုံရွာ-မန္တလေးကားလမ်းပေါ်တွင်သွားလာနေသော ယာဉ်များ အဆင်ပြေစေရန်အတွက် ငါးယှန်ကျေးရွာရှိ ငါးယှန်ရေကျော်အား တံတား တစ်စီး (သို့) Box Culvert ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလို ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးကိုယ်စား စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၉) ဒေါက်တာဆန်းဝင်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏”မင်းကင်း မြို့နယ်အတွင်း မင်းကင်း-လာဘို့-ယာကြီး-မုံရွာကားလမ်းပေါ်ရှိ ကူလဲချောင်း ကွန်ကရစ် ရေကျော်တံတားပျက်စီးနေမှုများကို ပြန်လည်ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကိုယ်စား စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၀) ဦးကျော်ဌေးလွင်၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ “ဥရုမြစ်၏ အနောက်ဘက်ခြမ်းရှိ ကျေးရွာအုပ်စုများသို့ ရာသီမရွေးသွားလာနိုင်ရန် အတွက် ဟုမ္မလင်းမြို့နယ်၊ မာလုံကျေးရွာအုပ်စု၊ မာလုံကျေးရွာ၊ နမ့်မာလုံ ချောင်းကူးကွန်ကရစ်တံတား (၈၀’×၁၈’)အား မည်သည့်ဘဏ္ဍာနှစ်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကိုယ်စား စည်ပင် သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၁) ဦးရွှေဌေး၊ ကနီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ “စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တာဝန်ရှိသူများ၏ ကတိအကြိမ်ကြိမ်ရရှိခဲ့သောလမ်း ပြန်လည် တိုးချဲ့ရေးလုပ်ငန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကာလအတွင်း မည်ကဲ့သို့ အကောင်အထည်ဖော်ဆောက်လုပ်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကိုယ်စား စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၂) ဦးမောင်မောင်လတ်၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဖောင်းပြင်မြို့နယ်ရှိ စည်ပင်သာယာရေးကော်မတီအဖွဲ့ပိုင် ယာဉ်ရပ်နားစခန်းအား ရာသီမရွေး ယာဉ်ရပ်နားနိုင်ရန်အတွက် ယာဉ်ရပ်နားစခန်း မြေဖို့ခြင်း လုပ်ငန်းကို ၂၀၁၈-၂၀၁၉ ဖြည့်စွက်ဘတ်ဂျက်တွင် ထည့်သွင်းဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၃) ဒေါ်သင်းသင်းကြူ၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ခင်ဦးမြို့နယ်၊ ကျီးကန်ကျေးရွာအုပ်စု၊ ဝန်းကြီးကျေးရွာ၏ အနောက်ဘက်တွင်ရှိသော ကုန်ထုတ်လမ်းအား ဂျင်းကျောက်ခင်းလမ်းအဖြစ် လမ်းအဆင့်မြှင့်တင် ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြား ခဲ့ပါသည်။
(ခ) အတည်ပြုခြင်းကဏ္ဍတွင် လွှတ်တော်ဥက္ကဋ္ဌက စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၏ ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ မူလနည်းဥပဒေ အခန်း(၂) အပိုဒ်(၃)မှ အပိုဒ်ခွဲ(ခ)၊ (ဂ)တို့တွင် ပုံမှန်အစည်းအဝေးကို အနည်းဆုံး (၁၅)ရက်၊ အထူးအစည်းအဝေးကို အနည်းဆုံး(၇)ရက်သို့ ပြောင်းလဲပြင်ဆင်ခြင်းနှင့် မူလနည်းဥပဒေအခန်း(၅)၊ အပိုဒ်(၃၁) အပိုဒ်ခွဲ(ထ)တွင် အပိုဒ်ခွဲငယ်(၃) E-Voting စနစ်ဖြင့် ဆန္ဒမဲပေးသည့်နည်းလမ်းဟူသော အပိုဒ်ခွဲငယ်တစ်ခု ထပ်မံဖြည့်စွက် ခြင်းကို လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်ကိုယ်စားလှယ်အားလုံးက သဘောတူသည့်အတွက် အတည်ပြုကြောင်း ကြေညာပါသည်။
(ဂ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် ”ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ စစ်ကိုင်းခရိုင်အတွင်း ကွင်းဆင်းစိစစ်မှုတင်ပြချက် အစီရင်ခံစာ”ကို ကော်မတီ အဖွဲ့ဝင်၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသက်နိုင်အေးမှ လွှတ်တော်တွင် မှတ်တမ်းတင်ပေးနိုင်ပါရန် တင်ပြခဲ့ရာ လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း ကြေညာပါသည်။
(ဃ) ဆက်လက်၍ ”ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေး ဆိုင်ရာကော်မတီ၏ ၂၀၁၈ ခုနှစ်၊ တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာ”အား ကော်မတီအဖွဲ့ဝင် မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ ဦးလှိုင်မြင့်က လွှတ်တော်သို့ တင်ပြခဲ့ရာ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၈)ရက် (သောကြာနေ့) (၁၆:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက်အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(င)ဆက်လက်၍လွှတ်တော်ဥက္ကဋ္ဌကဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကိုရပ်နားကြောင်းနှင့်(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပဥ္စမနေ့)ကို ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၈)ရက် (သောကြာနေ့)
နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို (၁၂:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။