ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(နဝမနေ့)ဆက်လက်ကျင်းပ

၁။ ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၁၅)ရက် (သောကြာနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (နဝမနေ့)ကို စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျုင်းပပြုလုပ်ခဲ့ရာတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၅)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၂၅)ဦး စုစုပေါင်း(၁၀၀)ဦးအနက် (၈၅)ဦးတက်ရောက်ခဲ့ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင်အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးဇော်လင်းဦး၊ ဝန်းသိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”သစ်တောကြိုးဝိုင်း၊ကြိုးပြင်ကာကွယ်တောများအတွင်း ခွဲကျောက်ထုတ်လုပ်ခြင်း လုပ်ငန်းများအား တရားဝင်ခွင့်ပြုထားခြင်းရှိ/မရှိနှင့် တရားဝင်ခွင့်ပြုချက် ရရှိထားခြင်းမရှိပါက မည်ကဲ့သို့ အရေးယူဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏
(ကက) ”ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာအုပ်စု၊ ညောင်ဇီးကုန်းကျေးရွာဦးပိုင်အမှတ်(၉၁)၊ ဧရိယာ(ဝ.၄၄)ဧကပေါ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် စာသင်ကျောင်းအား အမြန်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခခ) ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ “သိမ်းဆည်းခံလယ်ယာမြေနှင့် အခြားမြေများ ပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်သို့ အမှုတွဲဖြင့်တင်ပြထားသောသိမ်းဆည်းမြေများနှင့်ပတ်သက်၍ အမှုပြီးပြတ်ခြင်းမပြုမီ ၎င်းအချင်းဖြစ်မြေပေါ်တွင်လုပ်ငန်းများဆောင်ရွက်ရန် ဘတ်ဂျက် များခွင့်ပြုချထားမပေးသင့်ကြောင်းနှင့် ခွဲဝေချထားပေးခြင်း များရှိခဲ့ပါက မည်သို့ထိန်းကြောင်းမည်ကို သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဒေါက်တာကျော်သူဟန်ထွန်း၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ကန့်ဘလူမြို့နယ်၊ မြေမွန်ကျေးရွာအုပ်စုတွင် ၂ဝ၁၈ခုနှစ်၌ တပ်ပြန်လည်စွန့်လွှတ်မြေဧက(၃၂၉.၄၁)ဧကအား ယခင်လုပ်ကိုင်ခဲ့ကြသော သီးစားချ တောင်သူများအတွက် မြေမွန်မျိုးသန့်ခြံစိုက်ကွင်းပိုင်မြေများတွင် ပြန်လည် လုပ်ကိုင်ခွင့်ပြုဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်း သည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဦးလှိုင်မြင့်၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မော်လိုက်မြို့နယ်၊ ပန်းသာ-ဝါးရုံသာ ကိုယ့်အားကိုယ်ကိုး ရွာချင်းဆက်လမ်းအား မြေသား ဘောင်တင်၍ ဂျင်း သို့မဟုတ် ကျောက်ချောလမ်းအဖြစ်သို့ ခင်းကျင်းပေးရန်နှင့် ၎င်းလမ်းပေါ်ရှိ တံတား(၂)စင်းအား မိုးရာသီရေလွတ်၍ ကျယ်ဝန်း ခိုင်ခန့်သော သံကူကွန်ကရစ်တံတားများအဖြစ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏
(ကက) ”ဖောင်းပြင်မြို့နယ်အတွင်းရှိ သငါ-ဟဲနိမ်ကျေးရွာချင်းဆက်လမ်း(၄)မိုင် (၃)ဖာလုံအား အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင်ထည့်သွင်းလျာထားဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(ခခ) ”မုံရွာ-ဟုမ္မလင်း-ခန္တီးမြစ်ကြောင်းတစ်လျှောက် ရေကြောင်း
ကြပ်မည့်နေရာများနှင့် အဓိကရေကြောင်းကြပ်သည့် မော်လိုက်
မြို့နယ်၊ တပ်ကုန်းရွာအနီး ရိုးလွှာ(ရိုးလွှ)နေရာအား ကုန်တင် ရေယာဉ်ဖောင်တွဲ၊ လူစီးအမြန်ရေယာဉ်များ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ရေကြောင်းကောင်းမွန်လာအောင်မည်သို့ စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်း သည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဒေါ်အောင်ကြည်၊ မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်း ဆက်သွယ်ရေးကေဘယ်(လ်) မီတာကြိုးများ သွယ်တန်းခြင်းနှင့်စပ်လျဉ်း၍ အခွန်ပေးဆောင်ရန်ကျန်ရှိနေသည့် Mytel, Ooredoo, Telenor, MPT ကုမ္ပဏီများအပေါ် အခွန်ကြေးစည်းကြပ်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တွန်းအားပေး ညွှန်ကြားသွားရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကိုစည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇) ဒေါ်ဖြူဖြူဝင်း၊ ကောလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ “ကောလင်း- ကျောက်ပြင်သာ ကားလမ်း(၁/၇.၆)မိုင်တွင်ရှိသော ပျက်စီးနေသည့် တံတားနှင့်ကျန်ရှိသောလမ်းပိုင်းအား အနီးဆုံးဘတ်ဂျက်တွင် လျာထားသတ်မှတ်ပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကိုလျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၈) ဦးစိုးဝင်းထွန်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဝက်လက်မြို့နယ်အတွင်း ကျန်ရှိနေသောရေထွက်-ထိန်ကန်-မျက်နှာပန်းလမ်း(၁)မိုင်၊(၅)ဖာလုံ၊ရွာတော်-လှတွေလမ်း(၃)မိုင်၊ လှတော-သမံသာ-စွယ်ကွေ့လမ်း(၁)မိုင်၊ (၅)ဖာလုံ ရွှေပန်းကုံး-တအုံ-ဗိဇကုန်း လမ်း(၃)မိုင်နှင့် ပင်းဇင်း-တကောင်းမင်း- စဉ့်ပါလမ်း(၃)မိုင်(၄)ဖာလုံတို့ကို လာမည့်ဘဏ္ဍာရေးနှစ်တွင် ကျောက်ချောလမ်း
ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် အစည်းအဝေး(ပဥ္စမနေ့)က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသဦးစီးအဖွဲ့မှ အဖွဲ့ဝင်၊ လဟယ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလော်ယုံ တင်သွင်းခဲ့သည့် ”နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ ၂၀၁၈ ခုနှစ်အတွင်း
ဆောင်ရွက်ခဲ့သော (၁)နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”နှင့်စပ်လျဉ်း၍ လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်းကြေညာပါသည်။
(ဂ) ဆက်လက်၍ ”ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ၏ ၂၀၁၈ ခုနှစ်၊ တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ”အားကော်မတီအတွင်းရေးမှူး၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးချစ်မှ လွှတ်တော်သို့ တင်ပြခဲ့ရာ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၈)ရက်၊ (တနင်္လာနေ့) (၁၆:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီး
အမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဃ) အစည်းအဝေး(ပဥ္စမနေ့)က ဝန်းသိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်ခိုင်ခိုင်ဝင်း တင်သွင်းခဲ့သည့် ”စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀မတိုင်မီ မူးယစ်ဆေးဝါးကို ယခုထက်ပိုမိုပြီး တားဆီးထိန်းချုပ်နိုင်ရေးအတွက် ပိုမိုထိရောက်သော စီမံချက် များကို ချမှတ်လုပ်ဆောင်ပေးနိုင်ရေး တိုင်းဒေသကြီးအစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ အောက်ပါ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကော်မတီ(၁)ခုမှ ဆွေးနွေးတင်ပြခဲ့ကြပါသည်-
(၁) ဦးတင်စိုး၊ ကောလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)
(၂ )ဒေါက်တာကျော်ဇေလင်း၊ ဘုတလင်မြို့နယ်၊ မဲဆန္ဒနယ်
အမှတ်(၂)
(၃) ဦးသန်းလှိုင်၊ ပင်လည်ဘူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)
(၄) ဦးဇော်ထက်၊ ပုလဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)
(၅) ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)
(၆) ဦးညီညီထွန်း၊ ကသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)
(၇) ဦးလှိုင်မြင့်၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)
(၈) ဒေါက်တာကျော်သူဟန်ထွန်း၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)
(၉) ဒေါ်သင်းသင်းကြူ၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)
(၁၀) တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနှင့်ဥပဒေရေးရာကော်မတီ
(စ) ဆုံးဖြတ်ခြင်းကဏ္ဍတွင် ဒေါ်ခိုင်ခိုင်ဝင်း၊ ဝန်းသိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀မတိုင်မီ မူးယစ်ဆေးဝါးကိုယခုထက်ပိုမိုပြီး တားဆီးထိန်းချုပ်နိုင်ရေးအတွက် ပိုမိုထိရောက်သော စီမံချက်များကို ချမှတ်လုပ် ဆောင်ပေးနိုင်ရေး တိုင်းဒေသကြီးအစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့်
စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၉)ဦးနှင့် တရားဥပဒေစိုးမိုးရေး၊ တရားစီရင် ရေးနှင့် ဥပဒေရေးရာကော်မတီတို့၏ ထောက်ခံဆွေးနွေးမှုအပေါ် တိုင်းဒေသကြီး အဆင့်အဖွဲ့အစည်းဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ဆောင်ရွက်မည့်အစီအမံများနှင့်တကွ ရှင်းလင်းဆွေးနွေးသဖြင့် လွှတ်တော်ဥက္ကဋ္ဌမှလွှတ်တော်၏ အဆုံးအဖြတ်ရယူကာ အတည်ပြုကြောင်း ကြေညာပါသည်။
(ဆ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(နဝမနေ့)ကို ရပ်နားကြောင်းနှင့် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒသမနေ့)ကို ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၂၅)ရက် (တနင်္လာနေ့) နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (နဝမနေ့)ကို (၁၃: ၀၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။