ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၁၁)ရက်မြောက်နေ့ ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေကို ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၂၆)ရက် (အင်္ဂါနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ အောက်ပါအတိုင်း ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
(၇၅)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၂၅)ဦး စုစုပေါင်း(၁၀၀)ဦး အနက် (၈၃)ဦး တက်ရောက်သဖြင့် (၈၃)ရာခိုင်နှုန်းရှိပြီး၊ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းဦးရေ၏ သုံးပုံတစ်ပုံကျော်တက်ရောက်ခဲ့ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဒေါ်ဖြူဖြူဝင်း၊ ကောလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကောလင်း မြို့နယ်ရှိ အရှည်(၄)မိုင်ခန့်ရှိသော ဆည်တို-အင်းမ-စံလယ်-အင်ငူ- ကျောက်ပြင်သာရွာချင်းဆက်လမ်းသည် မိုးတွင်းကာလတွင် သွားလာရန်ခက်ခဲသဖြင့် ကျောက်ချောလမ်းအဖြစ် ခင်းပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါ ကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဦးလှိုင်မြင့်၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မော်လိုက်မြို့နယ်၊ ရွှေလင်းတကျေးရွာရှိ ချင်းတွင်းမြစ်ကမ်းပါး ပြိုကျပျက်စီးနေသဖြင့် လိုအပ်နေသော ကမ်းထိန်းရေကာကို အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဗိုလ်မှူးနိုင်ဇင်သက်၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၏”မြင်းမူမြို့နယ်၊ ဂရုကျေးရွာအား မဟာဓာတ်အားလိုင်းနှင့်ချိတ်ဆက်၍ လျှပ်စစ်မီးလင်းနိုင်ရေးအတွက် လိုအပ်လျက်ရှိသော (11) KV လိုင်း(၂)မိုင်၊ ထရန်စဖော်မာနှင့်ဆက်စပ်ပစ္စည်းများအား လာမည့်ဘဏ္ဍာနှစ်တွင် စီစဉ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄)ဦးကျော်မင်းထွန်း၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ခင်ဦး-သင်ပေါင်း ကားလမ်းမှ ရွာစဉ်ကျေးရွာသို့သွားသော လမ်းအရှည်ပေ(၂.၃)ဖာလုံခန့်ရှိသည့် လမ်းအား ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်းအဖြစ် အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါ ကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဦးသိန်းလှိုင်ဝင်း၊ ခန္တီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ခန္တီးမြို့နယ်၊ စိန်နန်း ကျေးရွာနှင့် လုံတုံကျေးရွာတို့ ဆက်သွယ်သွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် ရွာချင်းဆက်လမ်းဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဒီပဲယင်းမြို့နယ်၊ မရကန်အုပ်စု၊ မရကန်ကျေးရွာတွင်လိုအပ်နေသော (၂၀၀)ကေဗွီအေ(၁)လုံး တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇) ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဓာတ်အားလိုင်း 75 mm ကြိုးများနှင့် အသားတိုင်များအစား 95 mm နှင့် 10 m ကွန်ကရစ်တိုင်များဖြင့် လဲလှယ်ဆောင်ရွက်ရာမှ ထွက်ရှိလာသော ပိုနေမည့် မူလ 75mm နှင့် အသားတိုင်များ၊ ကြိုးများအား မြို့နယ်အတွင်း အခြားလိုအပ်လျက်ရှိသောနေရာများ၌ ပြန်လည်အသုံးပြု ဆောင်ရွက်ပေး နိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၈) ဦးညီညီဟန်၊ ဗန်းမောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဗန်းမောက် မြို့နယ်၊ ကနန်းဒေသရှိ သောက်သုံးရေနှင့် လျှပ်စစ်မီးခက်ခဲနေသော ပေတော ကျေးရွာ၌ စက်ရေတွင်းနှင့် တစ်အိမ်သုံးဆိုလာမီးတို့အား အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၉) ဒေါ်အမာကြည်၊ မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မုံရွာမြို့၊ ရုံးကြီးရပ်ကွက် သလ္လာဝတီ၊ နယ်မြေ(၂)၊ ကန်သာယာတောင်ကွင်း အကွက်အမှတ်(၆၇၉)ရှိမြောင်းဘောင်အား ကားလမ်းအဖြစ်ဆောင်ရွက်ပေး ရန်နှင့် အရှေ့လှည့် အိမ်တန်းနှင့်အနောက်လှည့်အိမ်တန်းများအကြားတွင် ကြားလမ်း မပျောက်ပျက်အောင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၀) ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဖောင်းပြင် မြို့နယ်အတွင်းလိုအပ်နေသော ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ကျေးလက် ကျန်းမာရေးဌာန/တိုက်နယ်ဆေးရုံများတိုးချဲ့၍ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီးဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၁) ဒေါက်တာကျော်နိုင်ထွန်း၊ မြောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မြောင်မြို့နယ်၊ မကျီးဘုတ်ကျေးရွာ တိုက်နယ်ဆေးရုံအတွက် မဖြစ်မနေ လိုအပ်နေသော ခွဲစိတ်ခန်းသုံး မီးလုံး၊ ဓာတ်ခွဲခန်းသုံး အဏုကြည့်မှန်ဘီလူး၊ ဓာတ်ခွဲခန်းသုံးစက်၊ ဓာတ်မှန်စက်၊ 100KVA Transformer(11/0. 4KV ဓာတ်အားခွဲရုံ)တို့အား ဖြည့်ဆည်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလို ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) လွှတ်တော်ဥက္ကဋ္ဌမှ ၂၀၁၃ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၆၂(က)နှင့် (ခ)တို့အရ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အထူးကိစ္စရပ်များ၊ လေ့လာစိစစ်ရေးနှင့် သုတေသနပြုရေးဆိုင်ရာ ကော်မတီကို စိတ်ပါဝင်စားပြီး အချိန်ပေးနိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ် (၁၀)ဦးဖြင့် ဖွဲ့စည်းပေးရမည်ဖြစ်ကြောင်း၊ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များကို လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်တာဝန်ပေးမည်ဖြစ်ကြောင်း၊ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းကိုလည်း လွှတ်တော်က သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း၊ ကော်မတီအနေနှင့် လွှတ်တော်ကျင်းပချိန်တွင် လွှတ်တော်ကို တာဝန်ခံရမှာဖြစ်ပြီး လွှတ်တော်ကျင်းပချိန်မဟုတ်လျှင် လွှတ်တော် ဥက္ကဋ္ဌကို တာဝန်ခံရမည်ဖြစ်ကြောင်း၊ ကော်မတီ၏သက်တမ်းသည် လွှတ်တော် သက်တမ်းနှင့်အညီဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌအနေနှင့် ကော်မတီသက်တမ်း (၁)နှစ် ပြည့်မြောက်သည့်အခါ ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက ကော်မတီဝင်များကိုသင့်တော်သလို လဲလှယ်၊ အစားထိုး တာဝန်ပေးအပ်မည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားပါသည်။
(ဂ) ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌမှ ဒုတိယအကြိမ်စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အထူးကိစ္စရပ်များ၊ လေ့လာစုံစမ်းစိစစ်ရေးနှင့် သုတေသန ပြုရေးဆိုင်ရာကော်မတီ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်းပြီး တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို လွှတ်တော်တွင် ရှင်းလင်းဖတ်ကြားပါသည်။
(ဃ) ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ ဒုတိယအကြိမ်စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အထူးကိစ္စရပ်များ၊ လေ့လာစုံစမ်းစိစစ်ရေးနှင့် သုတေသန ပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးတို့ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြပါသည်-
(၁) ဦးမြင့်ထွေး၊ ရေဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)
(၂) ဦးဇော်လင်းဦး၊ ဝန်းသိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)
(၃) ဒေါက်တာဇေလင်းမောင်၊ ဘုတလင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)
(၄) ဦးထွန်းထွန်းဝင်း၊ ကနီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)
(၅) ဦးမြင့်နိုင်ဦး၊ တမူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)
(၆) ဦးမောင်တေး၊ ခန္တီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)
(၇) ဦးဇော်ထက်၊ ပုလဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)
(၈) ဒေါက်တာဆန်းဝင်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)
(၉) ဗိုလ်မှူးစိုးဝင်းမြင့်၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၁၀) ဗိုလ်ကြီးဉာဏ်ထွန်း၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တို့ဖြစ်ပြီး ကော်မတီဥက္ကဋ္ဌအဖြစ် ဦးမြင့်ထွေး၊ ရေဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)နှင့် အတွင်းရေးမှူးအဖြစ် ဦးဇော်ထက်၊ ပုလဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)တို့ကို တာဝန်ပေးအပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြပါသည်။
(ဃ) အစည်းအဝေး(အဋ္ဌမနေ့)က ဦးမိုးမင်းဝင်း၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တင်သွင်းခဲ့သည့် ”ရွှေဘိုပေါ်ဆန်းစပါးမျိုးစေ့များအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှဝယ်ယူ၍ တောင်သူများထံ ဖြန့်ချီ ရောင်းချပေးရန်” အဆိုနှင့်စပ်လျဉ်း၍ အောက်ပါလွှတ်တော်ကိုယ်စားလှယ်များမှ
ဆွေးနွေးတင်ပြခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးကိုယ်စား စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပါသည်-
(၁) ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)
(၂) ဦးစိုးဝင်းထွန်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)
(၃) ဒေါ်သင်းသင်းကြူ၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)
(၄) ဦးမိုးကျော်သူ၊ ရွှေဘိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)
(၅) ဒေါ်အောင်ကြည်၊ မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)
(၆) ဦးအောင်ကျော်၊ ဘုတလင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)
(၇) ဒေါ်အောင်မေရီ၊ ယင်းမာပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)
(၈) ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)
(၉) ဦးထွန်းထွန်းဝင်း၊ ကနီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)
(၁၀) ဦးညီညီထွန်း၊ ကသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)
(င) အဆိုအတည်ပြုခြင်းကဏ္ဍတွင် ဦးမိုးမင်းဝင်း၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)၏ ”ရွှေဘိုပေါ်ဆန်းစပါးမျိုးစေ့များအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှဝယ်ယူ၍ တောင်သူများထံ ဖြန့်ချီ ရောင်းချပေးရန်” အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးသွားခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် (၁၀)ဦးအနက် သဘောမတူ ကန့်ကွက်သူတွေ့ရှိရသည့်အတွက် ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြနည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၁ ထ(၃)အရe-Voting စနစ်ကို အသုံးပြု၍ လျှို့ဝှက်စွာ ဆန္ဒမဲပေးသည့်နည်းလမ်းဖြင့်ဆောင်ရွက်ခဲ့ရာ ထောက်ခံသူ(၃၆)ဦး၊ ကန့်ကွက်သူ(၃၂)ဦး၊ ကြားနေ(၃)ဦးဖြစ်၍ထောက်ခံသူက ပိုများသဖြင့် အဆိုကို အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ပါသည်။
(စ)ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ရပ်နားကြောင်းနှင့် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ဖေဖော်ဝါရီလ(၂၇)ရက် (ဗုဒ္ဓဟူးနေ့) နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို (၁၂:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။