ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၁၃)ရက်မြောက်နေ့ ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၂၈)ရက် (ကြာသပတေးနေ့)၊ (၁၀:၀၀)နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ အောက်ပါအတိုင်း ကျင်းပ ပြုလုပ်ခဲ့ရာတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၇၅)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၂၅)ဦး စုစုပေါင်း(၁၀၀)ဦးအနက် (၈၅)ဦး တက်ရောက်ခဲ့ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးညီညီဟန်၊ ဗန်းမောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဗန်းမောက်မြို့နယ်ရှိ ဗန်းမောက်-ပင်ဟင်းခါး-လက်ပံကျင်း-ကျောက်ဆည်-တုံချောင်းလမ်း ဖောက်လုပ်ပေးခြင်းဖြင့် ပင်လည်ဘူး၊ ဖောင်းပြင်၊ ဗန်းမောက်၊ အင်းတော် မြို့နယ်များသို့ အချိန်တိုအတွင်း ရောက်ရှိစေနိုင်သဖြင့် ၎င်းလမ်းအား ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဦးကျော်ဌေးလွင်၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဟုမ္မလင်းမြို့၌ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရန်အတွက် မြို့တွင်း၌ တပ်ဆင်ထားသော 11 KV လျှပ်စစ်လိုင်းကြိုး (၅၂၈ဝ)ပေကို ကာဗာပါသောကြိုးဖြင့် လှဲလှယ်ပေးရန်နှင့် ရပ်ကွက်/ကျေးရွာများအတွက် လိုအပ်သောLED လမ်းမီးသီးများချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကိလျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဦးကျော်မင်းထွန်း၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ခင်ဦးမြို့နယ်ရှိ ကျေးရွာများမှ ကိုယ့်အားကိုယ်ကိုးဖောက်လုပ်ထားသော မင်းဝံစိုက်ကွင်း-အုန်းပင်ကုန်း-စိုင်ဂေါင်းလမ်းအား ကျောက်ချောလမ်းအဖြစ် အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဦးမြင့်နိုင်ဦး၊ တမူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”တမူးမြို့နယ်၊ ဝက်ရှု ကျေးရွာနှင့် နောင်ကစ်သစ်ကျေးရွာ ကျေးရွာချင်းဆက်လမ်း (၇)မိုင်အနက် ကျောက်ချောလမ်းခင်းပေးရန် ကျန်ရှိသည့်(၄/၅)မိုင်အား အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဒေါ်အမာကြည်၊ မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ “မုံရွာမြို့၊ ကျောက္ကာလမ်းဘေးဝဲ/ယာရှိ စက်ဘီး/ဆိုင်ကယ်သွားလာရန် ခင်းထားပြီးသောသံလမ်းဆုံမှ အုတ်ကန်တောရကျောင်းအပိုင်းအထိ လက်ရှိခင်းထားပြီးနေရာမှလမ်းဘေးရေမြောင်းထိ တိုးချဲ့၍လည်းကောင်း၊ အုတ်ကန်တောရကျောင်းမှမခင်းရသေးသော ဆွမ်းအုပ်အဝိုင်းအပိုင်းအထိလမ်းပိုင်းအား လမ်းဘေးရေမြောင်းထိလည်းကောင်း ကတ္တရာကွန်ကရစ်ခင်းပေးရန်နှင့် သံလမ်းဆုံမှဆွမ်းအုပ်အဝိုင်းအထိ စက်ဘီး/ဆိုင်ကယ်နှင့် ကားလမ်းကြားကတ်တုံးများ ချထား၍ လမ်းသီးခြားဖြစ်စေရေးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိ လိုကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဒေါ်နီလာလွင်၊ မြင်းမူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မြင်းမူမြို့နယ်၊ ညောင်ရင်းကျေးရွာနှင့် ပုလဲတန်ကျေးရွာကြားလမ်းပိုင်းအား ကမ်းထိန်းနံရံ ပေ(၁၂ဝ)ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်း သည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) အတည်ပြုခြင်းကဏ္ဍတွင် လွှတ်တော်ဥက္ကဋ္ဌမှ အစည်းအဝေး (၁၁)ရက်မြောက်နေ့(၂၆-၂-၂၀၁၉)ရက်နေ့မှာ တင်ပြခဲ့ပြီးဖြစ်သည့် ဒုတိယအကြိမ် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အထူးကိစ္စရပ်များ၊ လေ့လာစုံစမ်းစိစစ်ရေးနှင့် သုတေသန ပြုရေးဆိုင်ရာကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ အတည်ပြုကြောင်းနှင့် အောက်ဖော်ပြပါ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းကြောင်း ကြေညာပါသည်-
(၁) ဦးမြင့်ထွေး၊ ရေဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ဥက္ကဋ္ဌ
(၂) ဦးဇော်လင်းဦး၊ ဝန်းသိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) အဖွဲ့ဝင်
(၃) ဒေါက်တာဇေလင်းမောင်၊ ဘုတလင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) အဖွဲ့ဝင်
(၄) ဦးထွန်းထွန်းဝင်း၊ ကနီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) အဖွဲ့ဝင်
(၅) ဦးမြင့်နိုင်ဦး၊ တမူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) အဖွဲ့ဝင်
(၆) ဦးမောင်တေး၊ ခန္တီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) အဖွဲ့ဝင်
(၇) ဒေါက်တာဆန်းဝင်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) အဖွဲ့ဝင်
(၈) ဗိုလ်မှူးစိုးဝင်းမြင့်၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင်
(၉) ဗိုလ်ကြီးဉာဏ်ထွန်း၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင်
(၁၀) ဦးဇော်ထက်၊ ပုလဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) အတွင်းရေးမှူး
(ဂ) အဆိုတင်သွင်းခြင်းကဏ္ဍတွင် အရအသုံးငွေစာရင်း၊ ဒေသန္တရစီမံကိန်းနှင့်ဘဏ္ဍာရေး ဆိုင်ရာကော်မတီအတွင်းရေးမှူး ဒေါ်ခင်နှင်းရီ၊ ယင်းမာပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ”စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၏ တည်ဆောက်ရေးလုပ်ငန်းများတွင်
ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းစီမံကိန်းများ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး တင်ဒါလုပ်ငန်းများ ဆောလျင်စွာ ခေါ်ယူဆုံးဖြတ် ပေးနိုင်ပါရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်းကြောင်း” အဆိုအား လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ဦးသိန်းလှိုင်ဝင်း၊ ခန္တီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ထောက်ခံဆွေးနွေးခဲ့ပါသည်။
(ဃ) ဆုံးဖြတ်ခြင်းကဏ္ဍတွင် အရအသုံးငွေစာရင်း၊ ဒေသန္တရစီမံကိန်းနှင့်ဘဏ္ဍာရေး ဆိုင်ရာကော်မတီမှ တင်သွင်းသည့် ”စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၏ တည်ဆောက်ရေးလုပ်ငန်းများတွင် ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းစီမံကိန်းများ သတ်မှတ်ကာလအတွင်းအချိန်မီ ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး တင်ဒါလုပ်ငန်းများ ဆောလျင်စွာ ခေါ်ယူ ဆုံးဖြတ် ပေးနိုင်ပါရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ လက်ခံဆွေးနွေးရန်သင့်/မသင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာလွှတ်တော်ကိုယ်စားလှယ်အားလုံးက သဘောတူသည့်အတွက် လက်ခံဆွေးနွေးရန်ဆုံးဖြတ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာပါသည်။
(င) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌမှ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို ရပ်နားကြောင်းနှင့် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁)ရက် (သောကြာနေ့) နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို (၁၁:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။