ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့) ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ကို ၂၀၁၉ ခုနှစ်၊ မေလ(၃)ရက် (သောကြာနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၅)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၂၅)ဦး စုစုပေါင်း(၁၀၀)ဦးအနက် (၈၄)ဦးတက်ရောက်ခဲ့ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးဗိုလ်သိန်း၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”သာနန်းတော ကျေးရွာနှင့် မန်နွဲကျေးရွာ၊ ကြုတ်သာကျေးရွာ၊ တိုင်သာကျေးရွာ လမ်းပိုင်း ပေါ်၌လိုအပ်လျက်ရှိသော တံတား(၅)စင်းနှင့် Box Culvert(၂)စင်းတို့အား အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဦးရိုထန်းပွီးယာ၊ တမူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”တမူးမြို့နယ်၊ ဟဲဇင်းကျေးရွာ ရေတိုက်စားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရေကြောင်း လွှဲပြောင်းခြင်း၊ ရေထိန်းနံရံတည်ဆောက်ပေးခြင်း လုပ်ငန်းများကို အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဦးမြင့်ဦး၊ တန့်ဆည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ အောက်ပါမေးခွန်း (၂)ခုတို့အား လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ
ရှင်းလင်းဖြေကြားခဲ့ပါသည်-
(ကက)”တန့်ဆည်မြို့နယ်ရှိ ရွာရှည်(မ)အုပ်စု၊ ခရုတောနှင့်နန်းဒေါင်းရုံ ကျေးရွာသို့ ဆက်သွယ်သောလမ်းပေါ်ရှိ ပေါင်ကဒေါင်ချောင်းနေရာတွင် ချောင်းကူးတံတားအား အနီးစပ်ဆုံးဘဏ္ဍာရေး နှစ်တွင် လျာထားတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိ လိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း၊
(ခခ)”တန့်ဆည်-တုတ္တလုပ်−ဗျက်ကြီးလမ်းပေါ်ရှိ အလျား(၁၂၀)ပေ၊ အကျယ်(၁၂)ပေ၊ အမြင့်(၁၅)ပေခန့်ရှိ ကြံ့ခိုင်မှုအားနည်း နေသော ဖွတ်ချောင်းသစ်သားတံတားအစား သံကူကွန်ကရစ် တံတားအဖြစ် အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ပြန်လည် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း၊
(၄) ဦးသန်းလှိုင်၊ ပင်လည်ဘူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏”မံစီလေးကျေးရွာမှ အောင်ကုန်း-စည်သာ-ကြာအင်း-ကျေးသီကျေးရွာသို့ အရှည်၃.၅၆မိုင်အား (11)KVA ဓာတ်အားလိုင်းတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလို ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဦးဇော်ထက်၊ ပုလဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ “ပုလဲမြို့နယ်၊ မုံပင် ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း (၁၂၀×၃၀×၁၂)ပေ အုပ်ညှပ် တစ်ထပ်ဆောင်နှင့် မြို့နယ်ပညာရေးမှူးရုံးဝန်ထမ်းအိမ်ရာ (၆၀×၃၀×၁၂)ပေ အဆောက်အဦတို့ကို အရည်အသွေးပြည့်မီစွာဖြင့် အမြန်ဆုံးပြီးစီးအောင် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်၊ နောင်တင်ဒါအောင်ကုမ္ပဏီများ စာချုပ်ပါ စည်းကမ်းချက်များနှင့်အညီဆောင်ရွက်ရေး မည်ကဲ့သို့ ကြပ်မတ်ထိန်းကြောင်း ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဦးရိထင်၊ လေရှီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဆွမ္မရာမြို့တွင် ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန် ဝန်ထမ်းမရှိပါသဖြင့် မိခင်နှင့်ကလေးကျန်းမာရေးဌာန တိုးချဲ့ဖွင့်လှစ်ခွင့်ပြုရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇)ဒေါ်သန့်ဝေကျော်၊ ကလေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကျေးရွာဘုံမြေ အဖြစ် သဘောတူထားရှိခဲ့သော ကလေးမြို့နယ်၊ သာစည်အုပ်စုရှိ ချင်းဆိုင် ရွာနှင့်ဇင်းကလင်းကျေးရွာရှိ ကျောင်းပိုင်မြေနေရာဟောင်းများအား ကျေးရွာ၏ ဆုံးဖြတ်ချက်ဖြင့် ကျေးလက်ဆေးပေးခန်းနှင့် အခြားပြည်သူအတွက် အကျိုး ရှိမည့်ကိစ္စများတွင်သုံးစွဲနိုင်ရန် ပညာရေးဌာနနှင့် ညှိနှိုင်းသော်လည်း ပြီးပြတ် ခြင်းမရှိသဖြင့် မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်း သည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြား ခဲ့ပါသည်။
(၈) ဒေါ်အမာကြည်၊ မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မုံရွာပြည်သူ့ဆေးရုံ ကြီးတွင် ခွေးရူးကာကွယ်ဆေး မပြတ်လပ်စေရန်အတွက် ယခုထက်ပိုမို ကောင်းမွန်သောအစီအမံများ စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၉) ဒေါ်သင်းသင်းကြူ၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ညောင်ပင်ကြီးစုတိုက်နယ်ဆေးရုံတွင် လိုအပ်နေသော ဓာတ်မှန်ကျွမ်းကျင် ဝန်ထမ်းတစ်ဦးနှင့်
ဆေးရုံအတွက် လျှပ်စစ်ဓာတ်အားလုံလောက်စွာသုံးစွဲနိုင်ရန် Transformer တစ်လုံးတို့ကို ဆောလျင်စွာစီစဉ်ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီးဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် အောက်ပါအစီရင်ခံစာ(၂)ခုတို့အား လွှတ်တော်၏ သဘောထား ရယူကာ မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်-
(၁) ”စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စည်ပင်သာယာရေးဆိုင်ရာကော်မတီ၏ ၂၀၁၈ ခုနှစ်၊ တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ”
(၂) ”စက်မှုလက်မှု၊ စွမ်းအင်နှင့်လျှပ်စစ်ဆိုင်ရာကော်မတီ၏ ၂၀၁၇ ခုနှစ်၊ နှစ်ပတ်လည်အစီရင်ခံစာ”
(ဂ) အတည်ပြုခြင်းကဏ္ဍတွင် လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်၏ အတည်ပြုချက်ရယူကာအစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီကို အောက်ဖော်ပြပါ လွှတ်တော်ကိုယ်စားလှယ်များဖြင့် အသစ်ပြန်လည်ဖွဲ့စည်းကြောင်းကြေညာပါသည်-
(၁) ဦးကျော်ရွှေ၊ တန့်ဆည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ဥက္ကဋ္ဌ
(၂) ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) အဖွဲ့ဝင်
(၃) ဒေါ်အောင်မေရီ၊ ယင်းမာပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) အဖွဲ့ဝင်
(၄) ဒေါ်ခင်မျိုးချစ်၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) အဖွဲ့ဝင်
(၅) ဗိုလ်မှူးသက်နိုင်အေး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင်
(၆) ဗိုလ်မှူးသက်ဝင်း၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင်
(၇) ဗိုလ်ကြီးအောင်ကိုထွေး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင်
(၈) ဦးဝင်းမြင့်၊ ချောင်းဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) အတွင်းရေးမှူး
(ဃ) အတည်ပြုခြင်းကဏ္ဍတွင် လွှတ်တော်ဥက္ကဋ္ဌမှ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ”တရားဥပဒေစိုးမိုးရေး၊ တရား စီရင်ရေးနှင့် ဥပဒေရေးရာကော်မတီတွင် အဖွဲ့ဝင်ဖြစ်သူ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ကြည်း-၃၃၄၀၄ ဗိုလ်မှူး အောင်သူရအစား ကြည်း-၂၉၆၇၀ ဗိုလ်မှူးကျော်စိုးအား ကော်မတီအဖွဲ့ဝင်အဖြစ် အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်းကို လွှတ်တော်၏ အတည်ပြုချက်ရယူကာ အတည်ပြုကြောင်း ကြေညာပါသည်။
(င) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)ကို ရပ်နားကြောင်းနှင့် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (သတ္တမနေ့)ကို ၂၀၁၉ ခုနှစ်၊ မေလ(၆)ရက် (တနင်္လာနေ့) နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ကို (၁၁:၁၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။