ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်(၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒသမနေ့)ဆက်လက်ကျင်းပ

 

၁။      ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒသမနေ့)ကို ၂၀၁၉ ခုနှစ်၊ မေလ(၉)ရက် (ကြာသပတေးနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၅)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်  (၂၅)ဦး စုစုပေါင်း(၁၀၀)ဦးအနက် (၇၇)ဦးတက်ရောက်ခဲ့ပါသည်။

(က)     ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင်
အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-

(၁)     ဦးစိုးဝင်းထွန်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ကိုယ်စား ဦးမောင်မောင်ဝင်း၊ ဝက်လက်(၁)မှ ”ဝက်လက်
မြို့နယ်၊ စဉ့်ပါကျေးရွာအုပ်စု၊ စဉ့်ပါကျေးရွာ အခြေခံပညာကျောင်းတွင်လိုအပ်
နေသည့် ကျောင်းဆောင်သစ် ပေ(၆၀×၃၀)အဆောက်အဦတစ်လုံးအား
အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလို
ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ
ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၂)     ဦးလှိုင်မြင့်မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မော်လိုက်မြို့နယ်

ဝါးရုံသာကျေးရွာအုပ်စု၊ လက်ပန်ရွာ၊ ကွင်းအမှတ်(၂၂၅)၊ ဦးပိုင်အမှတ်
(N-၂ဝ)၌ တောင်သူ(၂)ဦး၏ လယ်ကြားရေနုတ်မြောင်း ပေ(၂၀၀)ခန့်
ပိတ်ဆို့မှုပြဿနာအား မြို့နယ်အဆင့်မှ ပြေလည်အောင်ဖြေရှင်းမပေးနိုင်
သဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြေရှင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလို
ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း
ဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၃)     ဦးကျော်ဆန်း၊ ချောင်းဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ချင်းတွင်းမြစ်
ရေဘေးကာကွယ်ရေး တာတမံပေတိုင်အမှတ် (၈၂၀၅၀)တွင်တည်ရှိသော
ကံကြီးကုန်းရေသွင်းမြောင်းသည်  တိမ်ကောနေသဖြင့် ကံကြီးကုန်း၊ ဝယာ၊
ယာကြီးနှင့်ရွှေကူကျေးရွာများမှ လယ်မြေများ ရေရရှိရေးအတွက် အနီးစပ်ဆုံး
ဘဏ္ဍာရေးနှစ်တွင် ပြန်လည်တူးဖော်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလို
ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း
ဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၄)     ဦးကျော်မင်းထွန်း၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ခင်ဦးမြို့နယ်
အတွင်းရှိ ရှားတောကျေးရွာနှင့် ငါးရုံကြီးကျေးရွာများနှင့်  ကျေးရွာများရှိ
စိုက်ခင်းများ ရေကြီးနစ်မြှုပ်မှုကာကွယ်ရန်အတွက် ခက်လုံချောင်းပြန်လည်
တူးဖော်ခြင်းကို အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ်
ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေး
နှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၅)     ဒေါ်အောင်ကြည်၊ မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မုံရွာမြို့နယ်၊
ဆူးလေကုန်းကျေးရွာအုပ်စု၊ ဆူးလေကုန်းရွာမှ ချင်းတွင်းမြစ်ကမ်း(ရန်နိုင်ကျွန်း)
အထိ (၁)မိုင်(၄)ဖာလုံအရှည်လမ်းနှင့် မုံရွာမြို့နယ်၊ ဘုဘကျေးရွာအုပ်စု၊
ဘုဘရွာ၊ လယ်တော်ရွာ၊ ချမ်းသာကျွန်းရွာများမှ မုံရွာ-အမြင့်လမ်းသို့
ဆက်သွယ်ထားသော လမ်းအရှည်ပေ(၄၀၀၀)ပေခန့် အနံပေ(၄၀)ပေခန့်
ရှိလမ်းတို့အား ကုန်ထုတ်လမ်းများအဖြစ် ဖော်ထုတ်ပေးရန် အစီအစဉ်ရှိ/မရှိ
သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၆)     ဦးကျော်ဌေးလွင်၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ “ဟုမ္မလင်း
မြို့နယ်၊ နောင်ပိုအောင်ကျေးရွာအုပ်စုရှိ ရေကန်၊ မြောက်ရွာ၊ စေတီကုန်း
ကျေးရွာများသို့သွားသော လမ်းအပိုင်း၌ရှိနေသည့် ဆွေးမြေ့ပျက်စီးနေသော
သစ်သားတံတား(20’×16′)(၂)စင်းကို ကွန်ကရစ်တံတားများအဖြစ် အနီးစပ်ဆုံး
ဘဏ္ဍာရေးနှစ်တွင် ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလို
ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး
ဝန်ကြီးကိုယ်စား လူမှုရေးဝန်ကြီး၊ ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြား
ခဲ့ပါသည်။

                (၇)    ဦးသန်းဝင်း၊ အင်းတော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”အင်းတော်
မြို့နယ်တွင် မိုးရာသီ၌ မဲဇာမြစ်လက်တက်၊ နမီးချောင်း၊ လေးတန်ချောင်း
များ၏ ရေကြီး၊ ရေလျှံမှုကြောင့် ကမ်းပြိုမှုများမှ ကာကွယ်နိုင်ရန်အတွက်
သက်ဆိုင်ရာဌာနမှ နည်းပညာပံ့ပိုးကူညီပူးပေါင်းမှုဖြင့် ဒေသထွက်ပစ္စည်း
များဖြင့် ကမ်းထိန်းနံရံများကို အနီးစပ်ဆုံးဘတ်ဂျက်တွင် ချထားပေးရန်
အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှု
နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကိုယ်စား လူမှုရေးဝန်ကြီး၊ ဒေါက်တာဇော်ဝင်းမှ
ရှင်းလင်းဖြေကြားခဲ့ပါသည်။

                (၈)    ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ “ပြည်သူ့
ဆောက်လုပ်ရေးလုပ်ငန်း၏အထူးပြု၊ သာမာန်ငွေစာရင်း ခေါင်းစဉ်များဖြင့်
လုပ်ကိုင်နေသော လုပ်ငန်းများကိုလည်း နောင်လာမည့်ဘတ်ဂျက်များ
ဆွေးနွေးရာတွင် တရားဝင်ချပြပေးရန် ညွှန်ကြားပေးနိုင်ခြင်းရှိ/မရှိ သိရှိလို
ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း
ဆက်သွယ်ရေးဝန်ကြီးကိုယ်စား လူမှုရေးဝန်ကြီး၊ ဒေါက်တာဇော်ဝင်းမှ ရှင်းလင်း
ဖြေကြားခဲ့ပါသည်။

(၉)     ဒေါ်ဖြူဖြူဝင်း၊ ကောလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကောလင်း-
ကျွန်းလှ-ကန့်ဘလူလမ်းပိုင်းပေါ်ရှိ ကောလင်း-ကျွန်းလှကြား ကျန်ရှိနေသော
လမ်းအရှည်(၅)မိုင်ခွဲခန့်အား မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလို
ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း
ဆက်သွယ်ရေးဝန်ကြီးကိုယ်စား လူမှုရေးဝန်ကြီး၊ ဒေါက်တာဇော်ဝင်းမှရှင်းလင်း
ဖြေကြားခဲ့ပါသည်။

(၁၀)   ဦးလှိုင်မြင့်၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ “၂၀၁၇-၂၀၁၈
ဘဏ္ဍာရေးနှစ်တွင် MIT ကုမ္ပဏီမှ တည်ဆောက်ခဲ့သော မော်လိုက်မြို့နယ်၊
တပ်ကုန်းကျေးရွာ ကမ်းပြိုကာကွယ်ရေး သံခြင်းအခြေပြု ကျောက်စီ
တမံသည် စာချုပ်ပါ စည်းမျဉ်း၊ စည်းကမ်းအတိုင်း ဆောင်ရွက်ခြင်းမရှိသဖြင့်
တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မည်သို့ဆက်လက်ဆောင်ရွက်ပေးမည်ကို သိရှိ
လိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း
ဆက်သွယ်ရေးဝန်ကြီးကိုယ်စား လူမှုရေးဝန်ကြီး၊ ဒေါက်တာဇော်ဝင်းမှ
ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၁၁)   ဦးစိမ်းမောင်၊ နန်းယွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ အောက်ပါမေးခွန်း
(၂)ခုတို့အား လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကိုယ်စား
လူမှုရေးဝန်ကြီး၊ ဒေါက်တာဇော်ဝင်းမှရှင်းလင်း ဖြေကြားခဲ့ပါသည်-

(ကက)         ”မြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန သီးခြားမရှိ
သောကြောင့် ဌာနလုပ်ငန်းဆောင်ရွက်ရာတွင် အားနည်းချက်
ရှိလာသည့်အတွက် ဌာနဖွဲ့စည်းခြင်းနှင့် ဌာနတာဝန်ခံအား
မည်သည့်အချိန်ကာလတွင် ခန့်အပ်ဆောင်ရွက်ပေးမည်ကို သိရှိ
လိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း၊

(ခခ)             “မြို့နယ်အတွင်းရှိ လမ်းဦးစီးဌာနပိုင်လမ်းဖြစ်သော လောက်လိုင်
ကျေးရွာနှင့် ပန်ဆောင်မြို့ကြား ၁၂/၀မိုင်အနက် ၈/၀မိုင်မှ
၆/၀မိုင်အထိ ပျက်စီးနေသောလမ်းပိုင်းအား ကျောက်ချောလမ်း
ခင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”  စပ်လျဉ်း
သည့်မေးခွန်း၊

(၁၂)   ဦးရိထင်၊ လေရှီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”လေရှီးမြို့နယ်ရှိ အမကခွဲ−
ဖားလှိုင်း၊ အမကခွဲ−ဂျီလာ၊ အမကခွဲ−ဝမ်းဘဲကွက်သစ်၊ အလက−ရန်နွေး၊
အထက-ပန်ဆပ်၊ အလက-လေယုံ၊ အလကခွဲ-ဖွန်သရက်စသည့် Type-C
ကျောင်းဆောင်သစ်များဆောက်လုပ်ရန် ခွင့်ပြုငွေထဲမှ  ကျန်ရှိသည့်(၅၀)
ရာခိုင်နှုန်းအား ဝန်ထမ်းများနေထိုင်အသုံးပြုနိုင်ရေး၊ အဆောက်အဦးများ
ဆောက်လုပ်မှုဘက်တွင် ပြောင်းလဲသုံးစွဲနိုင်ရေး အမြန်ဆုံး လျာထားပေးရန်
အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေး
ဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(ခ)     ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်
(၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒသမနေ့)ကို ရပ်နားကြောင်းနှင့် (၁၈)ကြိမ်မြောက်
ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ မေလ(၁၀)ရက် (သောကြာနေ့)
နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။

၂။      ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒသမနေ့)ကို (၁၁:၂၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။