ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၀)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ဆက်လက်ကျင်းပ

cover15
၁။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၀)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဌမနေ့ကို ၂၀၁၉ခုနှစ်၊ ဇူလိုင်လ(၃၀)ရက်(အင်္ဂါနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့်
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၅)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်
(၂၅)ဦး စုစုပေါင်း(၁၀၀)ဦးအနက် (၈၈)ဦးတက်ရောက်သဖြင့် (၈၈)ရာခိုင်နှုန်းရှိပြီး၊
လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံတစ်ပုံကျော်တက်ရောက်ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါ
အတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဒေါ်နီလာလွင်၊ မြင်းမူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မြင်းမူမြို့နယ်၊
ပဲတောင်းကျေးရွာရှိ အများသုံးသောက်သုံးရေကန်သည် နှစ်ကာလကြာ
ပျက်စီးမှုများဖြစ်နေသောကြောင့် ၎င်းရေကန်အား အနီးစပ်ဆုံး ဘဏ္ဍာရေး
နှစ်တွင် ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်
မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ
ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဒေါ်ခင်နှင်းရီ၊ ယင်းမာပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ယင်းမာပင်
မြို့နယ်၊ စုန်းချောင်းအုပ်စု၊ အင်းဖျားရွာကွင်းအမှတ်(၁၂၃၃)မှ ယာမြေ(၂၃.၁၅)
ဧကအား အင်းဖျားကျေးရွာအမည်ပေါက်အတွက် လယ်ယာမြေအခြားနည်း
အသုံးပြုခွင့် လျှောက်ထားမှုကြန့်ကြာနေခြင်းကို အမြန်ဆုံးဆောင်ရွက်ပေးရန်
အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊
မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဦးမောင်မောင်လတ်၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဖောင်းပြင်
မြို့နယ်၊ ထောမကျေးရွာနှင့် ကရာစုကျေးရွာကြားရှိ နန်းမလင်းချောင်း
ပေါ်တွင် (၁၂ဝပေ×၁၄ပေ)ရှိ အုတ်ခုံခံသံဘောင်ယက်မသစ်သားတံတားအဖြစ်
မည့်သည့်ဘဏ္ဍာနှစ်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်း”
စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဖောင်းပြင်
မြို့နယ်၊ အင်းကွေ့ရွာသစ်နှင့် ကုန်းကြီးရွာ လမ်းအရှည်(၂/၄)ဖာလုံအား
တောင်ဖြိုခြင်း၊ မြေသားတာဘောင်တင်၍ ဂျင်းမြေခင်းလုပ်ငန်းများအား မည်သည့်
ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်
မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ
ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဦးမြင့်ဦး၊ တန့်ဆည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”တန့်ဆည်မြို့နယ်၊
ရေဦး−တမာတော-ကံထူးမလမ်းပေါ်ရှိ ကြမ်းခင်းနှင့်ဘီးနင်းများ ပျက်စီး
နေသော သစ်သားတံတား(၂)စင်းအား ကြံ့ခိုင်မှုပိုမိုကောင်းမွန်သော ကွန်ကရစ်
တံတားများ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”
စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဗိုလ်မှူးဇော်မျိုးရီ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၏ ”ရေဦး
မြို့နယ်၊ ကွမ်းအုံကျေးရွာအုပ်စု၊ ကွမ်းအုံကျေးရွာအား စောမင်းချောင်းနှင့်
ရဲဘော်ချောင်းတို့၏ ရေတိုက်စားမှုဒဏ်မှကာကွယ်နိုင်ရန်အတွက် အရှည်ပေ
(၃ဝဝဝ)၊ အမြင့်(၁၂)ပေ၊ ထု(၅)ပေရှိ ကျောက်စီနံရံမြေသားတာဘောင်အား
မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း”
စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇) ဦးအောင်သန်းကျော်၊ ကလေးဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကလေးဝ-
ကလေးလမ်းပိုင်းတွင် ကလေးဝမြို့မှ သစ်ချောက်ကျေးရွာထိ ဆိုးရွားစွာ
ပျက်စီးနေသောလမ်းပိုင်းအား မည်သည့်အချိန်ကာလတွင် ပြုပြင်ဆောင်ရွက်
ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့
ပါသည်။
(၈) ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”စစ်ကိုင်းတိုင်း
ဒေသကြီးအတွင်း NEP လုပ်ငန်းများ ဆောင်ရွက်ရန်ကျန်ရှိနေသော မြို့နယ်
များတွင် (၂)မိုင်အတွင်း ထပ်မံပေးပို့လိုက်သော ကျေးရွာများအား တရားဝင်
ချထားပေးခြင်းရှိ/မရှိနှင့် ၂၀၁၈−၂၀၁၉ ငွေလုံးငွေရင်းရန်ပုံငွေပါ လုပ်ငန်းများ
ပြီးစီးအောင် ဆောင်ရွက်ခြင်းမရှိသော တင်ဒါအောင်ကုမ္ပဏီများအား တွန်းအား
ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို
လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်း
ဖြေကြားခဲ့ပါသည်။
(၉) ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”တိုင်းဒေသကြီး
အစိုးရအဖွဲ့အနေဖြင့် နှစ်စဉ် သူနာပြုသင်တန်းသားများ ခေါ်ယူခန့်အပ်မှု
အပေါ် ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်၊ ညွှန်ကြားချက်၊ သတ်မှတ်စည်းမျဉ်း၊
စည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်းရှိ/မရှိနှင့် မည်သို့ထိန်းကြောင်း ကြပ်မတ်
လျက်ရှိသည်၊ ၂၀၁၉ ခုနှစ်တွင် ခေါ်ယူထားသော လျှောက်လွှာများအား
ပွင့်လင်းမြင်သာစွာဖြင့် မည်သို့သော တာဝန်ရှိသူများဖြင့် သတ်မှတ်ရွေးချယ်
ခန့်အပ်ရန် မည်သို့စီမံဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်း
သည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့
ပါသည်။
(၁၀) ဦးစောမောင်၊ ဆားလင်းကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဆားလင်းကြီး
မြို့နယ်၊ မြေဇွန်းကျေးရွာအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အား အခြေခံ
ပညာအလယ်တန်းကျောင်းအဖြစ် အနီးဆုံး ပညာသင်နှစ်တွင် ဦးစားပေး
အဆင့် တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်
မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၁) ဦးဗိုလ်သိန်း၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မော်လိုက်
မြို့နယ်နှင့် ကလေးဝမြို့နယ်များတွင် ချင်းတွင်းမြစ်ကမ်းနားအရောက်(သို့)
စုပုံကွင်းသို့အရောက် ကျောက်မီးသွေးအထိုင်စျေးနှုန်း(၁)တန်လျှင် (၆၀၀၀၀)
ကျပ်မှ (၇၀၀၀၀)ကျပ်အထိရောင်းချခြင်း၊ သဘာဝပတ်ဝန်းကျင်ပျက်စီးခံ
စီးပွားရေးဖြစ်နေသည့်အတွက် တိုင်းဒေသကြီးအစိုးရအနေဖြင့် ပြည်ထောင်စု
နှင့်ချိတ်ဆက်၍ စျေးနှုန်းတိုးမြှင့် သတ်မှတ်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလို
ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို ချင်းတိုင်းရင်းသားရေးရာဝန်ကြီး၊
ဦးလာလ်ထောင်ထန်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၂) ဦးထွန်းထွန်းဝင်း၊ ကနီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ကနီမြို့နယ်အပါ
အဝင် အခြားမြို့နယ်များ၌ အပြောင်ရှင်းစိုက်ခင်းများ အောင်မြင်မှုနည်းနေ
ခြင်းနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရန်သင့်မသင့် ပြန်လည်သုံးသပ်ပြီး
မြို့နယ်သစ်တောဦးစီးဌာနတွင် လိုအပ်ချက်များအတွက် ရန်ပုံငွေများ တိုးမြှင့် ဖြည့်ဆည်းသုံးစွဲပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်
မေးခွန်းကို ချင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ဦးလာလ်ထောင်ထန်းမှ
ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်
(၂၀)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ရပ်နားကြောင်းနှင့် အစည်းအဝေး
နဝမနေ့ကို ၂၀၁၉ခုနှစ်၊ ဇူလိုင်လ(၃၁)ရက်(ဗုဒ္ဓဟူးနေ့) နံနက်(၁၀:၀၀)နာရီအချိန်တွင်
ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၀)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမ နေ့ကို (၁၁:၃၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

About sagainhluttawdb