ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ၏ ကွင်းဆင်းမှုအခြေအနေ

Agriculture(1) ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီသည် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၄) ရက်နေ့တွင် ကလေးမြို့နယ်၊ နတ်ကြီးကုန်း(ပျဉ်း)ကျေးရွာအုပ်စု၊ ရွာလှကျေးရွာအုပ်စု၌ ကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေခြင်းမှ အနံ့ဆိုးများ ထွက်ရှိနေခြင်းကြောင့် အိမ်ထောင်စု(၁၃)စုမှ တိုင်ကြားထားသော တိုင်ကြားစာနှင့်ပတ်သက်၍ ကလေးခရိုင်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ ကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသောလုပ်ငန်းရှင်များ၊ ရပ်မိရပ်ဖများနှင့် သက်ဆိုင်ရာပုဂ္ဂိုလ်များအား တွေ့ဆုံပြီး အဆင်ပြေချောမွေ့မှုရှိစေရန် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသည်။