ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၊ လွှတ်တော်ဥက္ကဋ္ဌ ကွင်းဆင်းဆောင်ရွက်မှု

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းသည် ကနီမြို့နယ် မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ကနီမြို့နယ်၊ ဆူးလေကုန်းအုပ်စုတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဒေသ၏အခက်အခဲများ ညှိနှိုင်းဖြေရှင်းနိုင်ရန် တွေ့ဆုံဆွေးနွေးဆောင်ရွက်ခဲ့သည်။ ဆူးလေကုန်းကျေးရွာ၊ အ.ထ.က(ခွဲ)ကျောင်း၏ မျက်နှာကြက်ပြိုကျနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အချိန်မီပြင်ဆင်နိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် ကနီမြို့နယ်၊ နတ်ကြီးကျေးရွာသို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ဒေသ၏အခက်အခဲများအား ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခဲ့သည်။

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၁၁) ရက်

2 3 4