နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ပင်လယ်ဘူးမြို့နယ်ရှိ ပြည်သူများတွေ့ဆုံပွဲသို့ လွှတ်တော်ဥက္ကဋ္ဌ တက်ရောက်

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ပင်လယ်ဘူးမြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူလူထုများနှင့်အတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ပင်လယ်ဘူးမြို့နယ်ရှိပြည်သူများတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါသည်။

           ယင်းတွေ့ဆုံပွဲတွင် ဒေသခံပြည်သူများမှ ပင်လယ်ဘူးမြို့နယ်၏ လိုအပ်ချက်များအား တောင်းဆိုခဲ့ကြပြီး အတိုင်ပင်ခံပုဂ္ဂိုလ်မှလည်း ဘဏ္ဍာရေးနှစ်အလိုက် ဘတ်ဂျက်လျာထားမှုပေါ် မူတည်ပြီး ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အတိုင်ပင်ခံပုဂ္ဂိုလ်မှ လူငယ်များ၏ အနာဂတ်အတွက်ရှေးရှုပြီး ကွမ်းယာ၊ အရက်၊ ဆေးလိပ်သောက်သုံးခြင်းများမှ ရှောင်ကျဥ်ရန်လည်း ယင်းတွေ့ဆုံပွဲတွင် ဆုံမစကားပြောကြားခဲ့သည်။

1 2 3 5