ပညာရေး၊ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ၏ ကွင်းဆင်းမှုအခြေအနေ

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၊ ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီသည် (၃၀.၈.၂၀၁၉) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် အင်းတော်မြို့နယ် တံခွန်တိုင်ကျေးရွာ၊ မန်လည်ကျေးရွာရှိ မန်လည်ဆရာတော်ဘုရားကြီး၏ အုတ်ကျောင်းတော်ရာနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ ကျွန်းတောကျေးရွာရှိ ကဒူးတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုပြခန်းနှင့် ဗန်းမောက်မြို့နယ် စက်တောကျေးရွာရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများအား စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် လိုအပ်ချက်များအား အစီရင်ခံစာရေးသားပြုစု၍ လွှတ်တော်သို့တင်ပြရန် ရှေးဟောင်းသုတေသနဦးစီးဌာန(စစ်ကိုင်းမြို့)မှ တာဝန်ရှိသူများနှင့် နယ်မြေခံလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

1 2 3 4