ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီသည် နိဗ္ဗာန်ဝကျေးရွာ၊ နွားထိမ်းကျေးရွာနှင့် တောပုကျေးရွာများသို့ ကွင်းဆင်းစစ်ဆေး

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၆)ရက်

***************************

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီသည် မုံရွာမြို့နယ်၊ နိဗ္ဗာန်ဝကျေးရွာ၊ နွားထိမ်းကျေးရွာနှင့် တောပုကျေးရွာတို့တွင် ဆောက်လုပ်ထားသည့် ကျောင်းဆောင်သစ်များ၏ အခြေအနေနှင့်ပတ်သက်၍ (၁၃-၉-၂၀၁၉)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မြို့နယ်အရည်အသွေးစစ်ဆေးရေးအဖွဲ့၊ မုံရွာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ကျောင်းဆောင်ဆောက်လုပ်ထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

1 3 4