ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လစ်သည့် ရပ်ရွာအ‌ခြေပြု မူးယစ်‌​ဆေးဖြတ်ကုသခြင်းနှင့် ပြန်လည်ထူးထောင်ရေးသင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌသည် ကသာမြို့ ဧရာရွှေလီ အားကစားခနးမတွင် ၂၅-၁-၂၀၂၀ ရက်နေ့ ၀၉:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်သည့် ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လစ်သည့် ရပ်ရွာအ‌ခြေပြု မူးယစ်‌ဆေးဖြတ်ကုသခြင်းနှင့် ပြန်လည်ထူးထောင်ရေးသင်တန်းဆင်းပွဲအခမ်းအနားကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်း၊ပြန်လည်ထူထောင်ရေးဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဒုအုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများနှင့် တက်ရောက်ခဲ့ ပါသည်။ ထို့နောက်လွှတ်တော်ဥက္ကဌသည် ဒေသခံကိုယ်စားလှယ် ဌာနဆိုင်ရာများနှင့်အတူ ဒေါင့်ကြီးကျေးရွာ၊ အင်းရွာတို့ရှိ ဒေသခံပြည်သူနှင့် တွေ့ဆုံ၍ ဒေသတွင်း လိုအပ်ချက်များကို ညှိနှိုင်းပေးခဲ့ပါသည်။

1 2 4 5 7 9