ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အရအသုံးငွေစာရင်း၊ ဒေသန္တရ စီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီသည် 2018-2019ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာနအဖွဲ့အစည်းများ၏ ငွေလုံးငွေရင်း အသုံးစရိတ်များနှင့်စပ်လျဉ်း၍ (2-11-2019)ရက်နေ့တွင် ကသာမြို့နယ်အတွင်း ဒေသခံလွှတ်တော်ကိုယ်စားလှယ်၊ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီအဖွဲ့၊ ဌာနဆိုင်ရာများ၊ တင်ဒါအောင်ကုမ္ပဏီများနှင့်အတူ ကသာမြို့နယ် အတွင်း လုပ်ငန်းပြီးစီးမှု အရည်အသွေးတို့ကို စစ်ဆေးခဲ့ပါသည်။