ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ တည်တော၊သပြေကုန်း၊အုတ်ဆယ်ကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲသို့ လွှတ်တော်ဥက္ကဋ္ဌ တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌသည်  (၁၆-၇-၂၀၂၀) ရက်နေ့တွင် ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ တည်တောကျေးရွာအုပ်စု၌ သပြေကုန်းကျေးရွာ၊ အုတ်ဆယ်ကျေးရွာ၊ တည်တောကျေးရွာတို့တွင် ကျင်းပပြုလုပ်သော ကျေးရွာလျှပ်စစ်မီးရရှိသည့် ဖွင့်ပွဲများသို့ ဒီပဲယင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်လျှပ်စစ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာများနှင့်အတူ တက်ရောက်ခဲ့ပါသည်။

6 3