လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ကတိကဝတ်ပြုခဲ့သည့် ကြယ်ပွင့်ပြမေးခွန်းနှင့် အဖြေများစာရင်း

ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၆)တွင် လွှတ်တော်ကိုယ်စားလှယ်များမှပေးပို့လာသော ကြယ်ပွင့်ပြမေးခွန်းများအပေါ် ဖြေကြားချက်များ

ဖြေကြားသည့်ဌာန                     –   လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −    ဒေါ်စုမြတ်ထက်၊ အမှတ်(၂)မဲဆန္ဒနယ် စစ်ကိုင်းမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံနေရသော ရုံး ဌာနများတွင် ရုံးလုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစဉ် များနှင့် လုပ်ငန်းကြာမြင့်ချိန်နှင့် လိုအပ်သော အချက် အလက် အထောက်အထားများကို အများပြည်သူမြင်သာ သော နေရာတွင် ရှင်းလင်းစွာ ချိတ်ဆွဲပြသထားရန်နှင့် SOCIAL MEDIA, WEBSITE အစရှိသောအင်တနက် လူမှုကွန်ယက်များတွင် ရေးသားဖြန့်ချိပေးရန် အစီအစဉ် ရှိ/မရှိ၊ ပြည်သူများသည် ရုံးဌာနမျာသို့ သွားရောက်ပြီး လုပ်ငန်းဆောင်ရွက်ရာတွင် အစိုးရရုံးဌာနများ၏ ရုံးလုပ် ထုံးလုပ်နည်းများ၊ လုပ်ငန်းစဉ်များကို နားမလည်၍ သော်လည်းကောင်း၊ ယူဆောင်လာရမည့် လိုအပ်သော စာရွက်စာတမ်း၊ အချက်အလက်များကို မသိရှိ၍သော် လည်း ကောင်း၊လုပ်ငန်းကြန့်ကြာမှုများကြုံတွေ့ရလေ့ ရှိပါသည်။ ထိုအခက်အခဲများကို ပြေလည်စေရန် ရုံးဌာနများအနေ ဖြင့် တိကျသည့် လမ်းညွှန်ချက်များ၊ လိုအပ်သည့် အချက် အလက်အထောက်အထားများကို ရေးဆွဲချိတ်ဆွဲထားခြင်း ဖြင့် အဆင်ပြေလွယ်ကူစွာဆောင်ရွက်နိုင်ရန်မကပြည်သူ့ဝန်ထမ်းများနှင့်အစိုးရအပေါ် ယုံကြည်မှုများပိုမို တိုးပွားလာနိုင်မည်ဖြစ်ပါသည်။ ကျွန်မအနေဖြင့် မိမိမဲဆန္ဒ နယ်ရှိ အစိုးရဌာနများ၊ တာဝန်ရှိသူများကို  မေတ္တာရပ်ခံ တိုက်တွန်းသည့်ပုံစံဖြင့် ဆောင်ရွက်လျက်ရှိသော်လည်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် လမ်းညွှန်ချက်များ ချမှတ်ပြီး တစ်ပြေးညီ ဆောင်ရွက်ရန်လည်း လိုအပ်ပါသည်။ သတင်းများကို လက်ကမ်းစာစောင်များနှင့်အင်တာနက်တွင် သတင်းရေး သားထုတ်ပြန်လျက်ရှိသော်လည်း တကယ်တမ်းလေ့လာ ကြည့်ပါက ၎င်းတို့ဌာနများ၏ လုပ်ဆောင်နေသည့် လုပ် ငန်းများကိုသာ သတင်းအဖြစ်ဖော်ပြခြင်းမျိုးက ပိုမိုများ ပြားနေကြောင်း တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ ပြည်သူလူထုကိုယ်စား ကျွန်မမေးမြန်း လိုသည်မှာ ပြည်သူများနှင့်တိုက်ရိုက်ထိတွေ့ ဆက်ဆံရ သည့် မြေစာရင်းဌာနများ၊ အခွန်ဦးစီးဌာနများ၊ လဝကရုံး များ၊ စည်ပင်ဌာနများတွင် ရုံးလုပ်ငန်းလာရောက်ဆောင် ရွက်သည့် ပြည်သူများအခက်အခဲကြန့်ကြာမှုမလိုအပ်သော လာဘ်ပေး လာဘ်ယူမှုများမဖြစ်ပေါ်စေရေန်၊ ရုံးလုပ်ထုံးလုပ်နည်းများနှင့်မည်သည့်အချက်အလက်များလိုအပ် သည်၊ လုပ်ငန်းဆောင်ရွက်ချိန် မည်မျှကြာမည်ကို ရှင်းရှင်း လင်းလင်း သိသာမြင်သာအောင် သက်ဆိုင်ရာရုံးဌာနများ တွင် ချိတ်ဆွဲပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စီစဉ်ညွှန်ကြားပေးနိုင်မှု ရှိ/မရှိ သိရှိလိုကြောင်းမေးမြန်း အပ်ပါသည်။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

ပြည်သူတို့၏အခြေခံလိုအပ်ချက်များ အဆင်ပြေချောမွေ့စေ ရန်အတွက်မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံး(OneStopShops ) များဖွင့်လှစ်ဆောင်ရွက်ခဲ့ရာစစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၃၇)မြို့နယ်တွင် ရုံးပေါင်း(၃၇)ရုံးအားဦးစီးအရာရှိ (၃၄)ဦး၊စီမံ-၁(၃)ဦး၊ အခြားဝန်ထမ်းများအပါအဝင် စုစု ပေါင်းဝန်ထမ်း(၆၈၂)ဦးဖြင့် တာဝန်ပေးအပ်၍ ဖွင့်လှစ် ထားပြီးဖြစ်ပါသည်။အဆိုပါပြည်သူ့ဝန်ဆောင်မှုရုံးများဖွင့်လှစ်ရသည့်ရည်ရွယ်ချက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-

(က)   ပြည်သူတို့၏အခြေခံလိုအပ်ချက်များအား အဆင် ပြေချောမွေ့စေသည့် ဝန်ဆောင်မှုများ ဆောင်ရွက် ပေးနိုင်ရန်၊

(ခ)    လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုများကို တားမြစ်၍ ထိရောက်သော ဝန်ဆောင်မှု အလေ့ အကျင့်များကို ပြုစုပျိုးထောင်ပေးနိုင်ရန်၊

(ဂ)     ပြည်သူများကအစိုးရနှင့်ဌာနဆိုင်ရာဝန်ထမ်းများအပေါ်အားကိုးယုံကြည် မှု တိုးပွားလာစေရန်၊

(ဃ) တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများ၊ ဦးစီး ဌာနအလိုက် အပြန်အလှန်ထိန်းကျောင်းမှုပြုနိုင် ရေး အထောက်အကူပြုရန်၊

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူ့ဝန်ဆောင်မှုရုံး များအနေဖြင့် သက်ဆိုင် ရာဌာနများအလိုက် ရုံးလုပ်ထုံး လုပ်နည်းများ၊  လုပ်ငန်းအမျိုးအစားအလိုက် ယူဆောင် လာရမည့် အထောက်အထားများနှင့် ဆောင်ရွက်ရမည့်  လုပ်ငန်းစဉ်များအား အများပြည်သူသိရှိအောင် ချိတ်ဆွဲ ပြသပေးထားပြီး ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ခဲ့ရာ မှတ်တမ်းများအရ ၂၀၁၆ ခုနှစ် ဧပြီလမှ ဇူလိုင်လအတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာဂရန်ထုတ် ပေးခြင်း(၃၄၈)ခု၊လူမှုရေးအသင်းအဖွဲ့မှတ်ပုံတင်လျှောက်ထားမှုကွင်းဆင်းစစ်ဆေးခြင်း(၁၀၀)ခု၊ ယစ်မျိုးခွန်ပေးသွင်း ရန်ဆောင်ရွက်ပေးခြင်း(၆၆၃)ခု၊ ဆိုင်းတီးမှုတ်ခွင့်ပြုလုပ် ပေးခြင်း(၃၄၈)ခု၊မြင်းကောင်ရေ(၂၀)အောက်စက်တပ်ရေယာဉ်မှတ်ပုံတင်ပေးခြင်း(၄၈၅)ခု၊ ဖွား/သေမှတ်ပုံတင်ပြု လုပ်ပေးခြင်း(၃၂၀၇)ခု၊အလှူခံခွင့်ပြုလုပ်ပေးခြင်း(၂၂၄)ခုပွဲမိန့်ပြုလုပ်ပေးခြင်း(၁၇၂)ခု၊ မြေခွန်ပေးသွင်းမှုဆောင် ရွက်ပေးခြင်း(၂၂၄)ခု၊ မှတ်ပုံတင်ပျောက်ဆုံးခြင်းအတွက်  ထောက်ခံချက်ပြုလုပ် ပေးခြင်း (၅၁)ခု၊ ယစ်မျိုးလိုင်စင် ထုတ်ပေးခြင်း(၁၈၈)ခု၊ ဘိလိယက်ခုံလိုင်စင်ပြုလုပ်ပေး ခြင်း(၃၅)ခု၊ ဂရန်အမှုတွဲ ဆောင်ရွက် ပေးခြင်း(၃၅၃)ခု၊ ဘာသာရေးဆိုင်ရာကိစ္စရပ် များဆောင်ရွက်ခြင်း (၄၀)ခု၊ ဓါတ်သတ္တုခွန်ပေးသွင်းခြင်း(၄)ခု၊ ကျေးလက်ဒေသ ကွင်းဆင်းဆောင်ရွက်ခြင်း(၁၆)ခုတို့ ဆောင်ရွက်ပေးနိုင် ခဲ့ပါသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် အလုပ်/ အကျင့်စာရိတ္တ/ ပြစ်မှု ကင်းရှင်းကြောင်း ထောက်ခံချက် ပြုလုပ်ပေးခြင်း (၁၀၀၁)ခု၊ ရဲထောက်ခံချက်ပြုလုပ်ပေး ခြင်း(၁၃)ခု၊ ပညာပေးဟောပြောခြင်း(၇၃)ခု၊ ယာဉ်စည်း ကမ်း/ လမ်းစည်းကမ်းပညာပေးခြင်း (၁၆)ခုတို့၏ဆောင် ရွက်ပေးနိုင်ခဲ့ပါသည်။ လူဝင်ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနအနေဖြင့် အိမ်ထောင်စုပြောင်း ရွှေ့/ပုံစံ(၆၆/၆) ထောက်ခံချက် ပြုလုပ်ပေးခြင်း(၁၅၄၄)ခု၊ မြို့နယ်ခြားပြောင်းရွှေ့ရန် ထောက်ခံချက်ပေးခြင်း(၇)ခု တို့ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကျန်းမာကြောင်း ထောက်ခံချက်ပြုလုပ်ပေးခြင်း (၁၇၅၇)ခု၊ မွေးစာရင်းပြုလုပ်ပေးခြင်း(၃၃၀)ခုတို့ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ လယ် ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းဦးစီးဌာနအနေဖြင့်ပုံစံ(၁၀၅/၁၀၆)ပြုလုပ်ပေးခြင်း (၂၁၉)ခု၊ မြေရာဇဝင် ပြန်ကြား ပေးခြင်း(၁၅)ခု၊ မြေနေရာ တိုင်းတာပေးခြင်း (၃)ခု၊ မြေယာ တိုင်ကြားစာအား သက်ဆိုင်ရာဌာနနှင့် ချိတ်ဆက်ပေးခြင်း (၁)ခုတို့ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် အခွန်တံဆိပ် ခေါင်းပြုလုပ်ပေးခြင်း(၂၆၂)ခုအား ဆောင်ရွက်ပေးနိုင်ခဲ့ ပါသည်။ စည်ပင်သာယာရေးဦးစီးဌာနအနေဖြင့် လုပ်ငန်း လိုင်စင်ထုတ်ပေးခြင်း(၈၇)ခု၊ အဆောက်အဦဆောက်လုပ် ခွင့်(၇၄)ခုတို့ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ သစ်တောဦးစီး ဌာနအနေဖြင့် မျှောစာထုတ်ပေးခြင်း (၂၀)ခုအား ဆောင်ရွက် ပေးနိုင်ခဲ့ပါသည်။ ပညာရေးဦးစီးဌာနအနေဖြင့် အခြေခံ ပညာကျောင်းများ အုတ်တံတိုင်းကာခြင်းအတွက် ထောက်ခံ ချက်ပေးခြင်း(၆၈)ခုအား ဆောင်ရွက်ပေးနိုင်ခဲ့ပါ သည်။ မြန် မာ့လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် မီတာ တပ်/လိုင်းရှင်းပြုလုပ်ပေးခြင်း (၁၁၁)ခုအား ဆောင်ရွက်ပေး နိုင်ခဲ့ပါသည်။ ထိုသို့ ချိတ်ဆွဲပြသထားခြင်းဖြင့် သိရှိသင့်သောအကြောင်းအရာများဖြစ်သည့် ဆောင်ရွက်နိုင်မည့် လုပ် ငန်းများ၊ အဆိုပါလုပ်ငန်းများအတွက် လုပ်ငန်းစဉ်များ၊ ယူဆောင်ရမည့် စာရွက်စာတမ်းများ၊ အသေးစိတ် ဖော်ပြထားသည့် လက်ကမ်းစာစောင်များကိုလည်းရိုက်နှိပ် ဖြန့်ဝေပေးလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ် စားလှယ်ကြီး၏မေးခွန်းပါ မြေစာရင်းဌာနများ၊ အခွန် ဦးစီးဌာနများ၊ လဝကရုံးများ၊ စည်ပင်ဌာနများမှမူလ ချိတ်ဆွဲထားသော အချက်အလက်များဖြန့်ဝေပြီး လက် ကမ်းစာစောင်များတွင် မပါ၀င်သည့်ဖြန့်ဝေအသိပေးလို သောအချက်အလက်များကိုလွှတ်တော်ကိုယ်စားလှယ်ကြီးများအပါအဝင် ပြည်သူများမှ အကြံပြုဖော်ပြလာပါက နေရာရရှိမှုအခြေအနေအရထပ်မံချိတ်ဆွဲခြင်း၊လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ပေးနိုင်ပါကြောင်းနှင့်ထိုသို့ဆောင်ရွက်ပေးရန်အတွက် သက်ဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)များ နှင့် ဆက်သွယ်အကြုံပြုကြစေလိုကြောင်း ဖြေကြားအပ်ပါသည်။[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးမြင့်နိုင်ဦး၊ အမှတ်(၁)မဲဆန္ဒနယ် တမူးမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့သည် မြန်မာနိုင်ငံ၏ မြောက်ဘက်ရှိ အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ် ခြင်း ထိစပ်ခရိုင်ဖြစ်ပါတယ်။ တမူးမြို့အား ပြည်ထဲရေး ဝန်ကြီးဌာန၏ ၁၉၉၅ခုနှစ်၊ စက်တင်ဘာလ(၁၅)ရက် စွဲပါကြော်ငြာစာအမှတ် ၁/ ၅/ အထက(၂)အရ တမူးခရိုင် ၏အောက်တွင် တမူးမြို့နယ် တစ်ခုတည်းဖြင့် တစ်မြို့နယ် တစ်ခရိုင် အဖြစ်ဖွဲ့စည်းခဲ့ပါသည်။ ၎င်းအပြင် နယ်စပ်မြို့ ဖြစ်သည့် အားလျော်စွာ တမူးခရိုင်အား အထူးခရိုင်အဖြစ် သတ်မှတ်ထားရှိပြီးဖြစ်ပါသည်။ သို့ပါသော်လည်း တမူး ခရိုင်သည် မြို့နယ်အဆင့်ဌာနဆိုင်ရာ(၃၄)ဌာနရှိပြီး ခရိုင် အဆင့် ဌာန(၂၃)ဌာနသာရှိပါသည်။ သို့ဖြစ်ပါ၍တမူးခရိုင် အတွင်း ပြည်သူများ၊ ဝန်ထမ်းများ၊ လုပ်ငန်းမြန်ဆန်ချော မွေ့စေရန်အတွက် ခရိုင်အဆင့်ဌာနများ တိုးမြှင့်ထားရှိပေး ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း။

/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

လက်ရှိမြေပြင်တွင် တမူးမြို့နယ်သည် တစ်မြို့နယ် တစ်ခရိုင်ဖြစ် ဖွဲ့စည်းထားပါသည်။ ခရိုင်အဆင့်ဌာန ဆိုင်ရာ (၂၈)ဌာနရှိပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာ(၁၈) ဌာန သာရှိပါသည်။

အကောက်ခွန်ဦးစီးဌာနသည် တိုင်းဒေသကြီး အဆင့် သာ ဖွဲ့စည်းပုံအသစ်ခွင့်ပြု ထားပြီးဖြစ်၍ ခရိုင်အဆင့် ဖွဲ့စည်းပုံဝန်ထမ်းအင်အား မရှိပါသဖြင့်တိုးမြှင့်ခြင်းမရှိပါ ကြောင်း၊မြို့နယ်ပညာရေးမှူးရုံးအား ခရိုင်အဆင့်တိုးမြှင့် ခြင်းနှင့်စပ်လျဉ်း၍ ခရိုင်ပညာရေးမှူးရုံး ဖွင့်လှစ် နိုင်ရန် အနည်းဆုံး အလယ်တန်းအဆင့် စာသင်ကျောင်း (၁၂၀) ရှိရပါမည်။တမူးခရိုင်အတွင်းအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(၂၆)ကျောင်း၊ မူလတန်းလွန် ကျောင်း (၁၉) ကျောင်းရှိပြီး အလယ်တန်းအဆင့် စာသင်ကျောင်း စုစု ပေါင်း(၅၅)ကျောင်းသာရှိ၍ သတ်မှတ်ချက်နှင့်ကိုက်ညီ မှုမရှိခြင်း၊ ခရိုင်ပညာရေးမှူးရုံး ဖွင့်လှစ်ခွင့်ရရှိနိုင်ရန် အလယ်တန်းအဆင့်စာသင်ကျောင်း ကျောင်းသား/သူ ဦးရေမပြည့်မီခြင်းတို့ကြောင့်ခရိုင်ပညာရေးမှူးရုံးဖွင့်လှစ်နိုင်ရန်အစီအစဉ်မရှိသေးပါကြောင်း၊ မြို့နယ်ဆည်မြောင်း နှင့်ရေအသုံးချမှု စီမံခန့်ခွဲ ရေးဦးစီးဌာနအား ခရိုင်အဆင့်တိုးမြှင့်ခြင်းနှင့်စပ်လျဉ်း၍တမူးခရိုင်အတွင်းရှိရေလှောင်တမံများနှင့်စနစ်တကျ ရေပေးဝေသည့် တူးမြောင်းစနစ် များ မရှိပါကြောင်း၊ ဌာနမှ ထိန်းသိမ်းထားသည့် ရေလွှဲ ဆည်(၅)ခုမှ လယ်မြေဧက(၂၃၉၈)ကို စိုက်ပျိုးရေ ပေးဝေ လျက်ရှိပြီး လိုအပ်သည့် ပြုပြင်မှုများအားနှစ်စဉ် ဆောင် ရွက်လျက်ရှိပါသည်။  ကျေးလက်မှ ထိန်းသိမ်းထားသော ဆည်/ကန်များကိုလည်း ကွင်းဆင်း၍ ဌာနမှ နည်းပညာ အကူအညီများဆောင်ရွက်ပေးလျက်ရှိပါသည်ကလေးမြို့ တွင်ဖွင့်လှစ်ထားရှိသည့်လက်ထောက် ညွှန်ကြားရေးမှူးရုံး မှလည်းတမူးခရိုင်အတွင်းရှိ ဆည်မြောင်းလုပ်ငန်းများ မြန် ဆန်ချောမွေ့စေရန်ဆောင်ရွက်ပေးနိုင်သည့်အတွက် တမူး ခရိုင်အတွင်းခရိုင်အဆင့်ရုံးဖွင့်လှစ်နိုင်ခြင်းမရှိသေးပါ။ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနအား ခရိုင်အဆင့်တိုးမြှင့် ပေးနိုင်ခြင်းနှင့်စပ်လျဉ်း၍ တမူးမြို့တွင် စက်မှုလယ်ယာ စခန်း(ဆွယ်)တွင် ထွန်စက်(၅)စီးဖြင့်သာ လယ်ယာလုပ် ငန်းခွင်များ ဆောင်ရွက်လျက်ရှိပြီး   စခန်း၏လုပ်ငန်း တာဝန်များကိုကလေးခရိုင်ဦးစီးဌာနမှူးရုံး၊ ကလေးမြို့မှ ကြီးကြပ်ဆောင်ရွက်နေပါသဖြင့် ယခုအချိန်တွင်လုပ်ငန်းငန်းခွင်အခြေအနေအရ ခရိုင်အဆင့် တိုးမြှင့်ဖွင့်လှစ်နိုင် ခြင်းမရှိသေးပါ။ မြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်အား ခရိုင်အဆင့်တိုးမြှင့်ဖွစ်နိုင်ခြင်းနှင့် စပ်လျဉ်း၍ တမူးမြို့ တွင် မြို့နယ်ဘဏ်ခွဲအဆင့်သာရှိပြီး ခရိုင်ဘဏ်ခွဲ တာ ဝန်ကို မြို့နယ်ဘဏ်ခွဲကသာ ပူးတွဲတာဝန်ထမ်းဆောင်နေ သဖြင့်၊ ခရိုင်ဖွဲ့စည်းပုံ၊ ဝန်ထမ်းအင်အားထပ်မံခန့်ထား ခွင့် မရရှိခြင်းကြောင့် ခရိုင်အဆင့် တိုးမြှင့်နိုင်ခြင်းမရှိ သေးပါ။  မြို့နယ်စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် ခရိုင်အဆင့်တိုးမြှင့်နိုင်ခြင်း နှင့်စပ်လျဉ်း၍ ကျန်ခရိုင်မြို့ များတွင်လည်း စည်ပင်သာယာရေးအဖွဲ့ အနေဖြင့် ခရိုင်ရုံးများ ပူးတွဲတာဝန်ထမ်းဆောင်နေသဖြင့်၊ ခရိုင် ဖွဲ့စည်းပုံ၊ ဝန်ထမ်းအင်အားထပ်မံခန့်ထားခွင့် မရရှိခြင်း ကြောင့် ခရိုင်အဆင့်တိုးမြှင့်နိုင်ခြင်းမရှိသေးပါ။  မြို့နယ် စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် ခရိုင်အဆင့်တိုး မြှင့် နိုင်ခြင်း နှင့်စပ်လျဉ်း၍ ကျန်ခရိုင်မြို့များတွင်လည်း စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ခရိုင်ရုံးများ သီးခြား ဖွင့်လှစ်ထားရှိမှုမရှိပါကြောင်းနှင့် ခရိုင်ရုံးတိုးမြှင့်ခန့် ထားရန်အစီအစဉ်မရှိပါ။ မြို့နယ်သမဝါယမဦးစီးဌာန အား ခရိုင်အဆင့်   တိုးမြှင့်ဖွင့်နိုင်ခြင်းနှင့် စပ်လျဉ်း၍

သမဝါယမဦးစီးဌာန ဖွဲ့စည်းပုံတွင် တိုင်းဒေသကြီး အဆင့်နှင့်မြို့နယ်အဆင့် ဝန်ထမ်း ဖွဲ့စည်း ပုံသာရှိသဖြင့် ခရိုင်အဆင့်တိုးမြှင့်ပေးနိုင်ခြင်းမရှိသေးပါ။

မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနအား ခရိုင်အဆင့် တိုးမြှင့်ဖွင့်နိုင်ခြင်းနှင့်စပ်လျဉ်း၍ဌာနဖွဲ့စည်းပုံတွင် တိုင်း ဒေသကြီးအဆင့်၊ မြို့နယ်အဆင့်တို့သာ ဖွဲ့စည်းပုံရှိသဖြင့် ခရိုင်အဆင့်တိုးမြှင့်ပေးနိုင်ခြင်း မရှိသေးပါ။  မြို့နယ် ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာနအား ခရိုင်အဆင့်တိုးမြှင့် ပေးနိုင်ခြင်းနှင့်စပ်လျဉ်း၍ ဝင်ငွေ၊ ထွက်ငွေ မျှတစွာ ဆောင်ရွက်ရန်နှင့် မလိုအပ်သော အသုံးစရိတ်များအား ခြိုးခြံခြွေတာရေးမူအရ လက်ရှိ လုပ်ကိုင်ဆောင်ရွက် ရာတွင် အဆင်ပြေချောမွေ့လျက် ရှိပါ သဖြင့်ခရိုင်အဆင့် တိုးမြှင့်ဆောင်ရွက်ရန် အစီအစဉ်မရှိသေးပါ။ မြို့နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအားခရိုင်အဆင့်တိုးမြှင့်ပေးနိုင်ခြင်းမရှိသေးပါ။ မြန်မာ့သစ်လုပ်ငန်း အနေဖြင့် တမူးခရိုင်အတွင်း သစ်ထုတ် လုပ်ငန်းဆောင် ရွက်ခြင်း မရှိသည့်အတွက် ခရိုင်အဆင့်ဌာနတိုးမြှင့်နိုင်ခြင်းမရှိသေးပါ။

မြို့နယ်ပြည်တွင်း အခွန်များဦးစီးဌာနအား ခရိုင်အဆင့် တိုးမြှင့်ပေးနိုင်ခြင်းနှင့် စပ်လျဉ်း၍ ပြည်တွင်းအခွန်များ ဦးစီးဌာနတွင်ခရိုင်အဆင့်ရုံးများဖွဲ့စည်းပုံတွင်ပါရှိခြင်းမရှိ သေးပါသဖြင့် ခရိုင်အဆင့်တိုးမြှင့် ဖွင့်လှစ်ဆောင်ရွက် ရန်မရှိပါ။မြို့နယ်သာသနာရေးမှူးရုံးအား(၂၆-၃-၁၉၉၆) ခုနှစ်တွင် ဖွင့်လှစ်ခဲ့သောမြို့နယ် သာသနာရေးမှူးရုံးရှိပြီး ဖြစ်ပါသဖြင့် ခရိုင်သာသနာရေးမှူးရုံးအဆင့် တိုးမြှင့် ဖွင့်လှစ်မည့် အစီအစဉ်မရှိသေးပါ ။

မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနအား ခရိုင် အဆင့်ရရှိရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ နေပြည်တော်သို့ ဆက်လက်တင်ပြသွားမည်ဖြစ် ပါသည်။ ကုန်တင်ကုန်ကျကော်မတီအား ခရိုင်အဆင့်တိုးမြှင့်ထား ရှိရန် အစီအစဉ်ရှိပါသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနအနေဖြင့် ခရိုင်ရုံးတိုးမြှင့်ဖွင့်လှစ်မည် ဆိုပါက ဝန်ထမ်းအင်အား ဖောင်းပွမှု ဖြစ်ပေါ်လာမည် ဖြစ်ပါ၍ ခရိုင်အဖွဲ့တိုးမြှင့် ဖွင့်လှစ်မည့် အစီအစဉ်မရှိပါ ကြောင်း ဖြေကြားအပ်ပါ သည်။  [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးသိန်းလှိုင်ဝင်း၊ အမှတ်(၂)မဲဆန္ဒနယ် ခန္တီးမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ခန္တီးခရိုင်ရဲစခန်း ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလမှစ၍ အသစ် တည်ဆောက်ပြီးစီးသော အချုပ်ခန်းကို စတင် အသုံးပြုခဲ့ပါသည်။ အချုပ်ခန်းမှာ အလျား(၅၀)ပေ၊ အနံ (၃၀)ပေ၊ အမြင့်(၁၂)ပေ၊ RC အမျိုးအစားဖြစ်ပြီး အမျိုး သားအချုပ်ခန်းနှင့်အမျိုးသမီးအချုပ်ခန်း(၂)ခန်းရှိပါ သည်။ အမျိုးသားအချုပ်ခန်းမှာ အမျိုးသား(၆၀)ဦးနှင့် အမျိုးသမီးအချုပ်ခန်းတွင် အချုပ်သား(၁၀)ဦးထားရှိနိုင် ရန် တည်ဆောက်ထားပါသည်။ သို့ရာတွင် လက်ရှိ ခန္တီး ခရိုင်အချုပ်ခန်းမှာ အမျိုးသား(၁၁၀)ဦးနှင့် အမျိုးသမီး (၁၈)ဦး၊ စုစုပေါင်းအချုပ်သား(၁၂၈)ဦးရှိပါသည်။ လက်ရှိ အချုပ်သားဦးရေဟာ မူလအချုပ်ခန်းဆောက်လုပ်စဉ်က သတ်မှတ်အချုပ်သား ဦးရေထက်(၂)ဆခန့်များပြားနေ တာကို တွေ့ရပါသည်။ ဒါ့အပြင် အချုပ်ခန်း မဆန့်သဖြင့် အချုပ်သား(၁၅)ဦးဟာ အကျဉ်းဦးစီးဌာနသို့ ခွဲပို့ထားရ ပါသည်။ ခရိုင်အဆင့် အချုပ်ခန်းဖြစ်သော်လည်း ရဲအချုပ် ခန်းမရှိပါ။ ဟောခန်းကြီးထဲမှာ အချုပ်သားများ ပြည့် ကြပ် စွာ နေရသည့်အတွက် ကျန်းမာရေးနှင့် ညီညွှတ်မှုမရှိပါ။ (၂၆-၈-၂၀၁၆)ရက်နေ့ကလည်း အချုပ်ခန်းဖောက် ထွက် ပြေးသည့် ဖြစ်စဉ်မျိုးလည်း  လက်ရှိ ခန္တီးခရိုင်အချုပ်ခန်းအား ခရိုင်အဆင့်နှင့်ကိုက်ညီ သည့် အချုပ်ခန်းအဖြစ် တိုးချဲ့ ဆောက်လုပ်ပေးပါရန် သို့ မဟုတ် နောက်ထပ်အဆောက်အဦ တစ်လုံးဆောက်လုပ် ပေးပါရန်နှင့် ဆောက်လုပ်ပေးမည်ဆိုပါကမည်သည့်အချိန် ကာလတွင်ဆောက်လုပ်ပေးမည်ဆိုတာကိုသိရှိလိုကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

ခန္တီးမြို့မရဲစခန်းအဟောင်းသည် ၁၉၆၅ ခုနှစ်က ဆောက်လုပ်ခဲ့သော အဆောက်အဦဖြစ်ပြီး အလျား (၉၀)ပေ၊အနံ(၂၀)ပေရှိ ရဲစခန်းရုံး( အချုပ်ခန်းတွဲလျက် ) အဆောက်အဦ ဖြစ်ပါသည်။ ဖော်ပြပါ အဆောက်အဦသည်ဟောင်းနွမ်းဆွေးမြေ့လာပြီးအချုပ်ခန်းမှာ လုံခြုံရေးစိတ်ချရသည့် အနေအထားမရှိသဖြင့် ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်တွင် အလျား(၆၀) ပေ၊ အနံ(၃၅)ပေ၊ အမြင့်(၁၂)ပေရှိ သံကူကွန်ကရစ်အမျိုးအစား အချုပ်ခန်းသီးသန့် အဆောက်အဦ ထပ်မံဆောက်လုပ်ခွင့်ပြုခဲ့သဖြင့် ဆောက်လုပ်ပြီးစီးပြီဖြစ်ပါသည်။ဖော်ပြပါအသစ်ဆောက်လုပ်ထားသော အချုပ်ခန်းတွင် ဝင်ဆံ့နိုင်သော တရားခံဦးရေမှာ ကျား(၆၀)ဦး၊ မ(၁၅)ဦး၊ စုစုပေါင်း (၇၅)ဦးဖြစ်ပါသည်။တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်း တင်ပြချိန်တွင် တရားခံ ကျား (၁၁၀)ဦး၊ မ(၁၈)ဦး၊ စုစုပေါင်း(၁၂၈)ဦးဖြစ်ပါသည်။

        ယခုလက်ရှိတွင် တရားခံကျား(၁၁၉)ဦး၊ မ(၁၂)ဦး စုစုပေါင်း(၁၃၁)ဦး ချုပ်နှောင် ထားရှိပါသည်။    ခန္တီးမြို့မရဲစခန်းတွင်ချုပ်နှောင်ထားသောတရားခံ(၁၃၁)ဦးအနက် စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့၏ ဒုတိယ ရက် (၁၀၀) စီမံချက် လုပ်ငန်းအကောင်အထည် ဖော်ဆောင် ရွက်မှုဖြင့် ဖမ်းဆီးထားသော တရားခံများမှာ မူးယစ် ဆေးဝါးမှု ကျား(၈၃)ဦး၊ မ(၁၀)ဦး စုစုပေါင်း(၉၃)ဦး တို့ဖြစ်ပါ သည်။

သို့ဖြစ်ပါ၍ ခန္တီးမြို့မရဲစခန်းတွင် ချုပ်နှောင်ထား သော တရားခံ(၁၃၁)ဦး အနက် (၉၃)ဦးသည် ဒုတိယ ရက်(၁၀၀)စီမံချက် လုပ်ငန်းစဉ်အား အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်ရာမှ ဖမ်းဆီးရမိသော တရားခံများဖြစ်ပါသည်။ ခန္တီးမြို့မရဲစခန်းတွင် အခြား အမှုများအဖြင့် ချုပ်နှောင်ထားသော တရားခံများမှာ (၃၈)ဦးသာရှိပါသည်။ခန္တီးမြို့မရဲစခန်းတွင်ချုပ်နှောင်ထားရှိသောတရားခံများအား စိစစ်ရာတွင်  ရဲစစ်ဆေးဆဲ တရားခံကျား(၃)ဦး၊ မ(၁) ဦး၊ စုစုပေါင်း (၄)ဦး၊တရားရုံး စစ်ဆေးဆဲတရားခံကျား(၁၀၀)ဦး၊ မ(၉)ဦး၊ စုစုပေါင်း(၁၀၉)ဦး၊အပြစ်ကျတရားခံကျား(၁)ဦး၊မ(၂)ဦး၊စုစုပေါင်း

ရဲစည်းကမ်း ကျား(၁၅)ဦး ချုပ်နှောင်ထားကြောင်း စိစစ်တွေ့ရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိခန္တီးမြို့မရဲစခန်းတွင် အချုပ်သားများ များပြားနေသဖြင့် အချုပ်တရားခံ လျော့ နည်းကျဆင်းရေးအတွက် သက်ဆိုင်ရာခရိုင်/ မြို့နယ်ရဲ တပ်ဖွဲ့မှူးများ၊ ခရိုင်/မြို့နယ် ဥပဒေအရာရှိများ၊ ခရိုင်/ မြို့နယ်တရားသူကြီးများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိ ရာ ခန္တီးခရိုင်ရဲတပ်ဖွဲ့အနေဖြင့် (၁၆- ၉-၂၀၁၆) ရက်နေ့ တွင်ခရိုင်အဆင့်ဌာနဆိုင်ရာများ နှင့် အချုပ်တရားခံ လျော့နည်းကျဆင်းရေးညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ ပြီး ခန္တီးခရိုင်တရားရုံး၏ (၂၆-၉-၂၀၁၆) ရက်စွဲပါစာ အမှတ်၊၈၁၉/၆-၁/၂၀၁၆ဖြင့် ခန္တီးမြို့မရဲစခန်း မှတရားရုံး စစ်ဆေးဆဲတရားခံများအား ခန္တီးအကျဉ်းထောင်တွင် ပြောင်းရွှေ့ချုပ်မိန့်ပေးမည် ဖြစ်ကြောင်းနှင့် လက်ခံချုပ် နှောင်ထားနိုင်ရေး ကြိုတင်စီစဉ်ထားရှိရန် ခန္တီးအကျဉ်း ထောင်သို့ အကြောင်းကြားခဲ့ရာ ခန္တီးအကျဉ်းထောင်တာဝန်ခံမှ ၂၆-၉-၂၀၁၆ ရက်စွဲပါစာအမှတ်၊ ၁၂၀/ ၀၄/  ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အကျဉ်းဦးစီးဌာနသို့ တင်ပြထားပြီးဖြစ်ပါသည်။

ခန္တီးမြို့မရဲစခန်းသည် ခန္တီးအကျဉ်းထောင်နှင့်(၃) မိုင်ခန့်ကွာ ဝေးပြီး မြို့မရဲစခန်း နှင့်ခန္တီးကျဉ်းထောင် ဆက်သွယ်ထားသော ကားလမ်းမှာ ပွင့်လင်းရာသီတွင် အသုံးပြုသွားလာနိုင်ပါသည်။ခန္တီးမြို့မရဲစခန်းတွင်အချုပ်ယာဉ်ထုတ်ပေးထားရှိပြီးဖြစ်၍ခန္တီးအကျဉ်းထောင် မှ လက်ခံချုပ်နှောင်မည်ဆိုပါက ခန္တီးမြို့မရဲစခန်းအချုပ်ခန်း တွင် ချုပ်နှောင်ထားရှိသော တရားခံများအနက် တရားရုံး စစ်ဆေးဆဲတရားခံများအား ခန္တီးအကျဉ်းထောင်သို့ ပို့ဆောင် ချုပ်နှောင်ထားရှိရေး ဆောင်ရွက်လျက်ရှိပါ ကြောင်း ဖြေကြားအပ်ပါသည်။ [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးမောင်မောင်လတ်၊ အမှတ်(၁)မဲဆန္ဒနယ် ဖောင်းပြင်မြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ဖောင်းပြင်မြို့နယ်တွင် ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံအင်အား အရ အရာရှိ(၂၁)ဦး၊ အခြားအဆင့်(၁၁၁)ဦး၊ စုစုပေါင်း (၁၃၂)ဦး၊ လက်ရှိအင်အား အရာရှိ(၉)ဦး၊ အခြားအဆင့် (၅၄)ဦး၊ စုစုပေါင်း(၆၃)ဦးရှိပါသည်။ ဖောင်းပြင်မြို့မ ရဲစခန်းအချုပ်တွင် ကျားအချုပ်ခန်း(၁)ခန်းနှင့်မအချုပ် ခန်း(၁)ခန်းရှိပါသည်။ ကျားအချုပ်ခန်းမှာ အလျား(၂၀) ပေ(၈)လက်မ၊ အနံ(၁၈)ပေ(၁၁)လက်မ၊ အနံ(၁၀)ပေ (၂)လက်မ၊ အမြင့်(၉)ပေ(၈)လက်မ ကျယ်ဝန်းပြီး၊ အချုပ်တရားခံဝင်ဆန့်မှုမှာ ကျား(၂၀)ဦး၊ မ(၅)ဦး၊ ပေါင်း(၂၅)ဦးသာ ဝင်ဆန့်ပါသည်။ ၂၀၁၅ ခုနှစ်၊ သြဂုတ် လတွင် အချုပ်တရားခံ ကျား(၅၅)ဦး၊ မ(၃)ဦး စုစုပေါင်း (၅၈)ဦးရှိခဲ့ပြီး။ ၂၀၁၆ခုနှစ်၊ သြဂုတ်လတွင် ကျား(၆၀) ဦး၊ မ(၂)ဦး၊ စုစုပေါင်း(၆၂)ဦးရှိပါသည်။ အချုပ်သားဦး ရေမှာ အချုပ်ခန်း၏ ဝင်ဆန့်နိုင်မှုထက် အဆမတန် များ ပြားနေပါသည်။ ရဲတပ်ဖွဲ့ဝင်အင်အား ဖွဲ့စည်းပုံအရေ အတွက်အတိုင်း ပြည့်မီစေရေးအတွက် ဖြည့်ဆည်းပေး ရန် အစီအစဉ် ရှိ/မရှိနှင့် အချုပ်ခန်းတိုးချဲ့ ဆောက်လုပ်ပေးရန်  အစီအစဉ်  ရှိ/မရှိ နှင့်အကယ်၍ ဆောက်လုပ်ပေး မည့် အစီအစဉ်ရှိလျှင် မည်သည့်အချိန်ကာလတွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့၏ဖွဲ့စည်းပုံအင်အားအရ အရာရှိ(၁၃၇၁)ဦး၊ အခြားအဆင့် (၆၈၀၀) ဦး၊ စုစုပေါင်း(၈၁၇၁)ဦး ရှိရမည်ဖြစ်သော်လည်း လက်ရှိ အင်အားမှာ အရာရှိ(၇၈၇)ဦး၊ အခြားအဆင့်(၃၀၇၇)ဦး၊ စုစုပေါင်း(၃၈၆၄)ဦးရှိသဖြင့်ဖွဲ့စည်းပုံအင်အား(၄၇.၂၈၉)  ရာခိုင်နှုန်းရှိပါသည်။

ဖောင်းပြင်မြို့နယ်ရဲတပ်ဖွဲ့သည် ဖွဲ့စည်းပုံ အင်အား အရ အရာရှိ(၂၁)ဦး၊အခြား အဆင့်(၁၁၁)ဦး၊ စုစုပေါင်း (၁၃၂)ဦးရှိရမည်ဖြစ်သော်လည်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ် တင်ပြ ချိန်တွင် ဖောင်းပြင်မြို့နယ်ရဲတပ်ဖွဲ့၏အင်အားမှာ အရာရှိ (၉)ဦး၊ အခြားအဆင့်(၅၄)ဦး၊စုစုပေါင်း(၆၃)ဦး ရှိသဖြင့် ဖွဲ့စည်း ပုံအင်အား၏(၄၇.၇၂၇) ရာခိုင်နှုန်းဖြင့် တာဝန်ချ ထားဆောင်ရွက်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရှိ အင်အား အချိုးနှင့်အညီတာဝန်ချထားခြင်း ဖြစ်ပါသည်။

ဖောင်းပြင်မြို့နယ်ရဲတပ်ဖွဲ့တွင် ဖွဲ့စည်းပုံအင်အား ပြည့်မီရေးအတွက် အခြားတိုင်းဒေသကြီး/ပြည်နယ်များ မှ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့သို့ ပြောင်းရွှေ့ရောက်ရှိ လာသောတပ်ဖွဲ့ဝင်များအား အင်အားအချိုးနှင့်အညီ ဖောင်းပြင်မြို့နယ်ရဲတပ်ဖွဲ့သို့ အင်အားဖြည့်တင်း တာဝန် ချထားပေးလျက်ရှိပါသည်။(၂၉-၈-၂၀၁၆)ရက်နေ့တွင် ရဲတပ်သား(၄)ဦးနှင့် (၂၃-၉-၂၀၁၆)ရက်နေ့တွင် အမျိုး သမီးရဲတပ်သား(၃)ဦး၊ စုစုပေါင်း(၇)ဦးအား ထပ်မံဖြည့် တင်းတာဝန်ချထားခဲ့ပြီးဖြစ်သဖြင့် လက်ရှိအင်အားမှာ အရာရှိ(၉)ဦး၊ အခြားအဆင့်(၆၁)ဦး၊ စုစုပေါင်း(၇၀)ဦး ရှိပြီဖြစ်၍ ဖွဲ့စည်းပုံအင်အား၏ (၅၃.၀၃)ရာခိုင်နှုန်းဖြစ် ပါသည်။ ဖောင်းပြင်မြို့မရဲစခန်းတွင် ကျားအချုပ်ခန်း (၁)ခန်း၊ မအချုပ်ခန်း(၁)ခန်းရှိပြီ အချုပ်တရားခံ ဝင်ဆံ့မှု မှာ ကျား(၂၀)ဦး၊ မ(၅)ဦးဖြစ်ပါသည်။ လက်ရှိအချုပ် တရားခံ ဦးရေမှာ ကျား(၅၄)ဦး၊ မ(၄)ဦး၊ စုစုပေါင်း(၅၈) ဦးဖြစ်ပါသည်။ ဖောင်းပြင်မြို့မရဲစခန်းတွင် ချုပ်နှောင် ထားသော တရားခံ(၅၈)ဦးအနက် စစ်ကိုင်းတိုင်းဒေသ ကြီးရဲတပ်ဖွဲ့၏ ဒုတိယရက်(၁၀၀) စီမံချက်လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှုဖြင့် ဖမ်းဆီးထား သော တရားခံများမှာ  မူးယစ်ဆေးဝါးမှု    ကျား(၂၉)ဦး၊မ(၃)ဦး ၊ စုစုပေါင်း၊ (၃၂)ဦး၊   လောင်းကစားမှု မ(၁)ဦး၊တရားမဝင်သတ္တုတူးဖော်မှု ကျား(၁)ဦး၊ တရားမဝင်သစ် မှောင်ခိုမှုကျား(၁၀)ဦးတို့ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ဖောင်းပြင်မြို့မရဲစခန်းတွင် ချုပ်နှောင် ထားသော တရားခံ (၅၈)ဦးအနက် (၃၅)ဦးသည် ဒုတိယ ရက်(၁၀၀)စီမံချက် လုပ်ငန်းစဉ်အား အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်ရာမှ ဖမ်းဆီးရမိသော တရားခံများဖြစ်ပါသည်။ ဖောင်းပြင် မြို့မရဲစခန်းတွင် အခြားအမှုများဖြင့် ချုပ်နှောင်ထားသော တရားခံများမှာ (၂၃)ဦးသာ ရှိပါသည်။ ဖောင်းပြင်မြို့မရဲစခန်းတွင် အချုပ်တရားခံများ များပြားပြီး အချုပ်ခန်းမှာ ကျဉ်း မြောင်းနေ၍ အချုပ်ခန်းလုံခြုံရေး၊ တရားခံများ၏ ကျန်းမာရေး၊ သန့်ရှင်းရေး၊ နေထိုင်မှုများ အဆင်ပြေ ချောမွေ့စေရန် အလျား(၉၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့် (၁၂)ပေရှိ တစ်ထပ်ရဲစခန်းရုံး( အချုပ်ခန်းပါ )အဆောက် အဦ အသစ်ဆောက်လုပ်ခွင့်ပြုရန် ကုန်ကျမည့် ခန့်မှန်း တန်ဘိုးအား တွက်ချက်၍ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ (၂-၈-၂၀၁၆)ရက်စွဲပါစာအမှတ်၊ ၁၈၅၂(၀၂)/၉၀၇/ထောက် ၃ဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် သို့ တင်ပြထားပြီး ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။ [/symple_accordion_section][/symple_accordion]