လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ကတိကဝတ်ပြုခဲ့သည့် ကြယ်ပွင့်ပြမေးခွန်းနှင့် အဖြေများစာရင်း

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များမှ
ပေးပို့လာသော ကြယ်ပွင့်ပြမေးခွန်းအပေါ် ဖြေကြားချက်များ

ဖြေကြားသည့်ဌာန                     –  လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဒေါ်ဖြူဖြူဝင်း၊ အမှတ်(၁)မဲဆန္ဒနယ်  ကောလင်းမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ကျွန်မတို့ကောလင်းမြို့နယ် တစ်နယ်လုံးတွင် အရက်ချက် လိုင်စင်ချ(၇)ဦးကို မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လိုင်စင်ချထားပေးကြောင်းသိရှိရပါသည်။ နှစ်စဉ်(၇)ဦးသာလိုင်စင်ချထား သော်လည်း လိုင်စင်မဲ့လုပ်ကိုင်နေသောအရက်ဖိုများ အလွန်များပြားနေ သောကြောင့် ကျေးရွာအုပ်စုအတွင်း ရှိ လူငယ်များမှာ မနက်မိုးလင်းမှ မိုးချုပ်သည့်တိုင် အရက်သေစာသောက်စားမူးယစ်ပြီး လူငယ်များ လေလွင့်ပျက်စီးနေသည်ကိုတွေ့ရှိရပါသည်။ ကျေးရွာအသီးသီးရှိ အိမ်ထောင်ဦးစီးများသည်လည်း အချိန်ပြည့်သောက်စားမူးယစ်ပြီး အိမ်ထောင်မှုတာဝန်များလစ်ဟင်းနေကြသဖြင့် မိသားစုစားဝတ်နေရေး အဆင်မပြေ မှုများကြုံတွေ့နေရပါသည်။ လိုင်စင်မဲ့အရက်ချက်ဖိုများကို အရေးယူပေး၍ သက်ဆိုင်ရာတာဝန်ရှိသူများ အား တိုင်ကြားသော်လည်း ငွေပေးငွေယူပြုလုပ်ပြီးဥပဒေနှင့်အညီအရေးယူဆောင်ရွက်ခြင်းမရှိသည်ကို တွေ့ရှိရပါသည်။ နိုင်ငံတော်၏ရက်(၁ဝဝ)စီမံကိန်းတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစီမံချက်များ လုပ်ဆောင်နေချိန်တွင် လိုင်စင်မဲ့အရက် ချက်ဖိုများမှာ ဥပဒေမဲ့စွာလုပ်ကိုင်နေကြပါသည်။ သို့ဖြစ်ပါ၍ ကျေးရွာ အုပ်စုများအတွင်းတွင် ဆူပူသောင်းကြမ်းမှု၊ ခိုက်ရန်ဖြစ်ပွားမှု၊ ရပ်ရွာ အေးချမ်းသာယာရေးကို ထိခိုက်ပျက်ပြားစေပြီး အနာဂတ်မျိုးဆက် သစ်လူငယ်များ မပျက်စီးစေရန်အတွက် ဒေသခံပြည်သူများ၏ ကိုယ်စား တင်ပြအပ်ပါသည်။

၄င်းအကြောင်းအရာနှင့်ပတ်သက်၍ နှစ်စဉ်လိုင်စင် ချထားပေးမှုကို ပယ်ဖျက်ပေးရန်နှင့် ရောင်းချခွင့်ပေးထားသော လိုင်စင်များကိုနည်းသည် ထက်နည်းအောင်ဖြေလျော့ပေးပါရန် အစီအစဉ် ရှိ/မရှိ သိရှိလို ပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ၁။ ကောလင်းမြို့နယ်တွင် နှစ်စဉ်ယစ်မျိုးအစီအစဉ်အရ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ CS-2 -၂ လိုင်စင်(၇)ခု၊ CS-2A လိုင်စင် (၄၆)ခု၊ FL-6  လိုင်စင်(၃)ခု၊FL-9  လိုင်စင်(၄ဝ)ခု၊ FL-12 လိုင်စင်(၆)ခု၊ FL-16လိုင်စင်(၁၃)ခု၊ FL-17 လိုင်စင်(၅)ခု၊ စုစုပေါင်းယစ်မျိုးလိုင်စင် (၁၂ဝ)ခုအား ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွက် ခွင့်ပြုချထားပေး ခဲ့ပါသည်။

၂။ ကောလင်းမြို့နယ်အတွင်း ခွင့်ပြုချထားပေးသော ယစ်မျိုး လိုင်စင်များအား တည်ဆဲယစ်မျိုးဥပဒေ၊နည်းဥပဒေများ၊သတ်မှတ် စည်းကမ်းများ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)၏ ယစ်မျိုး ဆိုင်ရာညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုရှိစေရေး မြို့နယ်အုပ်ချုပ်ရေးမှူးမှ လိုင်စင်စီများကို ခေါ်ယူ၍ စနစ်တကျ အသိ ပေးရှင်းလင်းထားရှိပြီး ခွင့်ပြုထားသည့် ယစ်မျိုးလုပ်ငန်းများမှ တစ်ပါး တရားမဝင်ချက်လုပ်ရောင်းချခြင်းမရှိစေရေး တားဆီးနှိမ့်နှင်းရေးအဖွဲ့ ဖြစ်သည့် မြို့နယ်ရဲတပ်ဖွဲ့မှူး၊စခန်းမှူးများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် လစဉ်၊လဝက်၊လကုန်အစည်းအဝေး၊ လုံခြုံရေးဆိုင်ရာအစည်းအဝေးတို့တွင် တာဝန်ပေးခြင်း၊စာဖြင့် တာဝန် ပေးမှုများ စနစ်တကျဆောင်ရွက်ထားရှိသည့်အပြင် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊စာရေးဝန်ထမ်းများကိုလည်းမြို့နယ်ရဲတပ်ဖွဲ့ နှင့် ပူးပေါင်းဆောင်ရွက်သွားရန် တာဝန်ပေးထားရှိပါသည်။

၃။ ထိုသို့တာဝန်ပေးထားရှိမှုကြောင့် ယစ်မျိုးလိုင်စင် တရားမဝင် ဆောင်ရွက်ခြင်းအား ကွင်းဆင်းအရေးယူဆောင်ရွက်ရာတွင် ၂ဝ၁၆ ခုနှစ်၊ဧပြီလတွင် (၂ဝ)မှု၊မေလတွင် (၄)မှု၊ဇွန်လတွင် (၁၇)မှု၊ဇူလိုင်လ တွင် (၈)မှု၊စုစုပေါင်း(၄၉)မှုအား ယစ်မျိုးဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့ပါသည်။

၄။ ဆက်လက်၍ မြို့နယ်အတွင်း တရားမဝင်ယစ်မျိုး ချက်လုပ်မှု ရောင်းချမှုမရှိစေရေး တရားမဝင်ခွင့်ပြုချက်ဖြင့် ဆောင်ရွက်သော ယစ်မျိုးလုပ်ငန်းများကိုလည်း ဥပဒေ၊နည်းဥပဒေအတိုင်း စည်းကမ်း ချက်များနှင့်ညီညွတ်စေရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီမံဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊မြို့နယ်စည်ပင်၊မြို့နယ်ကျန်းမာရေး၊ မြို့နယ်အခွန်များဦးစီးဌာန၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တို့ပါဝင်သော Task Force ဖြင့် စစ်ဆေးခြင်း၊ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

၅။ လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့မေးခွန်းမှာ လိုင်စင်မဲ့ အရက်ဖိုများအား အရေးယူပေးရန် သက်ဆိုင်ရာတာဝန်ရှိသူများကို တိုင်ကြားသော်လည်း ငွေပေးငွေယူပြုလုပ်ပြီး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း ဖော်ပြထားသည့်အတွက် ထိုကဲ့သို့အရေးယူရန် မျက်ကွယ်ပြုမှုများ ရှိပါက တာဝန်ပျက်ကွက်သူ များအား စိစစ်၍ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ယခုမေးမြန်းမှုအား ၂ဝ၁၆သြဂုတ်လ ၆ ရက်နေ့မှာ သိရှိရလျှင်ရခြင်း ကသာခရိုင်ရဲတပ်ဖွဲ့မှူး၊ ကသာခရိုင် အုပ်ချုပ်ရေးမှူး၊ ကောလင်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကောလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးတို့ထံ ဖုန်းဖြင့်လည်းကောင်း၊ ကြေးနန်းဖြင့်လည်းကောင်း
ဆက်သွယ်၍ လိုင်စင်မဲ့ အရက်ချက်လုပ်မှုများ သြဂုတ်လ(၈)ရက်နေ့ အပြီး စိစစ်ဖော်ထုတ်ဖမ်းဆီးရန်နှင့် ဆောင်ရွက်ပြီးစီးမှုကို သြဂုတ်လ (၉)ရက်နေ့အရောက် ပြန်လည်တင်ပြစေရေး ညွှန်ကြားထားပြီးဖြစ် ကြောင်း၊ထပ်မံပျက်ကွက်ပါက ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရ အရေးယူသွားမှာဖြစ်ပါသည်။

၆။ ယစ်မျိုးလိုင်စင်လုပ်ငန်းများအား ထပ်မံတိုးမြှင့်ခွင့်ပြုရန် အစီအစဉ်မရှိဘဲ ယခင်နှစ်စဉ်လိုင်စင်ချထားပေးသည့် ယစ်မျိုးလုပ်ငန်း များအား ခွင့်ပြုသတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲယစ်မျိုးဥပဒေ၊နည်းဥပဒေ၊လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူခြင်း၊ပယ်ဖျက်ခြင်းတို့ကို ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်းနှင့် ယစ်မျိုးနည်း ဥပဒေ ၁၂ အရ လိုင်စင်ခွန် ပေးဆောင်ရန် ပျက်ကွက်လျှင် လိုင်စင်ရရှိသူသည် အာမခံပေး နိုင်သော ပြစ်မှုတစ်စုံတစ်ရာကို ကျူးလွန်လျှင် ဤဥပဒေပါ ပြဌာန်း ချက်ကို ဖောက်ဖျက်လျှင် လိုင်စင်ပယ်ဖျက်ခြင်း၊ ယာယီရပ်ဆိုင်းခြင်း၊ ဖျက်သိမ်း ခြင်း၊ ပြန်လည်အပ်နှံခြင်းတို့ကို အရေးယူဆောင်ရွက်နိုင်မည်ဖြစ် ပါကြောင်း ဖြေကြားအပ်ပါသည်။
[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –  လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဦးလော်ယုံ၊ အမှတ်(၁)မဲဆန္ဒနယ် လဟယ်မြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ၂ဝဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြခံဥပဒေပုဒ်မ ၅၆(က)အရ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးခဲ့သော်လည်း ယနေ့အချိန်ထိခရိုင်အဆင့်သတ်မှတ်ဖွဲ့စည်းထားသောဌာနများမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးဌာန(၄)ခုသာရှိပြီး ကျန်ဌာန(၂၅)ခုမှာ ခန္တီးခရိုင်အုပ်ချုပ်မှု အောက်တွင်ရှိ နေသည့်အတွက် အုပ်ချုပ်မှုယန္တရားလည်ပတ်ရာမှာ များစွာခက်ခဲပါတယ်။ ဒါ့ကြောင့် … ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အရည်အချင်းနှင့်ကိုက်ညီစွာခရိုင်အဆင့် ထက်မနိမ့်သော အစိုးရဌာနများ တိုးမြှင့်ပေးနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရ၊ ပြည်ထောင်စုအစိုးရ တို့မှ မည်သို့ညှိနှိုင်း ဆောင်ရွက်ပေးမည်ကိုလည်းကောင်း ဆောင်ရွက် ပေးမည်ဆိုပါက မည်သည့်အချိန် ကာလတွင် အကောင် အထည်ဖော် ဆောင်ရွက်ပေးမည်ကိုသိရှိလိုပါကြောင်း မေးမြန်း အပ်ပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများကို တိုက်ရိုက် ကြီးကြပ်လမ်းညွှန်နိုင်ရန်အတွက် မူဘောင်ကိုကျော်လွန်မှသာ ဆောင်ရွက်ခွင့်ရှိမည်ဖြစ်ပါ၍ လုပ်ငန်းများ ထိရောက်မှုလွန်စွာအားနည်းစေပါတယ်။

အလားတူပင်… ဒေသတွင်းအင်ဂျင်နီယာတစ်ဦး တစ်ယောက်မျှမရှိသည့်အတွက် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရာမှာ သာမန်သေးငယ်တဲ့အဆောက်အဦး(သို့)သေးငယ်တဲ့လုပ်ငန်းကိစ္စတစ်ခုခု ကို ဖော်ဆောင်ဖို့ပင်လျှင် အင်ဂျင်နီယာရှိရာ ခန္တီး၊ မန္တလေး၊ မုံရွာ၊ တနိုင်း စသဖြင့် သွားရသည့်အခါ အချိန်ကုန်၊ ငွေကုန်ကြေး ကျများလှပါတယ်။

ဒါ့ကြောင့် … ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအရည်အချင်းနှင့် ကိုက်ညီစွာ ခရိုင်အဆင့်ထက်မနိမ့်သော အစိုးရဌာနများ တိုးမြှင့်ပေး နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရ၊ ပြည်ထောင်စုအစိုးရတို့မှ မည်သို့ညှိနှိုင်း ဆောင်ရွက်ပေးမည်ကိုလည်းကောင်း ဆောင်ရွက်ပေး မည်ဆိုပါက မည်သည့်အချိန် ကာလတွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ၁။ ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၆အရ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတစ်ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ရဒေသငါးခုသတ်မှတ် ခဲ့ပြီး၊၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၆(က)အရ စစ်ကိုင်း တိုင်းဒေသကြီး လေရှီးမြို့နယ်၊လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ် တို့ကို စုစည်းပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ် ခဲ့ပါသည်။

၂။ ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရပေါ်ပေါက်လာသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသငါးခုတို့တွင် ရှမ်းပြည်နယ်ရှိ”ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရုံးအား ဟိုပန်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် လည်းကောင်း၊”ကိုးကန့်” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံးအား လောက်ကိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်လည်းကောင်း၊စစ်ကိုင်းတိုင်း ဒေသကြီးရှိ ”နာဂ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံးအား လဟယ်မြို့တွင် လည်းကောင်း၊ရှမ်းပြည်နယ်”ဓနု”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ရုံးအား ပင်းတယမြို့တွင်လည်းကောင်း၊”ပအို့” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံးအား ဟိုပုံးမြို့တွင်လည်းကောင်း၊ ”ပလောင်” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံးအား နမ့်ဆန်မြို့ တွင်လည်းကောင်း၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရုံးများအဖြစ် အသီးသီးဖွင့်လှစ်ထားပါသည်။

၃။ လက်ရှိအခြေအနေတွင် ”ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ”ကိုးကန့်” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင်သာ ခရိုင်ထွေ/အုပ် ရုံးနှင့် ပေါင်းစပ်ဖွင့်လှစ်ထားသဖြင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ ရုံး စိုက်ဖွင့်လှစ်ထားသော်လည်း နာဂ၊ပအို့၊ဓနု၊ပလောင်၊ကိုယ်ပိုင် အုပ်ချုပ် ရဒေသများတွင် ဒေသထွေ/အုပ်ဌာနများ၊ဒေသစီမံကိန်းရေးဆွဲရေး ဦးစီးဌာန၊ဒေသရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ဒေသမြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ဒေသကော်မရှင်အဖွဲ့ခွဲစသည့်ဌာန(၅)ခုသာ ရုံး စိုက်ဖွင့်လှစ်လျက်ရှိပြီး ကျန်ဌာနများမှာ သက်ဆိုင်ရာခရိုင်များ၏ ကွပ်ကဲမှုအောက် မြို့နယ်အဆင့်ဌာနဆိုင်ရာရုံးများသာရှိပါသည်။

၄။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့များအနေဖြင့် ဒေသအတွင်း မြို့နယ်များ၏ လိုအပ်ချက်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တိုက်ရိုက်တင်ပြခွင့် ရရှိထားပြီးဖြစ်သဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ မြို့နယ်များ၏လိုအပ်ချက်အခြေအနေများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဆောလျင်စွာ သိရှိပြီး ဆောင်ရွက်သင့်သည့် လုပ်ငန်းများ၊ ခွင့်ပြုနိုင်သည်များကို ခရိုင်များနှင့် မြို့နယ်များသို့ တစ်ပြိုင်နက် ခွင့်ပြုညွှန်ကြားဆောင်ရွက် လျက်ရှိ ပါသည်။

၅။ ၂ဝ၁၆ခုနှစ်၊ ဇူလိုင်လရှိ ဌာနဆိုင်ရာ ဝန်ထမ်းအင်အားစာရင်း အရ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံး(သို့မဟုတ်)လဟယ် မြို့တွင် မြို့နယ်လမ်းဦးစီးဌာန၊အင်ဂျင်နီယာဦးစီးဌာနမြို့ပြ(၁)ဦး၊ အငယ်တန်းအင်ဂျင်နီယာ-၂(၂)ဦး အင်အားဖော်ပြထားသော်လည်း ဦးစီးအရာရှိ မြို့ပြနှင့် အငယ်တန်းအင်ဂျင်နီယာ-၂ (၁)ဦးတို့အား ဆင်သေ-လဟယ်လမ်းပိုင်း လမ်းအထူးအဖွဲ့တွင် တွဲဖက်တာဝန်ပေး ထားရှိကြောင်း၊ကျန်အငယ်တန်းအင်ဂျင်နီယာ-၂ (၁)ဦးမှာလည်း တာဝန်ထမ်းဆောင်နေခြင်းမရှိကြောင်း၊အလားတူအင်ဂျင်နီယာများ ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီ တို့တွင် အင်ဂျင်နီယာတစ်ဦးမျှမပါရှိကြောင်း၊လေရှီးမြို့နယ်လမ်းဦးစီး ဌာန၌ အငယ်တန်းအင်ဂျင်နီယာ-၂ မြို့ပြ(၁)ဦးသာရှိပြီး ဆွမ္ပရာမြို့မှ အငယ်တန်းအင်ဂျင်နီယာ-၁ မြို့ပြအား လေရှီးမြို့နယ် လမ်းဦးစီးဌာန အတွက် တွဲဘက်တာဝန်ပေးအပ်ခဲ့ပါသည်။

၆။ လေရှီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တွင် အငယ်တန်းအင်ဂျင်နီယာ-၂ (၁)ဦး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီတွင် အငယ်တန်းအင်ဂျင်နီယာ-၂(၁)ဦး တာဝန်ထမ်း ဆောင် လျက်ရှိ ပါကြောင်း၊ နန်းယွန်းမြို့နယ်လမ်းဦးစီးဌာနတွင် ဦးစီးအရာရှိမြို့ပြ(၁)ဦး၊ အငယ်တန်း အင်ဂျင်နီယာ(၂) မြို့ပြ(၁)ဦး တာဝန်ထမ်းဆောင်လျက်ရှိပြီး၊ နန်းယွန်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် အငယ်တန်းအင်ဂျင်နီယာ-၂(၁)ဦး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတွင် အငယ်တန်းအင်ဂျင် နီယာ-၂ (၁)ဦး တာဝန်ထမ်းဆောင်လျက်ရှိပါသည်။

၇။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံးစိုက်သည့် လဟယ်မြို့တွင် မြို့နယ်လမ်းဦးစီးဌာနမှ အင်ဂျင်နီယာများ၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာများ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီမှအင်ဂျင်နီယာများ(၁)ဦး တစ်ယောက်မှ တာဝန်ထမ်းဆောင်ခြင်းမရှိသည့်အတွက် သက်ဆိုင်ရာတိုင်း ဒေသကြီးလမ်းဦးစီးဌာန၊ တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး စည်ပင်သာယာရေးဦးစီးဌာန များသို့ အကြောင်းကြားပြီး လိုအပ်လျက်ရှိသည့် အင်ဂျင်နီယာများ အမြန်စေလွှတ်ပေးနိုင်ရေး ကြပ်မတ်ဆောင်ရွက်မည်ဖြစ်ပါသည်။

၈။ သို့ဖြစ်ပါ၍ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဒေသ အဆင့် ဒေသအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဒေသစီမံကိန်း ရေးဆွဲရေးဦးစီးဌာန၊ ဒေသရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ဒေသမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒေသကော်မရှင်အဖွဲ့ခွဲ စသည့် ဒေသအဆင့်ဌာနဆိုင်ရာ(၅)ခု သာရှိသဖြင့် ခရိုင်အဆင့်ထက် မနိမ့်သော ဒေသအဆင့်ဌာနဆိုင်ရာများတိုးမြှင့်ဖွဲ့စည်းပေးနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှတဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ် ပါသည်။

[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –  လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဦးကျော်လင်း၊ အမှတ်(၁)မဲဆန္ဒနယ် ကျွန်းလှမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]

ကျွန်တော်မေးမြန်းရခြင်းရဲ့ရည်ရွယ်ချက်မှာ တိုင်းနှင့် ပြည်နယ် များ၊ ခရိုင်ခြင်းဆက်များ၊ မြို့နယ်ခြင်းဆက်များ ဆက်စပ်တည်ရှိနေ၍ မကြာခဏနယ်မြေအငြင်းပွားမှုပြဿနာများ မကြာခဏ ကြုံတွေ့နေရပြီး ပြဿနာများကိုချက်ခြင်းဖြေရှင်းပေးနိုင်မှုများ လွန်စွာမှအားနည်း နေသည်ကိုတွေ့ရှိရ၍ ဖြစ်ပါတယ်။

ကျွန်တော်တို့ ကျွန်းလှမြို့နယ်ဟာ သဖန်းဆိပ်ရေလှောင် တမံတည်ဆောက်မှုကြောင့် မြို့နယ်ကျေးရွာများ ပြောင်းရွှေ့ ခဲ့ရသော မြို့ဖြစ်ပါတယ်။ နယ်နိမိတ်ခြင်း ထိစပ်နေသော မြို့နယ်များမှာ ကန့်ဘလူ၊ တန့်ဆည်၊ ကောလင်း၊ ပင်လည်ဘူးနှင့် မင်ကင်းမြို့နယ်များဖြစ်ကြ ပါတယ်။ ကျွန်းလှမြို့နယ်တွင်း သတ်မှတ်ပေးထားသော်လည်း မြို့၊ ကျေးရွာမြေများနှင့် လယ်ယာလုပ်ကွက်မြေများ၊ စည်ပင်သာယာ မြေများမှာ ကန့်ဘလူမြို့နယ်တွင်းရှိနေကြပြီးမကြာခဏ မြေယာ အငြင်းပွားမှုများနှင့်ရင်ဆိုင်နေကြရပါ တယ်။

ဥက္ကဋ္ဌကြီးခင်ဗျား

၁။ မြို့နယ်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ဆေးရုံမြေ၏ အစိတ်အပိုင်းအချို့ ကန့်ဘလူ မြို့နယ်၏စီမံမှုတွင်း ပါဝင်နေခြင်း။

၂။ Global Buddhist University Project မြေမှာ ကန့်ဘလူ မြို့နယ်၏စီမံပိုင်ခွင့်ဖြစ်နေ၍ လုပ်ငန်းများလုပ်ဆောင်ရန် အခက်အခဲများ ကြုံတွေ့နေရခြင်း။

၃။ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာအချို့နှင့် လယ်ယာလုပ်ကွက် မြေများမှာ ကန့်ဘလူမြို့ စီမံပိုင်ခွင့်နယ်မြေဖြစ်နေ၍ ရပ်/ကျေး စီမံခန့်ခွဲရေးကိစ္စများ၊ လယ်ယာမြေစီမံဆောင်ရွက်ပိုင်ခွင့်များ နှောင့် နှေးကြန့်ကြာနေကြရခြင်း၊
ဥပမာ (က) ပျဉ်းမမြိုင်ရပ်ကွက်၊ လွှတ်တိုက်ကျေးရွာ၊ မဒေါင်ကျေးရွာ၊ ဆွဲလှဲကျေးရွာများမှ တောင်သူများ ကန့်ဘလူမြို့နယ် တွင်းသို့လုပ်ကွက် လယ်ယာမြေများ နိုင်ငံတော်မှ ရေမြုပ်အစားထိုး လုပ်ကွက်ချဆောင်ရွက် ပေးခဲ့သော်လည်း ယနေ့အချိန်ထိ ၄င်းကျေးရွာများမှ တောင်သူများသည် ဒေသခံ တောင်သူများနှင့် လယ်ယာမြေ ပြဿနာများကြုံတွေ့ နေကြရပါတယ်။
(ခ) ကုက္ကိုကုန်း တိုက်နယ်ဆေးရုံကွက်မြေနေရာ မှတ်ပုံတင် နိုင်ရေးကိစ္စ၊
(ဂ) တောင်သူများပုံစံ(၇) အချိန်မီလက်ဝယ်ရရှိရေးများ အခက်အခဲဖြစ်နေခြင်းကိစ္စ၊

၄။ ကသာခရိုင်တောင်ဘက်အစွန် ကောလင်းမြို့နယ်နှင့် ယခင်ရွှေဘိုခရိုင်၊ ယခုကန့်ဘလူ ခရိုင်မြောက်ဘက်အစွန် ကျွန်းလှမြို့နယ် တို့မှာ ခရိုင်၊ ယခုကန့်ဘလူခရိုင်မြောက်ဘက်အစွန် ကျွန်းလှ မြို့နယ်တို့မှာ ခရိုင်ခြင်းဆက်နယ်မြေများဖြစ်ပြီး ထိုနယ်မြေများထဲတွင်

ကန့်ဘလူမြို့နယ်ကျေးရွာအုပ်စု (၈)ခုက ကြားဝင်ရောက်ရောထွေးနေ၍-
(က) နယ်မြေလုံခြုံရေးကိစ္စ
(ခ) မူးယစ်ဆေးဝါးကိစ္စ
(ဂ) သစ်မှောင်ခိုကိစ္စ
(ဃ) ရာဇဝတ်မှုကိစ္စ
(င) ယာဉ်တိုက်မှုကိစ္စများကို ဖြေရှင်းဆောင်ရွက် ရာတွင် အချိန်နှောင့်နှေးကြန့်ကြာပြီး ဒေသခံများဒုက္ဓရောက်ကြရခြင်း။

သို့ဖြစ်ပါ၍ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းမှ ကျေးရွာအုပ်စု(၈)ခုကို ကျွန်းလှ မြို့နယ်တွင်းသို့ ပေါင်းစည်းထည့်သွင်း ပေးနိုင်ပါရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့ နှင့် ချိတ်ဆက်၍ စီစဉ်ဆောင်ရွက်ပေးနိုင်မှု ရှိ/မရှိ သိရှိလိုကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]၁။ မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ဆေးရုံမြေ၏ အစိတ်အပိုင်းအချို့ ကန့်ဘလူမြို့နယ်၏ စီမံမှုအတွင်းပါဝင်နေခြင်းမှာ ကန့်ဘလူမြို့နယ်အတွင်းမှ သစ်ရာပင်အုပ်စုအား ပြည်ထဲရေးဝန်ကြီး ဌာန၏ (၉.၅.၁၉၉၇)ရက်စွဲပါ စာအမှတ်၊ ၂/၄၈/အထ(၂)ဖြင့် ဖျက်သိမ်းခဲ့ ပြီး ကျွန်းလှမြို့နယ်အတွင်းသို့ အဆိုပါအမိန့်အမှတ်ဖြင့် ထန်းပင်ကုန်း ကျေးရွာအုပ်စုနှင့် ရှမ်းစုကျေးရွာအုပ်စုအဖြစ် ဖွဲ့စည်း လွှဲပြောင်းပေးခဲ့ ပါသည်။ထိုသို့လွှဲပြောင်းပေးရာတွင် ပေကုန်း(တ) ကျေးရွာအုပ်စုမပါဝင်ခဲ့ပါ။

၂။ ယခုကျွန်းလှမြို့ ပြည်သူ့ဆေးရုံနှင့် ွူGlobal Buddhist University Projectမြေမှာ ကန့်ဘလူမြို့ ပေကုန်း(တောင်) ကျေးရွာအုပ်စုအတွင်း ကျရောက်ခဲ့ပါသည်။ လွှဲပြောင်းပေးခဲ့သည့် ဧရိယာ အတွင်း မြို့တိုးချဲ့မြေအဖြစ်ဆောင်ရွက်ခဲ့ခြင်းမဟုတ်ဘဲ ကန့်ဘလူ မြို့နယ် ပေကုန်း(တောင်)ကျေးရွာအုပ်စု မြေဧရိယာအတွင်း မြို့တိုးချဲ့ မြေအဖြစ် ဆောင်ရွက်ခဲ့ခြင်းကြောင့်ဖြစ်ပါသည်။

၃။ ကျွန်းလှမြို့နယ် အတွင်းရှိကျေးရွာအချို့နှင့် လယ်ယာ လုပ်ကွက် မြေများမှာ ကန့်ဘလူမြို့နယ်စီမံပိုင်ခွင့်ရနယ်မြေဖြစ်နေ၍ ရပ်/ကျေးစီမံခန့်ခွဲရေးကိစ္စများ၊လယ်ယာမြေစီမံခန့်ခွဲပိုင်ခွင့် ကိစ္စရပ် များနှောင့်နှေးကြန့်ကြာနေကြရခြင်းနှင့်ပတ်သက်၍ ရေမြှုပ်အစားထိုး လုပ်ကွက်ရ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)ရရှိသူများ အနေဖြင့် ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံ လယ်ယာမြေ လုပ်ပိုင်ခွင့်လျှောက်ထားစေပြီး သက်ဆိုင်ရာမြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ထံ ရပ်/ကျေး လယ်/စီ၏ စိစစ်ချက်ဖြင့် လျှောက်ထား စေရမည်ဖြစ်ပါသည်။ ထိုသို့လျှောက်ထားခြင်း၊ လုပ်ကိုင်ခြင်းမရှိဘဲ လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ်မရရှိသည့်အတွက် လယ်ယာ မြေပြဿနာများ ကြုံတွေ့နေရ ခြင်းဖြစ်ပါသည်။

၄။ ကုက္ကိုလ်ကုန်းတိုက်နယ်ဆေးရုံ မြေနေရာ ဧရိယာ (၄.၈၄)ဧကသည် စိုက်ပျိုးမြေအတွင်း ကျရောက်သဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ မြေပုံရေးကူးခွင့် လျှောက်ထားရာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာမှ (၂၇-၄-၂ဝ၁၆)ရက်နေ့တွင် ပုံစံ(၁ဝ၅/၁ဝ၆)ရေးကူးခွင့်ရရှိပြီးဖြစ်ပါသည်။

၅။ တောင်သူများပုံစံ(၇) အချိန်မီလက်ဝယ်ရရှိရေးများ အခက်အခဲဖြစ်နေခြင်းနှင့် ပတ်သက်၍ တောင်သူများအနေဖြင့် ပုံစံ(၇)လက်ဝယ်ရရှိရေးအတွက် သက်ဆိုင်ရာရပ်/ကျေး လယ်/စီထံ ပုံစံ(၁)ဖြင့် လျှောက်ထားရမည်ဖြစ်ပါသည်။ ပိုင်ဆိုင်ခွင့်အထောက် အထား၊ လုပ်ကွက်အစားထိုးချထားခြင်းခံရသည့် အထောက်အထား များဖြင့် ပူးတွဲတင်ပြလျှောက်ထားရန်ဖြစ်ပါသည်။ထို့အပြင် သစ်တောမြေဧရိယာ မပယ်ဖျက်သေးသည့် လုပ်ကွက်အစားထိုးမြေများနှင့် ပတ်သက်၍ပုံစံ(၇)ထုတ်ပေးနိုင်ခြင်းမရှိသေးပါ၊သစ်တော ပယ်ဖျက်ပြီး လုပ်ကွက်အစားထိုး ချထားသည့်မြေနေရာများအား ပုံစံ(၇)ထုတ်ပေးပြီးဖြစ်ပါသည်။

၆။ ကန့်ဘလူမြို့နယ်အတွင်း ရဲကင်း/ရဲစခန်း/လှုပ်ရှား ရဲကင်းများ/လုံခြုံရေး(၁၂)ခုရှိပြီး ရဲတပ်ဖွဲ့အင်အားအနေဖြင့် အရာရှိ (၂၂)ဦး နှင့် အခြားအဆင့် (၁၃၂)ဦး စုစုပေါင်း(၁၅၅)ဦးဖြင့် နယ်မြေ လုံခြုံရေး၊ မူးယစ်ဆေးဝါး၊ သစ်၊ ရာဇဝတ်မှုကိစ္စများ၊ ယာဉ်တိုက် မှုများတွင်အချိန်နှင့်တစ်ပြေးညီဆောင်ရွက်လျှက်ရှိပါသည်။ နယ်မြေ ထူးခြားမှုရှိကလည်း ဖြစ်စဉ်အပေါ်မူတည်၍အရာရှိ/အခြား အဆင့် အင်အားများဖြင့် အချိန်မီစေလွှတ်ဆောင်ရွက်လျက်ရှိပါသည်။

၇။ ကန့်ဘလူမြို့နယ်အတွင်းမှ ကျေးရွာအုပ်စု(၈)အုပ်စုအား ကျွန်းလှမြို့နယ်အတွင်းသို့ ပေါင်းစည်းထည့်သွင်းပေးနိုင်ပါရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ချိတ်ဆက် စီစဉ်ဆောင်ရွက်ပေးနိုင်မှုရှိ/မရှိ နှင့်ပတ်သက်၍ ကန့်ဘလူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်စည်ပင် ကော်မတီ၊ မြို့မိမြို့ဖများ၏ သဘောဆန္ဒအရ ကန့်ဘလူမြို့နယ်အတွင်းမှ ကျေးရွာအုပ်စု(၈)အုပ်စုအား ကျွန်းလှမြို့နယ်အတွင်းသို့ ပေါင်းစည်းထည့်သွင်းပေးရေးကိစ္စအား အဆိုပါကျေးရွာအုပ်စု (၈)အုပ်စု၏ လူထု သဘောထားဆန္ဒအပေါ်အခြေခံ၍ လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြား အပ်ပါသည်။  [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –  လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဒေါ်စုမြတ်ထက်၊ အမှတ်(၂)မဲဆန္ဒနယ် စစ်ကိုင်းမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တွင် ဖွင့်လှစ်လျှက်ရှိသော KTV အနှိပ်ခန်းများအား စိစစ်၍ လုပ်ငန်းလိုင်စင်မရှိပါက ရုပ်မြင် သံကြားနှင့် ဗွီဒီယိုဥပဒေပုဒ်မ၃၂(က)အရ အရေးယူပိတ်သိမ်းသွားရန် အစီအစဉ်ရှိ/မရှိနှင့် တရားဝင်ကင်းလွတ်ခွင့်ရရှိသော KTV လုပ်ငန်းများ အနေဖြင့် ဗွီဒီယိုပြသရေး(ကာရာအိုကေ) လိုင်စင်ထုတ်ပေးမှုနှင့် ပတ်သက်၍ ဗွီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးဗဟိုကော်မတီ၏ (၂ဝ.၈.၂ဝဝဝ)ပြည့်နှစ် ရက်စွဲပါစာအမှတ်၊ ၃-ဗွီ/ကြီးကြပ်(ဗဟို)/၂ဝဝဝ (၂၁၆၄)ပါစည်းမျဉ်းစည်းကမ်း(၁၇)ချက်၊ ဒေသဆိုင်ရာအခြေအနေအရ လိုအပ်ချက်(၂)ချက်၊ ပေါင်းစည်းမျဉ်းစည်းကမ်း(၁၉)ချက်အရ စိစစ်ပြီးလုပ်ငန်းလိုင်စင်ထုတ်ပေးခြင်း ဟုတ်/မဟုတ်နှင့် ပူးတွဲတင်ပြရမည့် အထောက်အထားများ ဥပမာ-လုပ်ငန်းတည်ရာ၏လားရာလေးရပ်မှ ပတ်ဝန်းကျင်ထောက်ခံချက် အစစ်အမှန်များ၊ အမှန်တကယ်ပါ/မပါ စိစစ်၍  Viedo လုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီမှ သတ်မှတ်သည့် လိုင်စင်စည်းကမ်းချက်များနှင့် ညီညွတ်မှုမရှိသည့်ဆိုင်များအား ရုပ်မြင် သံကြားနှင့်  Viedo ဥပဒေပုဒ်မ (၃၆)ဖြင့် အရေးယူပိတ်သိမ်းရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်အပါအဝင် မြို့နယ် အသီးသီးတွင်ဖွင့်လှစ်လျှက်ရှိသော ဗွီဒီယိုပြသရေး (ကာရာအိုကေ) လုပ်ငန်းများအား ဗွီဒီယိုပြသရေး (ကာရာအိုကေ) လုပ်ငန်းလိုင်စင် ရှိ/မရှိ စိစစ်၍ လုပ်ငန်းလိုင်စင်မရှိသည့်ဆိုင်များအား ရုပ်မြင်သံကြား နှင့် ဗွီဒီယိုဥပဒေပုဒ်မ- ၃၂ (က) အရ အရေးယူပိတ်သိမ်းခြင်းများအား ဆောင်ရွက်လျှက်ရှိပြီး ဆက်လက်၍လည်း စိစစ်အရေးယူဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ဗွီဒီယိုပြသရေး (ကာရာအိုကေ)လုပ်ငန်း လိုင်စင်ထုတ်ပေးခြင်းနှင့် ပတ်သတ်၍ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ် ရေးမှူး၊ရဲစခန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏ ပတ်ဝန်းကျင်နယ်မြေအခြေအနေများအား ကွင်းဆင်းစစ်ဆေး ညှိနှိုင်း၍ တင်ပြလာသည့် ထောက်ခံတင်ပြချက်များအပေါ်မူတည်၍ ရုပ်မြင်သံကြားနှင့် ဗွီဒီယိုဥပဒေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန် ကြားချက်များ၊  ဗွီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးဗဟိုကော်မတီ၏ ညွှန်ကြားချက်အဆင့်ဆင့်တို့နှင့်အညီ ထပ်မံစိစစ်၍ လုပ်ငန်းလိုင်စင် များချထားဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဗွီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီအနေဖြင့် စစ်ကိုင်းမြို့နယ် အပါအဝင် တိုင်းဒေသကြီး အတွင်းရှိ  ဗွီဒီယိုပြသရေး (ကာရာအိုကေ) လုပ်ငန်းများအား သတ်မှတ်ထားသည့် လိုင်စင်စည်းကမ်းချက်များ၊ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်၍ စည်းမျဉ်းစည်းကမ်းနှင့် ညီညွှတ်မှုမရှိသည့် ဆိုင်များအား သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ ရုပ်မြင် သံကြားနှင့် ဗွီဒီယိုဥပဒေပုဒ်မ-၃၆ ဖြင့် အရေးယူပိတ်သိမ်းရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။

[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –  လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဦးသန်ညွန့်၊ အမှတ်(၁)မဲဆန္ဒနယ် ဟုမ္မလင်းမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] တရားရုံးများတွင် အမှုနှင့်ပတ်သက်သော သက်သေခံပစ္စည်း များကိုအမှုပြီးဆုံးပြီးနောက် ပြည်သူ့ဘဏ္ဍာသိမ်းအဖြစ် အမိန့်ချမှတ် ထားသည်များရှိသကဲ့သို့ ဟုမ္မလင်းမြို့နယ်တရားရုံးတွင်လည်း တရားမဝင် ရွှေသတ္တုတူးဖော်သည့်စက်မျိုးစုံအလုံး၁ဝဝကျော်နှင့်ရွှေမျှော သုံးဆက်စပ် ပစ္စည်းများပြစ်မှုဖြစ်ပွားပြီးသိမ်းဆည်းထားသည့် ဆိုင်ကယ်များ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သိမ်းဆည်းထားသည့် ဆိုင်ကယ်များ အစီး၁ဝဝကျော်တို့ကို အမှုပြီးဆုံးပြီးနောက် ပြည်သူ့ ဘ@ာသိမ်းအပြင် အမိန့်ချမှတ်ထားခဲ့ပြီးဖြစ်ပါသည်။ထိုသို့ သိမ်းဆည်း ထားသည့်သက်သေခံပစ္စည်းများသည် နေလုံမိုးလုံအဆောက်အဦ အတွင်းသိမ်းဆည်းထားနိုင်ခြင်းမရှိ၍ ပျက်စီးဆုံးရှုံးမှုများ ရှိနေ၍ အခွန်ဘဏ္ဍာတော်အဖြစ်တိုးလာခြင်းမရှိနိုင်တော့ပါ။ဘဏ္ဍာအပြင် သိမ်းဆည်း ထားသော ပစ္စည်းများကသက်ဆိုင်ရာသို့ အစီရင်ခံတင်ပြ ထားခဲ့သော် လည်းလာရောက်သိမ်းဆည်းခြင်း၊လေလံတင်ရောင်းချခြင်း မရှိခဲ့သဖြင့် လုံးဝပျက်စီးဆုံးရှုံးမည့် အနေအထားသို့ ရောက်ရှိသွားနိုင်ပါသည်။

သို့ဖြစ်ပါ၍ တရားရုံးအသီးသီးနှင့် ဟုမ္မလင်းမြို့နယ် တရားရုံးတို့တွင် ဘဏ္ဍာသိမ်းအပြင် သိမ်းဆည်းထားခဲ့သော စက်နှင့်စက်ပစ္စည်းများ ဆိုင်ကယ်များကို မဆုံးရှုံးရလေအောင် မည်ကဲ့သို့ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် လုပ်ကိုင်ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] တရားရုံးများတွင် ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းထားသော မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ ယာဉ်အပိုပစ္စည်းများနှင့် အခြားစက်ပစ္စည်းများကို စီမံခန့်ခွဲနိုင်ရန်အတွက် အယူခံ/ပြင်ဆင် ရက်ကျော်လွန်သည်အထိ စောင့်ဆိုင်းရပါသည်။ထိုသို့စောင့်ဆိုင်းပြီး အယူခံ/ပြင်ဆင်ရက်ကျော်လွန်သည့်အခါ အဆိုပါပစ္စည်းများကို လေလံတင်ရောင်းချရန် ဆောင်ရွက်ရပါသည်။

လေလံတင်ရောင်းချရန်အတွက် သက်ဆိုင်ရာအမိန့်ချမှတ် သည့် တရားရုံးသည် အဆိုပါပစ္စည်းတစ်ခုချင်းစီ၏ တန်ဖိုးကို ကျွမ်းကျင်သူနှင့် ကြမ်းခင်းစျေးသတ်မှတ်ပြီး ပြည်ထောင်စုတရား လွှတ်တော်ချုပ်မှတစ်ဆင့် ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနသို့ ကြမ်းခင်းစျေးတောင်းခံရပါသည်။ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနမှ ကြမ်းခင်းစျေးသတ်မှတ်ချက်ကို ပြည်ထောင်စုတရားလွှတ်တော် ချုပ်သို့ ပြန်လည်ပေးပို့သည့်အခါ ပြည်ထောင်စု တရားလွှတ်တော် ချုပ်က တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်မှတစ်ဆင့် သက်ဆိုင်ရာတရားရုံးသို့ ပြန်လည်ပေးပို့ရပါသည်။

ထိုသို့ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနမှ ကြမ်းခင်းစျေးရရှိသည့်အခါ တိုင်းဒေသကြီး/ပြည်နယ်တရား လွှတ်တော်က တိုင်းဒေသကြီးကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနသို့ ခဲခြစ်စစ်ဆေးပေးရန် အကြောင်းကြားရပါသည်။တိုင်းဒေသကြီးကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ခဲခြစ်စစ်ဆေး ပြန်ကြားချက်ရရှိသည့်အခါမှသာ တရားရုံးက လေလံတင်ရောင်းချရန်အတွက် ဆက်လက် ဆောင်ရွက်ရပါသည်။

ထိုသို့ ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းထားသည့် သက်သေခံ ပစ္စည်းများကို လေလံတင်ရောင်းချခြင်းဖြင့် စီမံခန့်ခွဲနိုင်ရန်အတွက် အယူခံ/ပြင်ဆင်ရက်ကျော်လွန်ရန် စောင့်ဆိုင်းရခြင်း၊ ဗဟိုစက် ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနသို့ ကြမ်းခင်းစျေး တောင်းခံရခြင်း၊ ကြမ်းခင်းစျေးရရှိပါကလည်း တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ ခဲခြစ်စစ်ဆေးပေးရန် အကြောင်းကြားရခြင်း စသည်ဖြင့် အဆင့်ဆင့် အခြားဌာနများနှင့် ဆက်သွယ်ဆောင်ရွက်ရပါသည်။ သက်ဆိုင်ရာဌာနများမှ ပြန်ကြား ချက်များရရှိပါက ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်ထားရှိပါ ကြောင်း ဖြေကြားအပ်ပါသည်။ [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –  လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဦးမောင်တေး၊ အမှတ်(၁)မဲဆန္ဒနယ် ခန္တီးမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာ၊ နန်စီပွန်ဒေသနှင့် မင်းဆင်ကျေးရွာ များတွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသုံးစွဲမှုကို တရားဝင်ကဲ့သို့ ပြုမှုလုပ်ကိုင်နေကြပါတယ်။ လွန်ခဲ့သောနှစ်(၃ဝ)ကျော်ကတည်းက ခန္တီးမြို့နယ် အနာဂတ်လူငယ်များတရားမဝင်ရွှေမှော်နယ်မြေ၊ ကျောက်စိမ်း တွင်းမှော်နယ်မြေများတွင် မူးယစ်ဆေးဝါးကျေးကျွန်ဒဏ်ကို လူးလိမ့် အောင်ခံစားခဲ့ကြရပါတယ်။

လွန်ခဲ့သောနှစ်အနည်းငယ်တွင် မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲမှုကို တွင်ကျယ်စွာ ပေါ် ပေါက်ထင်ထင်လုပ်ကိုင်လာကြပြန်ပါသည်။ ၄င်းအပြင် ခန္တီးမြို့နယ်ရှိ နာဂဒေသအတွက် ဆင်သေကျေးရွာသည် စံပြကျေးရွာသဖွယ်ဖြစ်ပါသည်။ အကောင်းအဆိုးဒွန်တွဲ အတုယူ မှားယွင်းစွာ ဆင့်ကဲရောင်းဝယ်သုံးစွဲမှုများကြောင့် ဒေသတစ်ခုလုံး၏ အနာဂတ် လူငယ်များ လမ်းမှားရောက်ကုန်ကြပြီဖြစ်ပါသည်။

အကျိုးဆက်အနေဖြင့် ခိုးဆိုးလုယက်မှုတစ်နှစ်ထက်တစ်နှစ် တိုးတိုးလာခြင်းနှင့် မကြာသေးခင်လပိုင်းက ဖြစ်ပျက်ခဲ့သော နန်စီပွန် ဒေသဓါးပြတိုက်မှုများဖြစ်ပါသည်။

ခေတ်အဆက်ဆက်အုပ်ချုပ်သူ အဆင့်ဆင့်ပြောင်းလဲသွား သော်လည်း မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ သုံးစွဲမှုကိစ္စရပ်များကို မသိချင်ယောင်ဆောင်၍ဖြစ်စေ တမင်တကာတားဆီးနှိမ်နှင်းမှုများကို မပြုလုပ်နိုင်ခဲ့သော်လည်း ယခုအခါ အစိုးရသစ်မူဝါဒအသစ်ပြောင်းလဲ လာပြီးဖြစ်ပါသောကြောင့် ယခုအုပ်ချုပ်နေသော စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအနေဖြင့် ခန္တီးဒေသအပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး တစ်ခုလုံး၌ ဖြန့်ဖြူးရောင်းချသုံးစွဲနေသော မူးယစ်ဆေးဝါးနှိမ်နှင်းရေးကိစ္စရပ်များတွင် မူဝါဒအသစ်ချမှတ်ပြီး အမျိုးသားရေးအသွင် သဏ္ဍာန်ဖြင့် တားဆီး ပေးခြင်းအစီအစဉ်များ မည်သို့လုပ်ကိုင်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ခန္တီးမြို့နယ်တွင် ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၈) အုပ်စု၊ကျေးရွာပေါင်း(၇၄)ရွာ၊ အိမ်ခြေပေါင်း(၆၁၉၃)အိမ်၊ အိမ်ထောင်စုပေါင်း(၆၆၅၉)စု၊ လူဦးရေ ကျား(၁၇၅၄၆)ဦး၊ မ(၁၇၁၁၇)ဦး၊ ပေါင်း(၃၄၆၆၃)ဦးနေထိုင်ကြပါသည်။ လူမျိုးအလိုက် လူဦးရေမှာ ကချင်လူမျိုး(၆၁၆)ဦး၊ ကရင်လူမျိုး(၆၉)ဦး၊ ချင်းလူမျိုး (၆၁၁)ဦး၊ မွန်လူမျိုး(၇)ဦး၊ ဗမာလူမျိုး(၈၃၃၁)ဦး၊ ရခိုင်လူမျိုး (၂၅၅)ဦး၊ ရှမ်းလူမျိုး(၇၄၃၈)ဦး၊ နာဂလူမျိုး(၁၅၉၉၂)ဦး၊ လီဆူးလူမျိုး(၄၇၂)ဦး၊ တရုတ်လူမျိုး(၁၄ဝ)ဦး၊ ဘဂင်္လားဒေ့ရှ်လူမျိုး(၁၂)ဦး၊ အခြားလူမျိုး (၇၂ဝ)ဦး၊ စုစုပေါင်း(၃၄၆၆၃)ဦးဖြစ်ပါသည်။ ဗုဒ္ဓဘာသာကိုးကွယ်သူ (၂ဝ၈၃၁)ဦး၊ ခရစ်ယာန်ဘာသာကိုးကွယ်သူ(၁၃၇၆၅)ဦး၊ မွတ်ဆလင် ဘာသာကိုကွယ်သူ(၃၇)ဦး၊ အခြားဘာသာကိုးကွယ်သူ (၃ဝ)ဦး တို့ဖြစ်ပါသည်။

ခန္တီးမြို့နယ်တွင် ရဲတပ်ဖွဲ့အင်အားအနေဖြင့် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင်(၂+၂)ဦး၊ ခန္တီးမြို့မရဲစခန်းတွင်(၃+၄၇)ဦး၊ ကောင်းဟိန်နယ်မြေရဲစခန်းတွင်(၁+၉)ဦး၊ လင်းဖားနယ်မြေ ရဲစခန်း တွင် (၁+၆)ဦး၊ ရပ်နားနယ်မြေရဲကင်းတွင်(၁+၃)ဦး၊ မင်းဆင်နယ်မြေ ရဲကင်းတွင်(၁+၄)ဦး၊ စုစုပေါင်း အရာရှိ(၉)ဦး၊ အခြားအဆင့်(၇၁)ဦး၊ ပေါင်း(၈ဝ)ဦးဖြင့် လက်ရှိတာဝန်ထမ်းဆောင်လျှက်ရှိပါသည်။

ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာ၊ မင်းဆင်ကျေးရွာ၊ နန်စီပွန် ဒေသများတွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသုံးစွဲမှုကို တရားဝင်ကဲ့သို့ ပြုမူလုပ်ကိုင်နေခြင်းမဟုတ်ဘဲ ၎င်းဒေသများသည် တောတောင်ထူထပ်ကျယ်ပြန့်သော ဒေသများဖြစ်ပြီး အစဉ်အလာ အလေ့အထတစ်ရပ်ကဲ့သို့ ယခင်ကတည်းက ဘိန်းမဲ၊ ခတ်ပုံများသာ စားသုံးသည့် အလေ့အထများရှိသည့် ဒေသဖြစ်ပါသည်။ ယခု နောက်ပိုင်းတွင် ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများကိုပါ ဝယ်ယူ သုံးစွဲ မှုများ တွေ့ရှိရပါသည်။

ရဲတပ်ဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးများကို နှစ်စဉ်စီမံချက် ရေးဆွဲ၍ စုံစမ်းဖော်ထုတ် ဖမ်းဆီးလျက်ရှိရာ ခန္တီးမြို့နယ်အတွင်း ၂ဝ၁၄ ခုနှစ်တွင် (၇၄)မှု၊ ၂ဝ၁၅ ခုနှစ်တွင် (၂၆)မှု၊ ၂ဝ၁၆ခုနှစ် ဇူလိုင်လအထိ(၁၃)မှု ဖမ်းဆီးအရေးယူနိုင်ခဲ့ပါသည်။ မြို့နယ်ရဲတပ် ဖွဲ့မှူး၊ ရဲစခန်းမှူးတို့မှ မူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေး အတွက် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောမှုအား ၄င်းကျေးရွာများတွင် (၃)ကြိမ်ထက်မနည်း ဆောင်ရွက်ခဲ့ပါသည်။

ခန္တီးမြို့နယ်တွင် ဓါးပြတိုက်မှု၊ လုယက်မှုနှင့်ပက်သတ်၍ ၂ဝ၁၅ခုနှစ်တွင်၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ဖြင့် အမှုဖွင့်အရေးယူမှု (၁)မှုရှိပါသည်။၄င်းအမှုမှာလည်း နာဂဒေသရှိ မူးယစ်ဆေးဝါး ရောင်းချ/သုံးစွဲသူ လူငယ်များမှ ပြစ်မှုကျူးလွန်ခြင်းမဟုတ်ဘဲ လက်နက်ကိုင်အဖွဲ့တစ်ခုမှ ကျူးလွန်ခြင်းသာဖြစ်ပါသည်။ ၁၆.၆.၂ဝ၁၆ ရက်နေ့ ၂၁၁၅ အချိန် ဖြစ်ပွားခဲ့သော နန်စီပွန် ဒေသဓါးပြတိုက်မှုမှာလည်း မူးယစ်ဆေးဝါး ရောင်းချ/ သုံးစွဲသူ နာဂလူငယ်များမဟုတ်ဘဲ လက်နက်ကိုင်အဖွဲ့တစ်ခုမှ နန်စီပွန် ဒေသသို့ဝင်ရောက်စဉ် ထိုဒေသရှိပြည်သူများမှ ဝိုင်းဝန်း ဖမ်းဆီး ကာ သက်ဆိုင်ရာမှ အရေးယူဆောင်ရွက်မှုဖြစ်ပါသည်။ နန်စီပွန် ဒေသသည် ကချင်ပြည်နယ်နှင့် နယ်ချင်းထိစပ်လျှက်ရှိပြီး အညှိရောင်နယ်မြေဖြစ်ပါသည်။ ၎င်းဒေသသည် ကျောက်စိမ်းမှော် များရှိပြီးမှော်ကို အခြေခံလုပ်ကိုင်စားသောက်ကြသော ကျေးရွာ(၃) ခုသာရှိသည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ နယ်မြေရဲကင်း ဖွင့်လှစ်ထားရှိရန် ညွှန်ကြားထားမှု မရှိသည့်အတွက် နယ်မြေရဲကင်း ဖွင့်လှစ်ထားခြင်းမရှိပါ။၄င်းဒေသသည် ရဲစခန်းနှင့် (၂၅)မိုင်ခန့် အကွာတွင်တည်ရှိပြီး နယ်မြေစိုးမိုးမှုမှာ နယ်မြေရဲကင်းဖွင့်လှစ် နိုင်မှုမရှိသဖြင့် မှုခင်းကိစ္စရပ်များရှိသည့်အခါမှသာ နယ်မြေခံတပ်နှင့် ပူးပေါင်း၍ လှုပ်ရှားစိုးမိုးလျှက်ရှိကာ ခန္တီးစစ်ဗျူဟာမှ အရာရှိ တစ်ဦး၊ အခြားအဆင့်(၉)ဦး၊ ပေါင်း(၁ဝ)ဦးဖြင့် အခြေပြုလုံခြုံရေး ဆောင်ရွက်လျှက်ရှိပါသည်။

သို့ဖြစ်ပါ၍ ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာ၊ နန်စီပွန် ဒေသနှင့် မင်းဆင်ကျေးရွာများတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအတွက် ရဲတပ်ဖွဲ့တစ်ခုတည်းမှ ဖမ်းဆီးနှိမ်နင်းခြင်း၊ အသိပညာပေးစည်းရုံး ဟောပြောခြင်းဖြင့် အောင်မြင်မှုရရှိရန်ခက်ခဲပါသဖြင့်  ပြည်သူ တစ်ရပ်လုံးပါဝင်လာစေရေး ပြည်သူ့ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများမှ ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ပါသည်။ လုံခြံရေးအနေဖြင့်  လက်ရှိနယ်မြေခံ ရဲတပ်ဖွဲ့ အင်အားဖြင့် လုံလောက်စွာဖြန့်ခွဲနိုင်မှု မရှိ သည့်အတွက် သီးခြားစုဖွဲ့တာဝန်ပေးအပ်ချထားနိုင်ရေး တိုင်းရဲတပ်ဖွဲ့မှ တဆင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်သို့ တင်ပြဆောင်ရွက်ထားရှိပြီးဖြစ် ပါကြောင်း ဖြေကြားအပ်ပါသည်။ [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –  လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဒေါ်စုမြတ်ထက်၊ အမှတ်(၂)မဲဆန္ဒနယ် စစ်ကိုင်းမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] စစ်ကိုင်းမြို့နယ်၊ အမှတ်(၁)ရဲစခန်းအတွက် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးရန်နှင့် လုံလောက်သောသောက်သုံးရေရရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ အမှတ်(၁)မြို့မ ရဲစခန်းတွင် ဝန်ထမ်းလိုင်းခန်းများသည် လွန်ခဲ့သောနှစ်ပေါင်းများစွာ ကတည်းကဆောက်လုပ်ခဲ့သော ပျဉ်ထောင်အဆောက်အဦးများ ဖြစ်ပါ သည်။နှစ်ပေါင်းများစွာ ပြုပြင်တည်ဆောက်ပေးနိုင်ခြင်း မရှိခြင်းကြောင်း ယိမ်းယိုင်ပျက်စီးနေခြင်းနှင့် ရဲတပ်ဖွဲ့အင်အားနှင့် ရာသီဥတုဒဏ်ခံနိုင်သော လိုင်းခန်းအရေအတွက် လုံလောက်မှုမရှိခြင်းတို့ကြောင့် များစွာဒုက္ခရောက် ကျရပါသည်။ထို့အပြင် သောက်သုံးရေပြည့်စုံလုံလောက်မှုမရှိသည့် အတွက် ပြင်ပများ သောက်ရေသန့်ဗူးများ ဝယ်ယူသောက်သုံးနေကြရပါ သည်။ထို့အတွက် စစ်ကိုင်းမြို့၊ မြို့မရဲစခန်းအတွက် ဝန်ထမ်းအိမ်ရာများကို အမြင်တင့်တယ်မှုရှိစေရန်အတွက် ခေတ်စနစ်နှင့်လျော်ညီသော တိုက်ခန်းများ ဆောက်လုပ်ပေးရန်နှင့် တပ်ဖွဲ့ဝင်မိသားစုများအတွက် သောက်သုံးရေ ပြည့်စုံလုံလောက်စွာရရှိရန် မည်ကဲ့သို့ဆောင်ရွက်ပေး မည်ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] စစ်ကိုင်းမြို့နယ်ရှိ အမှတ်(၁)မြို့မရဲစခန်းတွင် ဝန်ထမ်း နေအိမ်လိုင်းခန်းများသည် လွန်ခဲ့သော နှစ်ပေါင်းများကတည်းက ဆောက်လုပ်ခဲ့သော အဆောက်အဦဖြစ်၍ လူနေထိုင်ရန်မသင့် သော အဆောက်အဦများ (၁၃)ခန်းတွဲ(၁)လုံး၊ (၄)ခန်းတွဲ (၂)လုံး၊ (၂)ခန်းတွဲ(၁)လုံးတို့ကို စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၏                (၆-၇-၂ဝ၁၆)ရက်စွဲပါစာအမှတ်၊၁ဝဝ၂(၂)/၉ဝ၇/ထောက် ၃ ဖြင့် လည်းကောင်း၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွက် (၆)ခန်းတွဲ (၂)ထပ်(၁)လုံးဆောက်လုပ်ခွင့်ပြုရန် စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံး၏ (၃-၁၁-၂ဝ၁၅)ရက်စွဲပါစာအမှတ်၊၁ဝဝ၁(၁)/၉ဝ၇/ ထောက်၃ဖြင့် လည်းကောင်း၊မြန်မာနိုင်ငံတော်ရဲတပ်ဖွဲ့ဌာနချုပ်သို့ တင်ပြထားရှိပြီးဖြစ်ပါသည်။ အမှတ်(၁) မြို့မရဲစခန်းသည် သောက်သုံးရေအဖြစ် မြစ်ရေတင်ရေပေးဝေမှုရရှိကြောင်း ဖြေကြား အပ်ပါသည်။[/symple_accordion_section][/symple_accordion]