လူမှုရေးဝန်ကြီးဌာန ကတိကဝတ်ပြုခဲ့သည့် ကြယ်ပွင့်မပြမေးခွန်းနှင့် အဖြေများစာရင်း

ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၆)တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များမှ ပေးပို့လာသောကြယ်ပွင့်မပြမေးခွန်းအပေါ် ပြန်လည်ဖြေကြားချက်များ

ဖြေကြားသည့်ဌာန                     –   လူမှုရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် − ဒေါက်တာ ကျော်ဇေလင်း၊ မဲဆန္ဒနယ်(၂) ဘုတလင်မြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]

ဘုတလင်မြို့နယ်၊ လေးမြေကျေးရွာအုပ်စု၊ လေးမြေ ကျေးရွာတွင် ကျေးရွာပြည်သူများနှင့် အလှူရှင်များ ပူပေါင်းကာ ၂၀၁၄ခုနှစ်မှ စ၍ မြို့နယ်ကျန်းမာရေးဌာနနှင့် ညှိနှိုင်းကာ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦ ကို ဆောက်လုပ်ခဲ့ရာ (၂၀၁၅)နှစ်ဆန်းပိုင်းတွင် ပြီးမြောက် ခဲ့ပါသည်။ တရား၀င်ကျေးလက်ကျန်းမာရေးဌာနခွဲ တစ်ခု အဖြစ်၊ ကျန်းမာရေးဌာနမှ ဆောင်ရွက်ပေးနိုင်ခြင်းမရှိ သေးပါ။
လေးမြေရွာသည် ကျေးလက်ကျန်းမာရေးဌာန(RHC) ၀န်ဘိုနှင့် နှစ်မိုင်ကျော်ဝေးပြီး လမ်းပန်းဆက်သွယ်ရေး မကောင်းသည့်အပြင် မြစ်ကမ်းပါးကျေးရွာများဖြစ်သဖြင့် မြစ်ရေတက်ချိန်နှင့် မြစ်ရေကျသွားချိန်တွင် သွားရေးလာ ရေး အဆင်မပြေသောကြောင့် ကျန်းမာရေးကိစ္စပေါ်ပေါက် ပါကသွားလာရသည်မှာ ခက်ခဲလှပါသည်။ လေးမြေရွာ သည် အိမ်ခြေ (၂၈၀)ခန့် လူဦးရေ (၁၅၀၀)ခန့် ရှိသော ရွာကြီးတစ်ရွာဖြစ်သဖြင့် အဆိုပါကျေးလက်ကျန်းမာရေး ဌာနခွဲ အဆောက်အဦကို အစိုးရကျန်းမာရေး၀န်ကြီးဌာန လက်အောက်ရှိ ကျေးလက်ကျန်းမာရေးဌာနခွဲအဖြစ်တရား၀င်ဖွင့်လှစ်ပေးရန် လိုအပ်လျက် ရှိပါသည်။
ထို့ကြောင့်ဘုတလင်မြို့နယ်၊ လေးမြေကျေးရွာ အုပ်စု၊ လေးမြေရွာတွင် ကျန်းမာရေး၀န်ကြီးဌာန၊ ကျေး လက်ကျန်းမာရေးဌာနခွဲ၊ (Sub Center) ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ဖွင့်လှစ်မည်ဆိုပါက မည်သည့်အချိန် တွင် တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] စစ်ကိုင်းတိုင်းဒေသကြီးဘုတလင်မြို့နယ်၊ လေးမြေကျေး ရွာအုပ်စု၊ လေးမြေကျေးရွာတွင်ကျေးလက်ကျန်းမာရေး ဌာနခွဲတစ်ခုရရှိစေရန် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏(၄-၄-၂၀၁၆)ရက်စွဲပါ စာအမှတ်၊ ၀၇၅၇/ အစရ-၅/ထွေဖြင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ နေပြည် တော်သို့တင်ပြတောင်းခံပေးထားပြီးဖြစ်ကြောင်းနှင့် ခွင့် ပြုချက်ရရှိပါက  (S/C)ဖွင့်လှစ်ပြီး ကျန်းမာရေး၀န်ထမ်း များခန့်ထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေ ကြား အပ်ပါသည်။ [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန     –   လူမှုရေးဝန်ကြီးဌာန

0မေးမြန်းသည့်လွှတ်တော်အမတ် − ဒေါက်တာ ကျော်ဇေလင်း၊ မဲဆန္ဒနယ်(၂) ဘုတလင်မြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ဘုတလင်မြို့နယ်၊ ကွမ်းခြံအုပ်စု၊ ကွမ်းခြံရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ (sub- center)အဖြစ် သတ် မှတ်ထားပြီး Mid- Wife ခေါ် သားဖွားဆရာမလည်း ခန့်ထားဆောင်ရွက်ထားသည်ကို တွေ့ရပါသည်။ ထိုရွာ တွင် ကျေးလက်ကျန်းမာရေးဌာနခွဲ တည်ဆောက်ရန် အတွက် ကျေးရွာမှ မြေအလှူရှင်က လက်မှတ်ထိုးကာ မြေလှူဒါန်းထားပြီးလည်းဖြစ်ပါသည်။ သို့သော် ဌာနခွဲ အတွက် အဆောက်အဦမရှိသဖြင့် သားဖွားဆရာမသည် ကျေးရွာထဲက မိသားစုတစ်ခုအိမ်တွင်သာ နေထိုင်ပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို လုပ်ကိုင်နေ သည်ကို တွေ့ရပါသည်။ ထိုရွာတွင် ကျေးလက်ကျန်းမာ ရေးဌာနခွဲ အဆောက်အဦ ဆောက်ပေးနိုင်ပါက ကွမ်းခြံ အုပ်စုအတွင်း ကျေးရွာ(၃)ရွာ အကျိုးကျေးဇူးရှိမည်ဖြစ်ပါ သည်။ သို့ဖြစ်ပါ၍ ဘုတလင်မြို့နယ်၊ ကွမ်းခြံအုပ်စု၊ ကွမ်းခြံရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ (Sub – center ) အဆောက်အဦ တည်ဆောက်ရန် အစီအစဉ်ရှိ/ မရှိနှင့် တည်ဆောက်မည်ဆိုပါက မည်သည့်အချိန်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ဘုတလင်မြို့နယ်၊ ကွမ်းခြံအုပ်စု၊ ကွမ်းခြံရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦနှင့်၀န်ထမ်း အိမ်ယာရရှိနိုင်ရေးအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် တွင်ဆောက်လုပ်ခွင့်ရရှိနိုင်ရန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ (၁၅-၉-၂၀၁၆) ရက်စွဲပါ စာအမှတ်- ၂၂၀၃/အစရ-၅/ ၄(၂) ဖြင့် ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ နေပြည်တော်သို့ တင်ပြတောင်းခံထားပြီးဖြစ်ပါ ကြောင်း ဖြေကြားအပ်ပါသည်။[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန     –   လူမှုရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် − ဒေါက်တာ ကျော်ဇေလင်း၊ မဲဆန္ဒနယ်(၂) ဘုတလင်မြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]

  ဘုတလင်မြို့နယ်တွင် ကုန်းသာအုပ်စု၊ မုန်ထူး (သို့မဟုတ်) ထူးကြီးရွာသည် ဘုတလင်၊ အရာတော် နယ်စပ်တွင် တည်ရှိသော ကျေးရွာတစ်ခုဖြစ်ပြီး လမ်းပန်း ဆက်သွယ်ရေးအားနည်းပါသည်။ မုန်ထူးရွာ၊ ဆိပ်လူး အိုင်ရွာ၊ အရာတော်ဘက်တွက် သံပုရာကျင်းရွာ၊ ဝါးတော မရွာ၊ မုံရွာမြို့နယ်ဘက်တွင် ဘော်ဂါရွာတို့နှင့် နီးစပ်ပါ သည်။
သို့သော် တောင်ကုန်းများ တောင်တိုက်များနှင့် အရာတော်ဘက်သို့ သွားလာရခက်ခဲပါသည်။ ကုန်းသာ နှင့်လည်း အတော်အတန်ဝေးသဖြင့် ကာကွယ်ဆေးထိုး ခြင်းစသော ပြည်သူ့ကျန်းမာရေးကိစ္စရပ်များဆောင်ရွက် ရာတွင် အခက်အခဲရှိသကဲ့သို့ အများပြည်သူများ၏ အခြေ ခံကျန်းမာရေးကိစ္စအတွက်လည်း အခက်အခဲရှိနေသည် ကို တွေ့ရပါသည်။
ထိုကျေးရွာတွင် ကျေးလက်ကျန်းမာ ရေးဌာနခွဲ (Sub-center)ဖွင့်လှစ်ရန် လိုအပ်လျှက်ရှိပါသည်။ ထိုရွာ တွင် ကျန်းမာရေးဌာနခွဲဖွင့်လှစ်နိုင်ရန်အတွက် မြေအလှူ ရှင်လည်း ရှိထားပြီးဖြစ်ပါသည်။
ထိုရွာတွင် ကျေးလက်ကျန်းမာရေး ဌာနခွဲ ဖွင့်လှစ် နိုင်ပါက ထူးကြီးရွာအပြင် မုန်ထူးရွာလည်း အကျိုးရှိမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ဘုတလင်မြို့နယ်၊ ကုန်းသာအုပ်စု၊ မုန်ထူးရွာတွင်ဖြစ်စေ၊ ထူးကြီးရွာတွင်ဖြစ်စေ၊ ကျန်းမာ ရေးဌာန၊ ကျေးလက် ကျန်းမာရေးဌာနခွဲ Sub – center ဖွင့်လှစ်ရန် အစီအစဉ်ရှိ/ မရှိနှင့် တည်ဆောက်မည်ဆိုပါက မည်သည့်အချိန်အခတွင် စတင်အကောင် အထည်ဖော်မည် ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]      စစ်ကိုင်းတိုင်းဒေသကြီး၊ဘုတလင်မြို့နယ်၊ကုန်းသာ အုပ်စု၊ ထူးကြီးကျေးရွာတွင် ကျေးလက်ကျန်းမာရေး ဌာနခွဲ အသစ်တစ်ခု တိုးချဲ့ဖွင့်လှစ် ခွင့်ရရှိရန်အတွက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၏ (၄-၄-၂၀၁၆)ရက်စွဲပါစာအမှတ်- ၀၇၅၈/အစရ-၅/ထွေ ဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ နေပြည်တော်သို့ တင်ပြတောင်းခံထားပြီးဖြစ်ပါကြောင်း ဖြေကြားအပ်ပါ သည်။[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန     –   လူမှုရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် − ဒေါက်တာ ကျော်ဇေလင်း၊ မဲဆန္ဒနယ်(၂) ဘုတလင်မြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]ဘုတလင်မြို့နယ်တွင် ကုန်းသာအုပ်စု၊ကုန်းသာရွာသည် ကျေးရွာပေါင်း ဆယ်ရွာခန့်၏ ဗဟိုဖြစ်နေသည်ကို တွေ့ရ ပါသည်။ ဘုတလင်မြို့နယ်နှင့်လည်း (၇) မိုင်ခန့်ဝေးပါ သည်။ လက်ရှိအချိန်တွင် ကျေးလက်ကျန်းမာရေးဌာနခွဲ Sub-center တစ်ခုရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိပါသည်။ လက်ရှိအချိန်တွင် ကုန်းသာအုပ်စု၊ ကုန်းသာရွာ Sub-center သည် မြို့ပေါ်ကျေးလက် ကျန်း မာရေးဌာန(မြို့ပေါ်RHC)၏ ကျန်းမာရေးဌာနခွဲ တစ်ခု ဖြစ်ပါသည်။ သို့သော် မြို့ပေါ်နှင့် ဆယ်မိုင်ခန့်ဝေးကွာပြီး ရွာပေါင်းများစွာခြားထားသည့်အပြင် လမ်းပန်းဆက်သွယ် ရေးလည်း အင်မတန်ခက်ခဲသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ကျန်းမာရေး၀န်ထမ်းများ သွားလာဆောင်ရွက် ရသည်မှာလည်း များစွာအခက်အခဲရှိသည်ကိုလည်း တွေ့ရ ပါသည်။ အဆိုပါကျေးရွာတွင်ကျေးလက်ကျန်းမာရေးဌာန ကို တည်ဆောက်ပေးနိုင်ပါက  ဘုတလင်မြို့နယ် အတွင်းရှိ ကျေးရွာပေါင်းဆယ်ရွာကျော် အကျိုးခံစားရမည်ကိုလေ့လာ တွေ့ရှိရပြီး ဒေသတစ်ခုလုံး၏ ဖွံ့ဖြိုးရေး အတွက်လည်း များစွာအထောက်အကူဖြစ်လာမည်ကို တွေ့ ရပါသည်။
သို့ဖြစ်ပါ၍ ဘုတလင်မြို့နယ်၊ ကုန်းသာအုပ်စု၊ကုန်းသာ ရွာတွင် ကျန်းမာရေး၀န်ကြီးဌာန၊ ကျေးလက်ကျန်းမာရေး ဌာန (Rural Health Center) အဆင့်သို့ အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိနှင့် အဆင့်တိုးမြှင့် ပေးမည်ဆိုပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည် ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ကုန်းသာ ကျေးလက်ကျန်းမာရေးဌာနခွဲသည် မြို့ပေါ် ကျေးလက် ကျန်းမာရေးဌာနအောက်တွင် တည်ရှိပြီး မြို့နယ်ဆေးရုံ နှင့် (၈) မိုင်၊ မြို့ပေါ် RHC နှင့် (၇)မိုင်၊ ကံသာ S/C နှင့် (၃)မိုင် သာကွာဝေးပြီး အိမ်ခြေ (၉၀၈) အိမ်၊ လူဦးရေ (၄၄၃၃)ဦးကို ကျန်းမာရေးစောင့်ရှောက်မှု ပေးလျှက်ရှိ ပါသည်။ ကျေးလက်ကျန်းမာရေးဌာနအဖြစ် အဆင့် တိုးမြှင့်ဖွင့်လှစ်ရန်အခြေခံမူအရ သာမန်အားဖြင့်လူဦးရေ (၁၀၀၀၀)မှ (၁၅၀၀၀)အတွင်းရှိမည် ဖြစ်ပါသောကြောင့် သက်မှတ်ချက်ထက် လူဦးရေနည်းပါး နေပါသဖြင့် ဘုတလင်မြို့နယ် ကုန်းသာကျေးလက်ကျန်းမာရေးဌာန ခွဲအား ကျေးလက်ကျန်းမာရေးဌာနအဖြစ်သို့ အဆင့်တိုး မြှင့်ဖွင့်လှစ်ရန် လိုအပ်မှုမရှိသေးပါကြောင်း ဖြေကြား အပ်ပါသည်။  [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန     –   လူမှုရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −  ဦးမြင့်ထွေး၊ မဲဆန္ဒနယ်(၂) ရေဦးမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ရေဦးမြို့နယ် အောင်ကဲ့ဇင်ကျေးရွာအုပ်စုသည် ရေဦးမြို့နယ်နှင့် (၁၇) မိုင်ကွာဝေးပြီး မိုးရာသီတွင် သွားလာရန်ခက်ခဲသော RMC တူးမြောင်းမကြီးအနီးတွင်တည်ရှိပါသည်။ကျေးရွာ ပေါင်း(၆)ရွာဖြင့် ဖွဲ့စည်းထား သည့် အုပ်စုဖြစ်ပါသည်။ ထိုအောင်ကဲ့ဇင်ကျေးရွာအုပ်စု၊ သမင်တွင်းရွာတွင်ပညာ ရေးအတွက် အစိုးရအထက်တန်းကျောင်း(တွဲ) တည်ရှိပါ သည်။ အောင်ကဲ့ဇင်အထက်တန်းကျောင်း(တွဲ)၏ တက် ရောက်ကျောင်းသားအင်အားမှာ(၇၆၃)ဦး ရှိသည်ကိုအားရ စွာတွေ့ရှိရပါသည်။ ပတ်ဝန်းကျင်ရှိကျေးရွာ အုပ်စုပေါင်း (၆)အုပ်စု ကျေးရွာပေါင်း (၁၇)ရွာမှ အလယ်တန်းနှင့် အထက်တန်းပညာရပ်များကို တက်ရောက်ပညာသင် ကြားနေသည့်အတွက် ကျောင်းဆောင်များလုံလောက်မှု မရှိပါ။ ကျောင်းဆောင်များ မလုံလောက်သည့်အတွက် မူလတန်းသင်ကျောင်းသူ/သားများကို ကပ်လျက် ရှိသည့် ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ရှိသံဃာတော်များ ဆွမ်းစားသည့် ကျောင်းဆောင်ငယ် တွင်ကျောင်းအကျိုးတော်ဆောင်များက လျှောက်ထားတောင်းပန်၍ မူလ တန်းပညာရပ်ကို သင်ကြားပေးနေရပါသည်။ ထို အဆောင်သည်လည်း ဘေးအကာအရံ မရှိပါ။ လက်ရှိ အသုံးပြုနေသည့် အထက်တန်းသင်နှစ်ထပ်ကျောင်း ဆောင်သည် အလှူရှင်တစ်ဦးတည်း လှူဒါန်းသော် လည်း အကြောင်းအမျိုးမျိုးကြောင့် ကျောင်းဆောင်၏ တံခါးရွက်များ၊ ပြတင်းတံခါးများကို ပြီးပြတ်အောင် မလှူဒါန်းနိုင်သောကြောင့်ကျောင်းသူ/သားများအတွက် လုံခြုံမှုမရှိသေးကြောင်း (ဓါတ်ပုံ မှတ်တမ်းနှင့်တကွ) တွေ့ရှိရပါသည်။  အောင်ကဲ့ဇင်အထက်တန်းကျောင်း (တွဲ)တွင် ခွင့်ပြုသည့် ဆရာ/မ အရေအတွက်အတိုင်း ခန့်ထားနိုင်သော ဆရာ/မများ ၏ဝန်ထမ်းအိမ်ရာသည် (၂)ခန်းပတ်လည်၊ (၂)ဆောင်သာရှိသည်ကို စိစစ်တွေ့ရှိ ရပါသည်။ ကျန်ဆရာ/မ များ သည်ကျေးရွာအတွင်း သင့်လျော်သလိုနေထိုင်ရကြောင်း တွေ့ရှိရပါသည်။

ထို့ကြောင့်စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်
(က)ကျောင်းဆောင်အသစ်တည်ဆောက်ရန်ခွင့်ပြုပေး     နိုင်ခြင်း ရှိ/မရှိ
(ခ) ဝန်ထမ်းအိမ်ရာများတည်ဆောက်ရန်ခွင့်ပြုပေးနိုင်           ခြင်းရှိ/မရှိ
−ကိုပညာသင်ကြားနေသောကျောင်းသူ/သားများ၏မိဘများကိုယ်စားမေးမြန်းအပ်ပါသည်။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]      စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အောင်ကဲ့ဇင် သည် စာသင်ဆောင်(၆)ဆောင်ရှိပါသည်။ အဆောင် (၁)(၆၃x၁၈)ပေ သွပ်မိုး၊ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ် ဆောင်တွင် စာသင်ခန်း(၃)ခန်း၊ အဆောင်(၂) (၃၆x၁၈)ပေ သွပ်မိုး၊ ပျဉ်ကာတစ် ထပ်ဆောင်တွင် စာသင်ခန်း(၁)ခန်း၊  အဆောင် (၃) (၃၆x ၁၈)ပေ ဝါးထရံကာ တစ်ထပ်ဆောင်တွင် စာသင်ခန်း(၁)ခန်း၊ အဆောင်(၄)(၁၀၀x၂၀)ပေ သွပ်မိုး၊အုတ်ညှပ်တစ်ထပ် ဆောင်တွင် စာသင်ခန်း(၃)ခန်း၊ အဆောင်(၅) (၁၂၀x၃၀x၂၂)ပေ သွပ်မိုး၊ အုတ်ညှပ်နှစ်ထပ် ဆောင် တွင် စာသင်ခန်း(၈)ခန်း၊ အဆောင်(၆) ( ၁၂၀x၃၀)ပေ သွပ်မိုး၊ အုတ်ညှပ် တစ်ထပ်ဆောင်တွင် စာသင်ခန်း (၃)ခန်းနှင့် ရုံးခန်း(၁)ခန်း စုစုပေါင်း စာသင်ခန်း (၁၉)ခန်းနှင့် ရုံးခန်း (၁)ခန်း ရှိပါသည်။ အဆိုပါ ကျောင်းတွင် သူငယ်တန်း(၂၈)ဦး၊ပထမတန်း (၂၈)ဦး၊ ဒုတိယတန်း(၂၁)ဦး၊တတိယတန်း(၂၀)ဦး၊စတုတ္ထတန်း(၂၆)ဦး၊ မူလတန်းဆင့်သင်ကျောင်းသား စုစုပေါင်း (၁၂၃)ဦး၊ပဉ္စမတန်း(၁၃၀)ဦး၊ ဆဌမတန်း(၁၄၇) ဦး၊ သတ္တမတန်း (၁၄၀)ဦး၊ အဌမတန်း (၁၃၉)ဦး၊ စုစု ပေါင်း လယ်ဆင့်သင်ကျောင်းသားပေါင်း (၅၅၆)ဦး၊ နဝမတန်း(၅၇)ဦး၊ ဒသမတန်း(၂၃)ဦး၊ ထက်ဆင့် သင်ကျောင်းသားပေါင်း(၈၀)ဦး စုစုပေါင်းကျောင်းသား (၇၅၉)ဦးရှိပါသည်။ စာသင်ခန်းနှင့် ကျောင်းသား အချိုးမှာ(၁:၄၀)ဖြစ်သဖြင့် စာသင်ခန်းလုံလောက် မှုရှိပါသည်။ မပြီးပြတ်သေးသော အထက်တန်းသင် (၂)ထပ် ကျောင်းဆောင်ကို ဒုတိယအကြိမ် ၀၄၀၂ ပြင်ဆင် ထိန်းသိမ်းစရိတ်ရရှိပါက ၀၄၀၂ ခေါင်းစဉ် အောက်မှ ခွဲဝေပေးသွားမည်ဖြစ်ပါသည်။
လက်ရှိအခြေအနေတွင် ကျောင်းအဆောက်အဦ ဆောက်လုပ်မှုများ ဦးစားပေးဆောင်ရွက်လျှက်ရှိ သည့်အတွက် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးနိုင် ခြင်း မရှိသေးပါကြောင်း ဖြေကြားအပ်ပါသည်။[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန     –   လူမှုရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −  ဦးမြင့်ထွေး၊ မဲဆန္ဒနယ်(၂) ရေဦးမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]

ရေဦးမြို့နယ်၊ မဲအိုးကျေးရွာအုပ်စု၊မဲအိုးကျေးရွာတွင် ဦးထွန်းနိုင် ကဥက္ကဌအဖြစ်တာ၀န်ထမ်းဆောင်၍ဉာဏ္ဏရောင်ခြည်ပရဟိတ မျက်မမြင်ကျောင်းကို အဖွဲ့၀င်(၆)ဦးဖြင့်တည်ထောင်ထားပြီး (၁၇.၆.၂၀၁၅)ရက်နေ့ကပထမလွှတ်တော်ကိုယ်စားလှယ်များက ဖွင့်လှစ်ပေးခဲ့ပါသည်။ ဉာဏ္ဏရောင်ခြည်ပရဟိတ မျက်မမြင် ကျောင်းသည် ရည်ရွယ်ချက်(၅)ခုဖြင့်ရပ်တည်ထားပြီး ဦးဇောတိက (လှိုင်သာယာမြို့နယ် ရန်ကုန်မြို့)ကသြဝါစရိယ ဆရာတော်အဖြစ်တာဝန်ယူကာမဲအိုးကျေးရွာအုပ်စု၊မြင်းပေါက်ကျေးရွာအုပ်စုနှင့်တောင်ကုန်းကျေးရွာများ၏ ရပ်မိရပ်ဖများ ကနာယက၊ စာရင်းစစ်များအဖြစ်တာဝန် များကိုဝိုင်းဝန်း ထမ်းဆောင်နေကြောင်းဝမ်းမြောက်ဖွယ်တွေ့ရှိရပါသည်။   ယခုအချိန်တွင် ဉာဏ္ဏရောင်ခြည်ပရဟိတမျက်မမြင်ကျောင်း တွင်မျက်မမြင်သင်တန်းသား(၁၀)ဦးနှင့် မျက်မမြင်သင်တန်းသူ (၁)ဦး တို့ပညာသင်ကြားပြီး မိမိဘဝကိုမိမိတို့ကိုယ်တိုင် နီးစပ်ရာ မြို့နယ်၊ ကျေးရွာများသို့သွားရောက်ပြီး အနုပညာတေးဂီတဖြင့် ရပ်တည်နေကြရပါသည်။
ဉာဏ္ဏရောင်ခြည်ပရဟိတမျက်မမြင်ကျောင်းကို လူမှုဝန်ထမ်း ဦးစီးဌာန လက်အောက်ခံအသင်းအဖွဲ့အဖြစ် လက်ခံအသိအမှတ်ပြုပေးနိုင်ပါရန် ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ(၁၀)ရက်နေ့ရက်စွဲ ဖြင့် တိုင်းဒေသကြီးဦးစီးမှူး၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီး ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သို့ဦးတိုက်လျှောက်ထား ခဲ့ပြီး ဖြစ်သော်လည်းယခုအချိန်အထိတရားဝင် အသိအမှတ် မပြုပါကြောင်း တေးဂီတဖြင့်ဖြေဖျော်ပြီးချီးမြှင့်ငွေ ၊အလှူငွေ လက်ခံရာတွင်အခက်အခဲများကြုံတွေ့နေရကြောင်းစီစစ်တွေ့ ရှိရပါသည်။
သို့ဖြစ်ပါ၍ ဉာဏ္ဏရောင်ခြည်ပရဟိတမျက်မမြင်ကျောင်းကို လူမှုဝန်ထမ်းဦးစီးဌာန၏လက်အောက်ခံအသင်းအဖွဲ့အဖြစ်  အမြန်ဆုံးလက်ခံဆောင်ရွက်ပေးမှသာ မျက်မမြင်(၁၁)ဦးတို့၏  စားဝတ်နေရေးနှင့်သင်ကြားရေးတို့လွယ်ကူချောမွေ့မည်ဖြစ်ပါ သည်။ဦးစီးဌာန၏မူဝါဒထက် လက်တွေ့ဖြစ်ပျက်နေသော လူသားဒုက္ခများကိုရှေ့ရှုလျှက် ဉာဏ္ဏရောင်ခြည်ပရဟိမျက်မမြင် ကျောင်း(ရေဦး)ကိုလက်အောက်ခံအသင်းအဖွဲ့အဖြစ်အမြန်ဆုံးလက်ခံဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိကို မျက်မမြင်များ ကိုယ်စားမေးမြန်းအပ်ပါသည်။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

၁။   ရေဦးမြို့နယ်မဲအိုးကျေးရွာအုပ်စု၊ မဲအိုး ကျေးရွာတွင် ဖွင့်လှစ်ထားသောဉာဏ္ဏရောင် ခြည်ပရဟိတမျက်မမြင်ပညာသင်ကျောင်း အားလူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြု ပေးပါရန် (၁၀.၉.၂၀၁၅)ရက်နေ့တွင်လျှောက် ထားခဲ့ပါသည်။မသန်စွမ်းသင်တန်းကျောင်းများ တည်ထောင်ခွင့်ပြုရန်လျှောက်လွှာတွင် အောက်ပါအချက်အလက်များဖြင့်လူမှုဝန်ထမ်း ဦးစီးဌာနသို့တင်ပြရမည်ဖြစ်ပါသည်-

(က) ကျောင်း၏ရည်ရွယ်ချက်
(ခ)  ကျောင်းအမျိုးအစားတည်နေရာ
(ဂ)  လျှောက်ထားသည့်အဖွဲ့အစည်း
(ဃ) ကျောင်းသားဦးရေအမည်စာရင်း
(င)   ကျောင်း၏မြေပိုင်ဆိုင်မှုအခြေအနေ
(စ)  ကျောင်း၏အဆောက်အဦးပိုင်ဆိုင်မှု
(ဆ)  ကျောင်းပိုင်ပစ္စည်းများအခြေအနေ
(ဇ)  ကျောင်း၏ငွေကြေးအခြေအနေ
(စျ)  ကျောင်း၏ဖွံ့ဖြိုးရေးလုပ်ငန်းများ နှင့်နှစ်စဉ်ဝင်ငွေ
(ည) သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အ စည်း၏ထောက်ခံချက်
(ဋ)  အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ပြုရန် လျှောက်ထားချက်
၂။    ဉာဏ္ဏရောင်ခြည်ပရဟိတမျက်မမြင် ပညာသင်ကျောင်းအား လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြုရန် လျှောက်ထားခဲ့မှုအပေါ် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီး ဌာနမှ စိစစ်ခဲ့ရာ အောက်ပါတို့လိုအပ်နေ သည်ကို စိစစ်တွေ့ရှိရပါသည်-

(က) ကျောင်းသားဦးရေအမည်စာရင်း
(ခ)   ကျောင်း၏မြေပိုင်ဆိုင်မှုအခြေအနေ
(ဂ)  ကျောင်း၏အဆောက်အဦးပိုင်ဆိုင်မှု
(ဃ)  ကျောင်းပိုင်ပစ္စည်းများအခြေအနေ
(င)  ကျောင်း၏ငွေကြေးအခြေအနေ
(စ) ကျောင်း၏ဖွံ့ဖြိုးရေးလုပ်ငန်းများ နှင့်နှစ်စဉ်ဝင်ငွေ
(ဆ) သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အ စည်း၏ထောက်ခံချက်
(ဇ)  အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ပြုရန် လျှောက်ထားချက်
၃။    အထက်ပါသတ်မှတ်ချက်များပြည့်စုံပါ ကလူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြု ရရှိရေး အမြန်ဆုံးဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။ [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန     –   လူမှုရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −  ဦးမောင်မောင်၀င်း၊ မဲဆန္ဒနယ်(၁) ၀က်လက်မြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]

မြန်မာနိုင်ငံတဝှမ်းလုံးတွင် မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းကို စစ်အစိုးရလက်ထက်မှ စတင် ဖွဲ့စည်းခဲ့သည်ဟု နားလည်မိပါသည်။ ယခုအချိန်ထိ ၎င်း အဖွဲ့အစည်းသည်တည်ရှိနေပြီး လစဉ်ကြေးနှင့် ရန်ပုံငွေ များရှာဖွေလျက်ရှိကြောင်း လေ့လာသိရှိပါသည်။ ခေတ် အဆက်ဆက်တွင်လည်းမျက်မြင်သိရှိမှုများအရကျွန်တော် တို့မြို့နယ်မှ မိခင်နှင့် ကလေးစောင့်ရှောက်မှုအသင်း သည် ဟန်ရေးပြအဆင့်သာရှိပြီး မြို့နယ်ဆေးရုံသို့ တက် ရောက်ကုသခံယူနေသော မည်သည့်မိခင်နှင့် မည်သည့် ကလေးကိုမျှလာရောက် တွေ့ဆုံဆွေးနွေးအားပေးခဲ့ခြင်း မရှိခဲ့ဘူးကြောင်း မြို့နယ်ဆေးရုံတွင် တာ၀န်ထမ်းဆောင် လျက်ရှိသောဆရာ၀န်ထံမှမေးမြန်းသိရှိခဲ့ရပါသည်။
မြို့နယ်ကလေးပြိုင်ပွာများ ကျင်းပသောအခါတွင် လည်းမြို့ပေါ်အလှူခံ၍ ဆုပေးခဲ့ခြင်းသာရှိပြီး အမျိုးသား ကျန်းမာရေးဆေးတိုက်ကျွေးသော လှုပ်ရှားမှုများ တွင် သာ သတင်းအဖြစ်ပါ၀င် ဆောင်ရွက်လျက်ရှိပါသည်။                  မိခင်နှင့်ကလေးအသင်းကို ဘန်းပြ၍ မြို့နယ် အာ ဏာပိုင်အဖွဲ့အဆင့်ဆင့်သည် မလျှော်ကန်သော ရန်ပုံငွေ ရှာဖွေမှု၊ အများပိုင်နေရာတွင် ကျူးကျော်ဆောင်ရွက်မှု များကြောင့် တချို့အိမ်များမှ ယနေ့ထိရေဆိုးများ ပတ် လည်ဝိုင်းရန်ခံနေရပြီး ရေစီးရေလာပိတ်ဆို့ ဆောင်ရွက် ခဲ့မှုများ ယနေ့ထိခံရဆဲ ဖြစ်ပါသည်။သို့ပါ၍ မြို့နယ်တိုင်းရှိ ဟန်ရေးပြမိခင်နှင့်ကလေးအသင်းများအား မြို့နယ်ကျန်း မာရေးဌာနများမှ တာ၀န်ယူဆောင်ရွက်ပေးနေပါသဖြင့် အကျိုးပြုမှုမရှိသော အသင်းအဖွဲ့အား ခုတုံးလုပ်၍ မိမိတို့ အကျိုးစီးပွားရှာနေသော ဟန်ဆောင်အဖွဲ့များအပေါ် တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ မည်ကဲ့သို့သော အစီအမံများဖြင့် ထိ ရောက်စွာ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း ဒေသ ခံများကိုယ်စား မေးမြန်းအပ်ပါသည်။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း သည်မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မိခင်နှင့်ကလေး များ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှုဘဝအဆင့်အတန်းမြင့် မားလာစေရေးအတွက် ရည်သန်၍ဖွဲ့စည်းထားသော စေတနာ့၀န်ထမ်းလူမှုရေးအဖွဲ့အစည်းတစ်ရပ်ဖြစ်ပါသည်။
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကိုနိုင်ငံ တော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က စေတနာ့ ဝန်ထမ်းလူမှုရေးအဖွဲ့အစည်းတစ်ခုအဖြစ် ဥပဒေအမှတ်၊ ၂၁ /၉၀ကို ထုတ်ပြန်ပြီး၊ ၁၉၉၁ခုနှစ်၊ ဧပြီလ (၃၀)ရက် နေ့တွင် ဖွဲ့စည်းပေးခဲ့ပါသည်။ ၎င်းဥပဒေတွင် အခန်း (၇)ခန်းနှင့် ပုဒ်မပေါင်း (၃၈)ခုပါဝင်ပါသည်။
တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးသင်းအဆင့်ဆင့်သည် နိုင်ငံတော်မှဖွဲ့စည်းပေး ထားသော အသင်းဖြစ်သော်လည်း အသင်းတွင်ပါဝင်လှုပ် ရှားကြ သောအမှုဆောင်များမှာလစာဖြင့်ခန့်ထားသူများ မဟုတ်ဘဲစေတနာ့ဝန်ထမ်းများ သာဖြစ်ပါသည်။
မည်သည့် အဖွဲ့အစည်းများ၏ ထောက်ပံ့မှုရယူခြင်းမရှိဘဲ ဥပဒေပါ ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ တရား၀င် အလှူ ငွေကောက်ခံခြင်း၊  မှန်ကန်သော နည်းလမ်းဖြင့် ရန်ပုံ ငွေများရှာဖွေ၍ လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါ သည်။ ရန်ပုံငွေမရှိဘဲလုပ်ငန်းများ ဆောင်ရွက်၍ မဖြစ်ပါ။ ဝက်လက်မြို့နယ် မိခင်နှင့်စောင့်ရှောက်ရေးအသင်း သည် ရန်ပုံငွေရရှိရန်အတွက် အမှုဆောင်များမှ ယခင်က ဘောလုံးပွဲများတွင် ရေခဲချောင်း ရောင်းချခြင်း၊စက်ဘီး ဆိုင်ကယ်များ အပ်နှံလက်ခံခြင်း၊ ဘုရားကြီးပွဲစျေးတွင် မုန့်ဟင်းခါးချက်ပြုတ်ရောင်းချခြင်း၊ ရုပ်ရှင်ပြသ၍ ရန်ပုံ ငွေရှာခြင်းစသည်ဖြင့် တရားနည်းလမ်းကျစွာ ရှာဖွေ ဆောင်ရွက်ခဲ့ကြပါသည်။ ၀က်လက်မြို့နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းသည် ရန်ပုံငွေရရှိရေး ၂၀၀၈ ခုနှစ်မှ စတင်၍ မြေလွတ်တွင် ၈ပေ × ၁၂ ပေ (၃)ခန်း ဆောက်လုပ်ခဲ့သော်လည်း ၂၀၁၆ ခုနှစ်တွင် ဇွန်လဆန်းမှစတင်ပြီး၊ကျူးကျော်ဆိုင်များ ဆောက်လုပ် နေထိုင်ခြင်းမရှိပါ။အသင်းပိုင်ရုံးကိုကျန်းမာရေးဌာနဝင်းအတွင်းလည်းကောင်း၊ မိခင်နှင့်ကလေးမူကြိုကျောင်းအား သီးခြား မြေလွတ်မြေလပ်တွင် (၂၀၀၀) ပြည့်နှစ်က ဆောက်လုပ်ထားပြီး၊ မည်သည့်နေရာတွင်မျှ လမ်းပေါ်ကျူးကျော် ဆောက်လုပ်ထားမှုမရှိပါကြောင်းနှင့် မြို့ပေါ် ရှိ အိမ်တစ်ချို့ ရေများဝန်းရံနေခြင်းမှာ စည်ပင်သာယာ မှ ရေစီးရေလာဆောင်ရွက်ရမည့်လုပ်ငန်းသာဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။
၀က်လက်မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းမှ အသက်(၆၀)နှစ်နှင့် အထက်သက်ကြီး ဘိုး ဘွားများအားကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းကိုအခမဲ့  (၂၀၀၉)ခုနှစ်မှ စပြီး(၁၀)နှစ်ကျော် စောင့်ရှောက်ပေး ခဲ့ပြီး၊ ၂၀၁၁ခုနှစ်မှစ၍ စေတမန်လူငယ်အဖွဲ့မှ ပူးပေါင်း ၍ ယနေ့အထိ အပတ်စဉ် သောကြာနေ့တိုင်း ဘိုးဘွား (၃၀၀)ဦးခန့်တို့အား ကြက်သားဆန်ပြုတ်အာဟာရကျွေး ခြင်းနှင့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယနေ့ထိ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ကြို့ပင် ကျောင်း ဘိုးဘွားရိပ်သာရှိ  ဘိုးဘွား(၅၀)ဦးခန့်ကို လည်း အပတ်စဉ်မြို့နယ်မိခင်နှင့်ကလေး၊ကျန်းမာရေး ဝန်ထမ်းများနှင့်ပူးပေါင်းပြီးကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိပါသည်။
မြို့နယ်မိခင်နှင့် ကလေးအသင်းမှ ကိုယ်ထူကိုယ်ထအဆောက်အဦဆောက်လုပ်၍မူကြိုကျောင်းကို (၂၀၀၀)  ပြည့်နှစ်မှ စတင်ဖွင့်လှစ်ခဲ့ရာ ယနေ့အထိ ဆရာမ(၂) ဦးဖြင့် ကျောင်းသား/သူ(၄၀)ဦးခန့် ဖွင့်လှစ်သင်ကြား လျက်ရှိပါသည်။ ၂၀၁၆ ခုနှစ်၊ ဧပြီလ(၂)ရက်နေ့မှစတင် ပြီး၊ အသင်းရန်ပုံငွေရရှိရေးအတွက်အသင်းပိုင်ငွေအရင်း အနှီးမရှိသဖြင့် မြို့နယ်မိခင်ကလေး ဥက္ကဌဒေါ်စန်းယုမြင့် မှ ငွေကျပ်(၁)သိန်း၊ အမှုဆောင် ဒေါ်မြင့်ဆွေ မှ ငွေကျပ် (၅)သောင်း၊ ရင်းနှီးမတည်ငွေ စိုက်ထုတ်ပြီး၊ အသေး စားလှည့်လည်ချေးငွေစနစ်ဖြင့် အသင်း၀င်များကို ချေး ငှားကာ ရန်ပုံငွေတိုးပွားအောင် လူမှုရေး စိတ်ဓာတ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး မည်သူတစ်ဦး တစ်ယောက်ထံမှ အလှူခံခြင်းမရှိပါ။
၂၀၁၆ခုနှစ်၊ ဧပြီ(၂)ရက်နေ့မှ ယနေ့အထိမြို့နယ်အတွင်း အသင်း၏လှုပ်ရှားမှုကို တင်ပြရပါလျှင် (၁၇. ၄.၂၀၁၆) ရက်နေ့၊နှစ်ဆန်းတစ်ရက်နေ့တွင်သက်ကြီးဘိုးဘွားများ ကန်တော့ခြင်း၌ လက်ဖက်ရည် နှင့် မုန့်လှူဒါန်းခြင်း၊ မေလတွင် ပညာရေးဌာနနှင့်ပူးပေါင်း၍ ကျောင်းအပ်နှံရေး အခမ်းအနားများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ (၂.၆.၂၀၁၆)ရက်နေ့တွင် အမှတ်(၁)ရပ်ကွက်မှအဘွား ဒေါ်ကြည်လှ (၈၈)နှစ်၊အမှတ်(၂)ရပ်ကွက်၊ ဘုရားကြီးကျောင်းရိပ်သာ မှအဘွားဒေါ်စောခင်(၉၃)နှစ်တို့အားကျန်းမာရေးမကောင်း သဖြင့်အိမ်တိုင်ရာ ရောက်သွားရောက်ပြီး အာဟာရ ပစ္စည်းများထောက်ပံ့ပြီး၊ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်း၊ (၆.၆.၂၀၁၆)ရက်နေ့တွင် မူကြို ကျောင်း ရှိ ကျောင်းသား (၃၅)ဦးအား အသင်းဥက္ကဌ၏ လှူဒါန်း ငွေဖြင့် အာဟာရကျွေးမွေးခြင်း၊ (၂၃.၆.၂၀၁၆) ရက်နေ့ တွင် ရွာသားကြီးကျေးရွာ ဘုန်းတော်ကြီးသင် ကျောင်း သို့  စာရေးကိရိယာများလှူဒါန်းခြင်း၊ ဇူလိုင်လ နှင့် သြဂုတ်လအတွင်း မြို့ပေါ်(၃)ရပ်ကွက်တွင် သွေးလွန် တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင် ရွက်ရာတွင် ကျန်းမာရေးဌာနနှင့်အတူပူးပေါင်းပါဝင်ဆောင် ရွက်ခြင်း၊(၇.၈.၂၀၁၆)ရက်နေ့တွင် ရွှေအိုးတွင်း ရပ်ကွက်မှ ဆေးရုံတက်မွေးလူနာအသင်းအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း၊(၂၇.၈.၂၀၁၆)ရက်နေ့တွင် အာဟာရ ရက်သတ္တ ပတ်လှုပ်ရှားမှုအဖြစ် ကိုယ်ဝန်ဆောင်မိခင်(၁၀)ဦး၊ မွေးမိ ခင်(၁၀)ဦးတို့အား  ကြက်ဥနှင့် အိုင်အိုဒင်း ဆားများ ထောက်ပံ့ခြင်း၊ဆေးရုံတက်လူနာများအားနွားနို့များလှူ ဒါန်းခြင်းတို့အတွက်ကုန်ကျငွေများကိုအသင်းအမှုဆောင် များမှစုပေါင်းလှူဒါန်းခြင်းတို့ဆောင်ရွက်ခဲ့ပါသည်။  တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်မိခင်နှင့် ကလေးစောင့် ရှောက်ရေးအသင်းအဆင့်ဆင့်သည်တိုင်းဒေသကြီးအစိုးရ အဖွဲ့လမ်းညွှန်မှု၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်း၏ လမ်းညွှန်မှုခံယူပြီး၊ သက်ဆိုင်ရာကျန်း မာရေးဌာန၊ ပညာရေးဌာနတို့နှင့် ပူးပေါင်း၍ သက်ကြီး ရွယ်အိုများ၊ မိခင်နှင့်ကလေးများ၏ ပညာရေး၊ ကျန်းမာ ရေးနှင့် လူမှုရေးစောင့်ရှောက်ခြင်းလုပ်ငန်းများကို တတ် အားသရွေ့ကိုယ်ကျိုးမပါဘဲဆောင်ရွက်လျက်ရှိပါကြောင်း နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို ပရဟိတ စိတ်အပြည့်ဖြင့်ကူညီဆောင်ရွက်နေသည့်စေတနာ့ဝန်ထမ်း လူမှုရေးအဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းကို စေတနာ့ဝန်ထမ်းလူမှုရေး အဖွဲ့အစည်း တစ်ခုအဖြစ် ဥပဒေအမှတ်၊ ၂၁ /၉၀ ကို ထုတ်ပြန်ပြီး နိုင်ငံတော်အဆင့် ဖွဲ့စည်းထားသည့်အတွက် နိုင်ငံတော် အဆင့်သို့ တင်ပြရမည်ဖြစ်ကြောင်း ဖြေကြား အပ်ပါသည်။
မိခင်နှင့်ကလေးစောင့်ရှောက်ရေးမှုကြီးကြပ်ရေးအဖွဲ့ သည် ဥပဒေအမှတ်၊ ၂၁ /၉၀ကို ထုတ်ပြန်ပြီး နိုင်ငံ တော်အဆင့်ဖွဲ့စည်းထားသည့်အတွက် နိုင်ငံတော် အဆင့် သို့ တင်ပြရမည်ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်။
မိခင်နှင့် ကလေးစောင့်ရှောက်ရေးမှုကြီးကြပ်ရေးအဖွဲ့ သည် အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းကြီးဖြစ်ပြီး ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ မိတ်ဖက်အဖွဲ့ အစည်းဖြစ်ပါသည်။ ကျန်းမာရေးနှင့် အားကစား၀န်ကြီး ဌာန၏ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ တွင် ကျန်းမာရေး၀န်ထမ်းများ၊ ပြည်သူလူထုနှင့်ပူးပေါင်း ၍မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့အစည်း မှ အဖွဲ့၀င်များမှ မိခင်ကလေးကျန်းမာရေးစောင့်ရှောက်မှု၊ မျိုးဆက်ပွားနှင့် သားဆက်ခြားလုပ်ငန်းများ၊ ကာကွယ် ဆေးထိုးနှံခြင်း၊ အာဟာရတိုက်ကျွေးခြင်းနှင့် ကျောင်း ကျန်းမာရေးပညာပေးခြင်းလုပ်ငန်းများတွင် ပူးပေါင်းပါ ၀င် ဆောင်ရွက်လျှက်ရှိကြောင်း ဖြေကြားအပ်ပါသည်။  [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန     –   လူမှုရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −  ဦးမောင်မောင်၀င်း၊ မဲဆန္ဒနယ်(၁) ၀က်လက်မြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် သည်ကျေးရွာပေါင်း(၂၃၀)နှင့် ပညာရေးကျောင်းပေါင်း (၁၇၇)ကျောင်းရှိပါသည်။ ၂၀၁၆-၂၀၁၇  ပညာသင်နှစ် တွင်ကျောင်း(၇)ကျောင်းအတွက် အဆောက်အဦများ ဆောက်လုပ်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တင်ဒါခေါ် ယူပြီး တင်ဒါအောင်ကုမ္ပဏီများအား ခွင့်ပြုထားကြောင်း သိရပါသည်။ ယခင်က တင်ဒါအောင်သူများမှ သက်ဆိုင် ရာဒေသမှ တာဝန်ရှိသူများကို လစ်လျူရှု၍စတင်ဆောင် ရွက်စဉ်မှပြီးဆုံးသည်အထိအသိပေး အကြောင်ကြားခြင်း မရှိပါ။သတ်မှတ်ကာလမတိုင်မီပျက်စီးမှုများပေါ်ပေါက်လာပါက အကြောင်းကြားပါသော်လည်း ပြန်လည်ပြုပြင် ပေးမှုမရှိကြောင်း ကြုံတွေ့ခဲ့ရပြီးဖြစ်ပါသည်။ အဆောက်ဦ များစစ်ဆေး ရာတွင်လည်း တွက်ချက်မှု အသေးစိတ်ကို ပေးအပ်ထားခြင်းမရှိသည့်အတွက်အဆင်မပြေမှုကြုံတွေ့ ခဲ့ရပြီးဖြစ်ပါသည်။ နောက်အလားတူ အခက်အခဲများ မဖြစ်ပေါ်စေရေးအတွက် စတင်ဆောက်လုပ်မှုမတိုင်မှီမှ စ၍အဆောက်အဦအတွက်တွက်ချက်မှုအသေးစိတ်အားသက်ဆိုင်ရာ တာဝန်ရှိသူ များထံ ပေးအပ်စေလိုပါသည်။ ယခုလည်း ဝက်လက်မြို့နယ်၊ မင်းရွာတွင် မန်းမြို့ ဟိန်းကုမ္ပဏီမှ စတင်ဆောင်ရွက်နေပြီး စာရင်းဇယား တွက်ချက်မှုကို ပေးအပ်ခြင်းမရှိကြောင်း တွေ့နေရပါ သည်။ ထို့ကြောင့် အဆောက်အဦပြီးဆုံး၍ သက် ဆိုင်ရာအဖွဲ့ အစည်းများသို့တရားဝင်လွှဲပြောင်းပေး အပ်ခြင်း၊သတ် မှတ်ကာလအတွင်း အကြောင်းအမျိုး မျိုးကြောင့် ပျက်စီးမှုများ ပေါ်ပေါက်ခဲ့ရပါက ပြန်လည်ပြုပြင် ပေးရန်ငွေကြေးများချန်ထားစေပြီး သတ်မှတ်ကာလ ကုန်ဆုံးမှသာ နောက်ဆုံးအရစ် ကျန်ငွေထုတ်ပေးရန် ဆောင်ရွက်စေလိုပါသဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မည်သို့စီမံဆောင်ရွက် ပေးမည်ကို သိရှိလိုပါ ကြောင်း ဒေသခံများကိုယ်စား မေးမြန်းအပ်ပါသည်။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ၂၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော အခြေခံပညာကျောင်းများအတွက် Foundation Footing ပြီးဆုံးပါက ပထမအရစ် (၂၅%)၊ တိုင်ထူ၊ အမိုးမိုး၊ ကျည်ဘောင်ခွေပြီးပါက ဒုတိယအရစ်(၂၅%)၊ နံရံစီ၊ အချောကိုင်၊ ပြူတင်း တံခါးတပ်ဆင်ပြီးပါက တတိယအရစ်(၂၅%)၊ မျက်နှာ ကျက်၊အခင်းဆေးသုတ်ပြီး၍ အဆောက်အဦ တစ်ခုလုံး (၁၀၀%)ပြီးစီးပါက စတုတ္ထအရစ်(၂၀%) အသီးသီး ထုတ်ပေးပြီးလုပ်ငန်းလက်ခံဆောင်ရွက်သူမှ သက်ဆိုင် ရာဌာနသို့ လွှဲပြောင်းပေးအပ် လက်ခံပြီးကြောင်း (Completion Certificate)လက်မှတ်ရရှိပြီးပါက ကျန်(၅%)ထုတ်ပေးခြင်းကို ဆောင်ရွက်ပါသည်။ ထို့ အပြင် လုပ်ငန်းအပ်နှံပြီးနောက်ပိုင်း(၃)နှစ် အတွင်းဖြစ် ပေါ်လာသော သဘာဝဘေးကြောင့် မဟုတ်သည့် ချို့ယွင်းပျက်စီးမှုများအတွက် လုပ်ငန်းလက်ခံ ဆောင် ရွက်သူက တာဝန်ယူပြင်ဆင်ပေးရမည်ဖြစ်ပါကြောင်း ဆောက်လုပ်ရေးလုပ်ငန်း များစတင် ဆောင်ရွက်သည့် အချိန်မှစ၍ လုပ်ငန်းခွင်တွင် Drawing& Estimate များကို ဗီနိုင်းရေးဆွဲ၍ချိတ်ဆွဲထားရန်စာချုပ်တွင်ထည့် သွင်းချုပ်ဆို ဆောင်ရွက်ထားပါကြောင်း၊ ကြီးကြပ်ရေး ကော်မတီအဆင့်ဆင့်၏ကြီးကြပ်မှုကို ကုမ္ပဏီများမှ လိုက် နာဆောင်ရွက်ရမည်ကို စာချုပ်ထဲတွင် ချုပ်ဆိုထားပြီးဖြစ် ကြောင်းနှင့် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးများထံတွင် လွှတ်တော်ကိုယ်စားလှယ်များမှတရားဝင် စာဖြင့် တင်ပြ တောင်းခံလာပါက Estimate များကိုပေးရန် ညွှန်ကြား ထားပြီးဖြစ်ကြောင်း တင်ပြအစီရင်ခံ အပ်ပါသည်။[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန     –   လူမှုရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −  ဦးထွန်းထွန်းဝင်း၊ မဲဆန္ဒနယ်(၂) ကနီမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]

ကနီမြို့နယ် ပြည်သူ့ဆေးရုံကြီးဟာ (၂၅)ခုတင်ဆံ့ ဆေးရုံဖြစ်ပါတယ်။ ကနီမြို့ရဲ့လူဦးရေ စုစုပေါင်း(၁၄၇၂၈) ရောက်ရှိပါတယ်။
ယခု ပြည်သူ့ကျန်းမာရေး အစည်းအဝေးခန်းမ (သင်တန်းခန်းမ)သည် ၁၉၆၈ ခုနှစ်က ကနီမြို့ဆေးရုံ မီးလောင်သွားသောကြောင့် အများပြည်သူများ ဆေး ကုသမှုခံယူနိုင်ရန် ယခုဆေးရုံဝန်း၏ မြောက်ဘက် တွင် ယာယီအဆောက်အအုံအဖြစ် အင်သားများဖြင့် အရေးပေါ်ဆောက်လုပ်ခဲ့ပြီး ပြင်ပလူနာဌာနနှင့် ရုံး ခန်းအဖြစ်အသုံးပြုနေရပါသည်။       ယခုအခါ၄င်းအဆောက်အဦသည် နှစ်ပေါင်းကြာ မြင့်ခြင်း၊ အင်သားများဖြင့်အရေးပေါ်ဆောက်လုပ်ခဲ့ရ ခြင်းတို့ကြောင့်ာက်လုပ်ခဲ့ပြီး ပြင်ပလူနာဌာနနှင့် ရုံးခန်းအဖြစ်အသုံးပြုနေရပါသည်။ယခုအခါ “:ဓ၊ဦဃဌဠဉ၄ားပြည်သူများ ဆေးကုသမှ ယိုယွင်းပျက်စီးခြင်း၊ချပုန်းများတက် ခြင်း၊နံရံအက်ခြင်းများဖြစ်နေပါသည်။သို့သော်ပြည်သူ့ ကျန်းမာရေးအစည်းအဝေးခန်းမမရှိခြင်းကြောင့်စည်းဝေး ပြုလုပ်ခြင်း၊သင်တန်းပေးခြင်းများဆောင်ရွက်နေရပါသည်။
ထိုအပြင် ခွဲစိတ်လူနာအညစ်အကြေးများစနစ်တကျ စွန့်ပြစ်သည့်ရေဆိုးစွန့် အမှိုက်ကျင်းမရှိပ ။ ဆေရုံ အနောက် ဘက်အမှိုက်ကျင်းတူး၍ မီးရှို့ပြီးပြည့်လျှင် မြေဖို့နောက် တကျင်းတူးစနစ်ဖြင့် စွန့်ပစ် နေရပါသည်။ ၄င်းခွဲစိတ်လူနာ များ၏ ဆေးကြောသန့်စင်သည့် ရေဆိုးများဟာလည်း စနစ်တကျ မရှိဘဲ စီးချင်း ရာစီးသဘောဖြင့် ကနီမြို့ပြည်သူ့ ဆေးရုံကြီး၏ ကျောဘက်တွင် ရေအိုင်ကြီးများ ဖြစ်ပေါ်၍ နေပါသည်။
ကနီမြို့ဆေးရုံကို ၁၉၈၈ခုနှစ်တွင် စတင် ဖွင့်လှစ် ခဲ့ပြီး ၁၉၈၉ခုနှစ်တွင် လက်ရှိအဆောင်ကို ၁၆ခုတင်ဆံ့ အဖြစ် စတင် အသုံးပြုခဲ့ပါသည်။ ၂၀၀၉-၂၀၀၈ ခုနှစ်တွင် ၁၆ခုတင်မှ ၂၅ ခုတင်ဆံ့ မြို့နယ် ဆေးရုံသို့ တိုးမြှင့်ဖွင့်လှစ်ခဲ့ပါသည်။၂၀၀၁-၂၀၀၅ ဘဏ္ဍာရေး နှစ်တွင် နေရာမလောက်၍ နိုင်ငံတော် ဘဏ္ဍာဖြင့်တိုးချဲ့ ဆောင်(၂)ဆောင်ဆောက်လုပ်ခဲ့ပါသည်။
ယခုအခါမှာလည်း ဆေးရုံခုတင်များ မလောက်ငှ၍ လူသွား စင်္ကြန်များ၊ဝရံတာများတွင်လူနာများကို စိတ်မကောင်းစွာတွေ့ရှိ ရပါ တယ်။ ဆေးရုံမှာ ခွင့်ပြုခုတင်(၂၅)ခုတင်ေဆိုးစွန့် အမှိုက်ကျင်းမရှိပါ။ ဆေရုံအနောက်ဘက် အမှိုက်ကျင်းတူး၍ မီးရှို့ပ၊ အသုံးချ ခုတင်က (၃၅)ခုတင်နှင့်အထက်မှာရှိနေပါတယ်။ ကနီမြို့နယ်(၂၅)ခုတင် ဆံ့ပြည်သူ့ဆေးရုံကြီးကခုတင်(၅၀)ဆံ့ဆေးရုံအဖြစ် တိုးချဲ့အစီ အစဉ်ရှိ/မရှိနှင့်တိုးချဲ့မည်ဆိုပါကမည်သည့်အချိန်တွင်စတင်မည် ကိုသိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင်(၂၅)ကုတင်ဆံ့ ဆေးရုံ (၁)ရုံ၊ တိုက်နယ်ဆေးရုံ(၃)ရုံရှိပါသည်။ ကနီ ဆေးရုံသည် ခွင့်ပြုကုတင်ပေါင်း(၂၅)ကုတင်၊ အသုံးချ ကုတင်ပေါင်း (၃၅) ကုတင်ရှိပါသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဆေးရုံ များ အဆင့်မြှင့်တင်ရေးမူအရ အဆင့်မြှင့်တင်လိုသော ဆေးရုံ များ၏ (၅)နှစ်စာဆေးရုံလုပ်ငန်းဆောင်ရွက် ချက်များကို ပြန်လည်သုံးသပ်ရပါသည်။
ပူးတွဲတင်ပြထားသော ကနီဆေးရုံ၏ လုပ်ငန်း ဆောင်ရွက်ချက်များအရ အမှတ်စဉ်(၆)တွင် ဆေးရုံ ခွင့်ပြုကုတင်အသုံးပြုမှာ ခိုင်နှုန်းမှာ နှစ်စဉ်(၁၀၀%) မပြည့်မီခဲ့ဘဲ ယခုနှစ် (၆)လအတွင်း၌သာ (၁၀၀%) ကျော်ဖြစ်နေတာကို စိစစ် တွေ့ရှိရပါသည်။
သို့ပါ၍ ကနီဆေးရုံ၏ဆောင်ရွက်ချက်များအရ ကုတင် (၅၀)အဆင့်တိုးမြှင့်ရန် အနည်းဆုံးလိုအပ်သော ရာခိုင်နှုန်း (၁၅၀)ပြည့်မီရန် လိုအပ်နေပါသေးသည်။ နောင်နှစ်များတွင် လူနာအသုံးချမှုများပြားလာပြီး လိုအပ်သောရာခိုင်နှုန်းပြည့်မီမှသာ အဆင့်တိုးမြှင့်ပေး ရန် တင်ပြပေးနိုင်မည်ဖြစ်၍ ယခု လောလော ဆယ် အဆင့်တိုးမြှင့်ရန် မသင့်တော်သေးပါ ကြောင်း ဖြေကြားအပ်ပါသည်။ [/symple_accordion_section][/symple_accordion]