လူမှုရေးဝန်ကြီးဌာန ကတိကဝတ်ပြုခဲ့သည့် ကြယ်ပွင့်မပြမေးခွန်းနှင့် အဖြေများစာရင်း

ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များမှ
ပေးပို့လာသော ကြယ်ပွင့်မပြမေးခွန်းအပေါ် ဖြေကြားချက်များ

ဖြေကြားသည့်ဌာန                     –   လူမှုရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဒေါက်တာ ဆန်းဝင်း၊ အမှတ် (၂) မဲဆန္ဒနယ် မင်းကင်းမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်သည် ကျေးရွာအုပ်စု (၆၄)အုပ်စု၊ ကျေးရွာပေါင်း (၁၈၈)ရွာရှိပါသည်။ မြို့နယ်၏နယ်မြေကို ပထဝီအနေအထားအရ နယ်မြေ(၅)နယ်မြေခွဲခြားသတ်မှတ်ပါသည်။ မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်အပါအဝင် ကျေးရွာအုပ်စု(၈)အုပ်စု၊ စုစုပေါင်း(၁၁)အုပ်စုကို မြို့ဝန်းကျင်အဖြစ်၄င်း၊ မြို့၏တောင်ဘက်ဒေသ (၁၁) အုပ်စုကို တောင်လက်ဒေသအဖြစ်၄င်း၊ တောင်တွင်းချောင်ဒေသ (၁၅)အုပ်စုကို တောင်တွင်းဒေသအဖြစ်၄င်း၊ ချင်းတွင်းမြစ်အထက်ပိုင်း (၁၁)အုပ်စုကိုမြစ်ရိုးအထက်ပိုင်းဒေသအဖြစ်၄င်း၊ချင်းတွင်းမြစ် အောက်ပိုင်း(၁၆)အုပ်စုကို မြစ်ရိုးအောက်ပိုင်းဒေသအဖြစ်၄င်း သတ်မှတ်ထားပါသည်။

မင်းကင်းမြို့နယ်တွင် ပညာရေးကဏ္ဍ၊ အခြေခံကျောင်းများဖွင့်လှစ် ပေးနိုင်မှုအနေဖြင့် ဝန်းကျင်တွင် မြို့ပေါ် အ.ထ.က ကျောင်း(၁)ကျောင်း၊ တောင်လက်ဒေသတွင် အ.ထ.က ကျောင်း(၂)ကျောင်း၊ တောင်တွင်း ဒေသတွင် အ.ထ.က ကျောင်း(၁)ကျောင်းနှင့် အ.ထ.က(ခွဲ)ကျောင်း(၃) ကျောင်း၊မြစ်ရိုးအောက်ဒေသတွင် အ.ထ.က ကျောင်း(၁)ကျောင်းနှင့် အ.ထ.က (ခွဲ)ကျောင်း(၃)ကျောင်းရှိပြီး မြစ်ရိုးအထက်ပိုင်းဒေသတွင် အ.ထ.က (ခွဲ)ကျောင်း(၂)ကျောင်းသာရှိပြီး အ.ထ.က ကျောင်းမရှိသေး ပါ။

ယခုတင်ပြသည့် ရှားတောကျေးရွာ အ.ထ.က(ခွဲ)ကျောင်းသည် ၂ဝ၁၂ခုနှစ်တွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အဆင့် တိုးမြှင့် ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါကျောင်းအား အခြေခံပညာအထက်တန်း ကျောင်းအဆင့်သို့ တိုးမြှင့်ပေးမည်ဆိုပါက နယ်မြေ(၅)ခုအနက် မြစ်ရိုး အထက်ပိုင်းဒေသတွင် အ.ထ.က ကျောင်း(၁)ကျောင်းနှင့် အ.ထ.က (ခွဲ)ကျောင်း(၁)ကျောင်းအဖြစ် ဖွင့်လှစ်နိုင်မည်ဖြစ်ပါသည်။
အဆိုပါကျောင်းမှာ ကျေးရွာအုပ်စု(၇)၌ ကျေးရွာပေါင်း (၁၅)ရွာ၊ အိမ်ခြေပေါင်း(၃ဝ၂ဝ)၊ လူဦးရေးအားဖြင့် (၂ဝ၅၇၅)ဦးတို့မှ မီခိုနေရ ပါသည်။ယခုတင်ပြသောကျောင်းအတွက် မြို့နယ်ပညာရေးမှူးရုံး၏ အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ပြုရန် အဆိုပြုတင်ပြထားရှိပြီးဖြစ်ရာ ရှားတောအခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ရှားတောကျေးရွာ၊ အခြေခံ ပညာအထက်တန်းကျောင်းခွဲသည် အထက-မင်းကင်းနှင့် (၁၇)မိုင်ကွာဝေးပြီး ကျောင်းဝန်းအကျယ်မှာ (၂.၁၈)ဧကဖြစ် ပါသည်။ ကျောင်းသက်တမ်းမှာ (၃)နှစ်ဖြစ်ပါ သည်။ ၂ဝ၁၅-၂ဝ၁၆ပညာသင် နှစ်တွင် မူလတန်းဆင့် ကျောင်းသားပေါင်း(၁၂၇)ဦး၊ အလယ်တန်းဆင့် ကျောင်းသား ပေါင်း(၁၇၆)ဦး၊ ၉တန်း(၇၂)ဦး၊ ၁ဝတန်း(၈၆)ဦး၊ အထက်တန်းဆင့်သင် ကျောင်းသားပေါင်း(၁၅၈)ဦးနှင့် စုစုပေါင်း ကျောင်းသား(၄၆၁)ဦးရှိပါသည်။ အထက်တန်းကျောင်း တိုးမြှင့် ဖွင့်လှစ်နိုင်ရေးမူအရအထက်တန်း ကျောင်းသား(၂ဝဝ)ဦးနှင့်အထက် ရှိပါမှ အထက်တန်း ကျောင်းအဆင့်တိုးမြှင့် ခွင့်ပြုမိန့်ပေးပါသည်။ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း အဖြစ် အဆင့်တိုးမြ§င့်ပေးရန်ဒုတိယဦးစားပေးအနေဖြင့် တင်ပြခဲ့ သော်လည်း အထက်တန်းဆင့် ကျောင်းသား(၁၅၈)ဦးသာရှိ၍ ကျောင်း အဆင့် တိုးမူနှင့် ကိုက်ညီမှုမရှိသောကြောင့် အဆင့်တိုး ခွင့်ပြုမိန့် မရရှိခဲ့ဖြစ်ပါသည်။ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် ကျောင်းအဆင့် တိုးဖွင့်လှစ်ခွင့်ရရှိရေးအတွက် မြို့နယ်ပညာရေးမှူးရုံးသို့ ကျောင်း အဆင့်တိုးအမှုတွဲများထပ်မံတောင်းခံပြီး တိုင်းပညာမှ တဆင့် အခြေခံ ပညာဦးစီးဌာနသို့တင်ပြသွားမည်ဖြစ်ကြောင်းဖြေကြားအပ်ပါသည်။

[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   လူမှုရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −  ဒေါ်စုမြတ်ထက်၊ အမှတ် (၂) မဲဆန္ဒနယ် စစ်ကိုင်းမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တရားမဝင်ဆေးကုသမှုများနှင့် လိုင်စင်မဲ့ ဆေးဆိုင်များ တရားမဝင် စပ်ဆေးရောင်းချနေမှုများအား ထိရောက်စွာ ထိန်းသိမ်းပေးနိုင်ပါရန် မြန်မာနိုင်ငံတွင် ဆေးဝါးရောင်းချခွင့် လိုင်စင် တရားဝင်လျှောက်တင်၍ ဆေးဝါးရောင်းချနေသော ဆေးဆိုင် အများအပြားရှိနေသော်လည်း ဆေးဝါးရောင်းချခွင့်လိုင်စင်မရှိ၊ လိုင်စင် မလျှောက်တင်ကြဘဲ ဆေးဝါးများကို စတိုးဆိုင်၊ ကွင်းယာဆိုင်များတွင် ရောင်းချနေလျှက်ရှိပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဆေးဝါးရောင်းချခွင့်လိုင်စင်မရှိဘဲ ဆေးဝါးများ မရောင်းချရန် ဆ/မလက်မှတ်ရ ဆရာဝန်ဆေးဝါး ကျွမ်းကျင်သူ ကျန်းမာရေးဝန်ထမ်း မဟုတ်သူများမှ ဆေးများစုပေါင်းကာ စပ်ဆေးအဖြစ် ရောင်းချကုသမှုများ မပြုလုပ်ရန် ရက်လွန်ဆေးဝါး ကန့်ကွက်ကြော်ငြာထားသော စံမမီဆေးဝါး၊ဆေးအတုများ ရောင်းချ မှုများ မပြုလုပ်ရန် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်မပါရှိသော ဆေးဝါး များကို ရောင်းဝယ်မှုမပြုရန်နှင့် ဆေးဝါးရောင်းချခွင့်လိုင်စင်ပါ စည်းကမ်းချက် များကို လိုက်နာရေးကြပ်မတ်ဆောင်ရွက်နေမှု အစီအစဉ်များကို သိရှိ လိုကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ (၃၇)မြို့နယ်၌ ဆေးဝါးရောင်းချခွင့် လိုင်စင်လျှောက်ထားပြီးမှသာ ဆေးဝါးရောင်းချကြရန် ထုတ်ပြန်် ကြေငြာထားပြီးဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ၂ဝ၁၅ နိုဝင်ဘာလတွင် ပထမအကြိမ်၊ ၂ဝ၁၆ မတ်လတွင် ဒုတိယအကြိမ်၊ ၂ဝ၁၆ ဇွန်လတွင် တတိယအကြိမ် တိုင်းဒေသကြီးအတွင်းရှိ ဆေးဝါး (လက်လီ /လက်ကား)ဖြန့်ဖြူးရောင်းချသူများကို အမျိုးသားဆေးဝါး ဥပဒေနှင့် အမိန့်ကြော်ငြာစာပါပြဌာန်းချက်များကို တိကျစွာ လိုက်နာ နိုင်ရေး စျေးကွက်တွင် မှတ်ပုံတင်မထားသော ဆေးဝါးများရောင်း ချခြင်း မရှိစေရေးနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲများကို ကျင်းပပြုလုပ်ခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနသည် ဆေးဝါးရောင်းချခွင့်လိုင်စင်မရှိဘဲ ဆေးဝါးများမရောင်းချရန်၊ ဆေးဝါးအတု၊ စံမညီဆေးဝါး၊ တရားမဝင် တင်သွင်းထားသောဆေးဝါးများ၊ သက်တမ်းလွန် ဆေးဝါးများရောင်းချ ခြင်း မရှိစေရန် ဆေးဆိုင်များကို ခရိုင်/ မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီ အဖွဲ့ဝင်များနှင့် (၄)လတစ်ကြိမ် ပုံမှန်ကွင်းဆင်း စစ်ဆေးလျှက်ရှိပါသည်။

ပုံမှန်ကွင်းဆင်းရာတွင် သက်တမ်းလွန်ဆေးဝါးများ၊ မှတ်ပုံတင်် ထားခြင်းမရှိသော ဆေးဝါးများတွေ့ရှိပါက သက်ဆိုင်ရာအစား အသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီ အဖွဲ့ဝင်များ သဘောထားဖြင့်နောက်နောင် ထိုကဲ့သို့ရောင်းချခြင်းမရှိစေရန် ဝန်ခံကတိရေးထိုးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ တိုင်းရင်းဆေးဝါး များကိုလည်း အနောက်တိုင်း ဆေးဝါးများအဖြစ် (ဥပမာ – ရွှေနဂါး အမှတ် တံဆိပ်အပူကျဆေးအား Kimose အဖြစ်) ရောင်းချနေသော ဆေးဆိုင်များအားလည်း ကော်မတီအဖွဲ့ဝင်များရှေ့၌ ဝန်ခံကတိရေး ထိုးခိုင်းပြီး ဖြစ်ပါသည်။ နိုင်ငံတကာရဲတပ်ဖွဲ့(INTERPOL) ဦးဆောင်သော Operartion Pangea IX အစီအစဉ်ဖြင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍တရားမဝင်ဆေးဝါးနှင့်ဆေးဝါး အတုတိုက်ဖျက် ခြင်းလုပ်ငန်းများလည်း (၃ဝ.၅.၂ဝ၁၆)ရက်နေ့မှစ၍ (၃.၆.၂ဝ၁၆) ရက်နေ့အထိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

၂ဝ၁၆ မေလ၌ တမူးမြို့ရှိဆေးဆိုင်များအား စစ်ဆေးရာ  Grace ဆေးဆိုင်တွင် စပ်ဆေးထုတ်များရောင်းချနေမှုကိုတွေ့ရှိရ သဖြင့် ဆေးဆိုင်ပိုင်ရှင်ကို တမူးမြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီး ကြပ်ကွပ်ကဲရေးကော်မတီအနေဖြင့် နောက်နောင်စပ် ဆေးများ ရောင်းချခြင်းမပြုရန်နှင့် ထပ်မံတွေ့ရှိပါက အမျိုးသားဆေးဝါး ဥပအေရ အရေးယူခံရမည်ဖြစ်ကြောင်း သတိပေးစာထုတ်ပြန်ခဲ့ ကြောင်းဖြေကြားအပ်ပါသည်။[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   လူမှုရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −  ဒေါ်စုမြတ်ထက်၊ အမှတ် (၂) မဲဆန္ဒနယ် စစ်ကိုင်းမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] စစ်ကိုင်းမြို့နယ်အတွင်းရှိ ဆားတောင်တိုက်နယ် ထန်းတောဆိပ် ကျေးရွာတွင် မူလွန်ကျောင်းတွင် (၁၈-၇-၂ဝ၁၆)ရက်နေ့အထိ ကျောင်းသားဦးရေ မူလတန်း (၆၈) + အလယ်တန်း(၄၁)၊ စုစုပေါင်း (၁ဝ၉)ဦးနှင့် ဆရာ၊ဆရာမဦးရေ မူလတန်းပြ(၃)ဦး၊ ကျောင်းအုပ်(၁)ဦး သာရှိပြီး လုံလောက်မှုမရှိပါသဖြင့် ရွာမှ လုပ်အားပေးဆရာ၊ဆရာမ များဖြင့် သင်ကြားနေရသည့်အတွက် ယခု ၂ဝ၁၆-၂ဝ၁၇ပညာသင်နှစ်တွင် ဆရာ၊ဆရာမ ခန့်အပ်ထားပေးနိုင်ရေး အစီအစဉ်ရှိမရှိသိလိုကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ဆားတောင် တိုက်နယ် ထန်းတောဆိပ်ကျေးရွာ မူလွန်ကျောင်းတွင် မူအုပ် (၁)ဦး၊ မူပြ(၃)ဦးခန့်ထားပြီးဖြစ်၍ စစ်ကိုင်းတိုင်းပညာရေးမှူးရုံး ၏ (၁.၇.၂ဝ၁၆)ရက်စွဲပါ စာအမှတ် စိတ်(၂)၊ဌာနခွဲ(၂-က) /၁၉၄၈/ နေ့စား(မူပြခန့်ထား)၁၆ဖြင့် နေ့စားလပေး မူလတန်း ပြ(၁)ဦး ထပ်မံခန့် ထားပြီးဖြစ်ပါသည်။ ၄င်းကျောင်းတွင် မူလတန်း ကျောင်းအုပ်အပါ အဝင် ဆရာ/မ(၅)ဦးခန့်ထားပြီး ဖြစ်ပါသောကြောင့် ဌာနမှခန့်ခွင့်ပြု ထားသည့် (၁+၄)အရ ပြည့်မီ အောင် ခန့်ထားပြီးဖြစ်ပါကြောင်းနှင့် အလယ်တန်းဆင့်တွင်လည်း စစ်ကိုင်းခရိုင်ပညာရေးမှူးရုံး၏ (၁.၇.၂ဝ၁၆)ရက်စွဲပါ စာအမှတ် စိတ်(၂)၊ ဌာနခွဲ(၂-က)/၁၁၅၅ (က)/ လယ်ပြ (ပြောင်း)၁၆ ဖြင့် အလယ်တန်းပြ အပြောင်း(၁)ဦး စစ်ကိုင်းခရိုင် ပညာရေးမှူးရုံး၏ (၁.၇.၂ဝ၁၆)ရက်စွဲပါ စာအမှတ် စိတ်(၂)၊ဌာနခွဲ(၂-က)/၁၁၅၅(ခ)/လယ်ပြ(တိုး)၁၆ ဖြင့် အလယ်တန်းပြ အတိုး(၂)ဦး၊စုစုပေါင်း လယ်ပြ(၃)ဦးကို ဌာနမှ မူလွန် ကျောင်းများအတွက် ခန့်ခွင့်ပြုထားသည့်အတိုင်း ပြည့်မီအောင်ခန့် ထားပြီးဖြစ်ပါသောကြောင့် ၄င်းကျောင်းတွင် ဆရာ/မ များ ပြည့်စုံ လုံလောက်အောင် ခန့်ထားပြီး ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။
[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   လူမှုရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −  ဦးမောင်မောင်ဝင်း၊ အမှတ် (၁) မဲဆန္ဒနယ် ဝက်လက်မြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ရွှေဘိုခရိုင်၊ဝက်လက်မြို့သည် မြို့တည်နှစ် နှစ်ပေါင်း(၁၄ဝ) ကျော်ပြီဖြစ်ပါသည်။ မြို့ပေါ်တွင် အခြေခံပညာအထက်တန်းကျောင်း ယနေ့အထိ(၁)ကျောင်းသာရှိပါသည်။

လွန်ခဲ့သော(၁ဝ)နှစ်ခန့်က အမှတ်(၂)အ.မ.က အား အ.လ.က (ခွဲ)(၂)အဖြစ်သတ်မှတ် ခဲ့ပါသည်။ ယခုကျောင်းသား အင်အားမှာ (၃ဝဝ)နီးပါးရှိပါသည်။ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တွင် အ.မ.က(၃) ကိုလည်း အ.လ.က(ခွဲ)အဖြစ် ထပ်မံဖွင့်လှစ် ပေးခဲ့ပါ သည်။

မြို့ပေါ်တွင်လိုအပ်နေသော အ.လ.က ရရှိရေးအတွက် နှစ်စဉ်ဆောင်ရွက်ခဲ့သော်လည်း ယနေ့အထိဖွင့်လှစ်ပေးနိုင်မှု မရှိခဲ့ပါ။ ကျောင်းအဆင့်တိုးတင်ရတိုင်း စာရွက်စာတမ်းကြေးအဖြစ် ကျပ် (၃ဝဝဝဝ)ပေးရပါသည်။ ယခုနှစ်လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ကျောင်းများသည်လည်း စာရွက်စာတမ်းကြေး ကျပ်(၃ဝဝဝဝ)မပေးနိုင်၍ အချို့ကျောင်းမှာတင်ပြခဲ့ခြင်းမရှိကြောင်း သိရှိခဲ့ရပါသည်။

လက်ရှိအနေအထားအရ ကျွန်တော်တို့မြို့သည် အ.ထ.က တစ်ကျောင်းတည်းတွင်သာ ကျောင်းသားပေါင်း(၂ဝဝဝ)နီးပါးကို လက်ခံသင်ကြားလျှက်ရှိပြီး အချို့အတန်းများမှာ တန်းခွဲ(၁ဝ)ခန်း အထိရှိနေပါသည်။

သို့ပါ၍ မြို့ပေါ်တွင် အမှန်တကယ် လစ်လပ်လျှက်ရှိသော အလယ်တန်းကျောင်း တစ်ကျောင်းကို လာမည့်စာသင်နှစ်အမှီ ခွင့်ပြု ပေးနိုင်ခြင်း ရှိ/မရှိနှင့် ကျောင်းများအားအန္တရာယ်ဆောင်၊ ဥပဓိရုပ် မကောင်း၊ ကျောင်းအဆင့်တိုးတင်ပြမှုတိုင်းအပေါ် ငွေကျပ်(၃ဝဝဝဝ) တောင်းဆောင်ရွက်နေမှုအား တရားဥပဒေနှင့်အညီ ကူညီဆောင်ရွက် ပေးနိုင်ခြင်း ရှိ/မရှိ သိလိုကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့ အလက(ခွဲ)၊ ဝက်လက်(၂)သည် အထက-ဝက်လက်နှင့် (၁)မိုင်ကွာဝေးပါသည်။ ကျောင်းဝန်းအကျယ်မှာ (၂.၂၁)ဧကရှိပြီး ကျောင်းသက်တမ်းမှာ (၁၄) နှစ်ဖြစ်ပါသည်။ ၂ဝ၁၅-၂ဝ၁၆ပညာသင်နှစ်တွင် ၅တန်း(၁၉)ဦး၊ ၆တန်း (၂၆)ဦး၊ ၇တန်း(၂၉)ဦး၊ ၈တန်း (၁၆)ဦးနှင့် စုစုပေါင်း အလယ်တန်းဆင့်ကျောင်းသား(၉ဝ)ဦးရှိပါသည်။ အလယ်တန်းကျောင်း တိုးမြှင့် ဖွင့်လှစ် နိုင်ရေးမူအရ အလယ်တန်းဆင့်ကျောင်းသား(၂၄ဝ)ဦး နှင့်အထက်ရှိပါမှ အလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ခွင့်ပြုမိန့် ပေးပါသည်။ ၂ဝ၁၅-၂ဝ၁၆ပညာသင်နှစ်တွင် အခြေခံပညာ အလယ်တန်းကျောင်းအဖြစ်အဆင့် တိုးမြှင့်ပေးရန် ဒုတိယဦးစားပေး အနေဖြင့်တင်ပြတောင်းခံခဲ့ပါသည်။ အလယ်တန်းဆင့် ကျောင်းသား (၉ဝ)ဦးသာရှိ၍ ကျောင်းအဆင့်တိုးမူနှင့် ကိုက်ညီမှုမရှိသောကြောင့် အဆင့်တိုးခွင့်ပြုမိန့် မရရှိခြင်းဖြစ်ပါသည်။ သို့ပါ၍ လာမည့်စာသင်နှစ် ဖြစ်သော ၂ဝ၁၇-၂ဝ၁၈ပညာသင်နှစ် တွင် ကျောင်းအဆင့်တိုးဖွင့်လှစ် ခွင့်ရရှိရေးအတွက် မြို့နယ်ပညာရေးမှူးရုံးသို့ ကျောင်းအဆင့်တိုး အမှုတွဲများ ထပ်မံတောင်းခံပြီး တိုင်းပညာမှ တဆင့် အခြေခံပညာဦးစီး ဌာနသို့တင်ပြရေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။ထိုအပြင် ကျောင်း များ အန္တရာယ်ဆောင်၊ ဥပဓိရုပ်မကောင်း၊ ကျောင်းအဆင့် တိုးတင်ပြမှု တိုင်းအပေါ်စာရွက်စာတမ်းကြေးအဖြစ် (၃ဝဝဝဝ)ကျပ် အမှန်တကယ် ပေးရသည်ဆိုပါက ဥပဒေနှင့်အညီ စစ်ဆေးအရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြေကြားအပ်ပါသည်။
[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   လူမှုရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −  ဦးမောင်မောင်ဝင်း၊ အမှတ် (၁) မဲဆန္ဒနယ် ဝက်လက်မြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]

ဝက်လက်မြို့နယ်အတွင်းရှိ ဟန်လင်းကျေးရွာသည် ယခုအခါ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့တော်ဟောင်းအဖြစ် ဖြစ်ပေါ် လာရေးအတွက် အဘက်ဘက်မှ ကြိုးစားဆောင်ရွက်လျှက်ရှိပါသည်။ ဟန်လင်းရှေးဟောင်းပျူမြို့တော်သည် မြို့နှင့် (၅)မိုင်ကျော်ဝေးပါသည်။

ဟန်လင်းရှေးဟောင်းပျူမြို့တော်အတွင်း၌ ယခုအခါ အ.ထ.က(ခွဲ) အဆင့်သာရှိသေး သည့်အတွက် လက်ရှိအခြေအနေနှင့် အချိန်အခါ အရလည်းကောင်း၊ ပတ်ဝန်းကျင်ဒေသရှိ ကျေးရွာများမှ ကလေးငယ်များ အတွက်လည်းကောင်း၊ အ.ထ.က အဆင့်သို့ တိုးမြှင့်ပေးသင့်ပါသည်။ သို့ပါ၍ ဟန်လင်း ရှေးဟောင်းပျူမြို့တော်ရှိ အ.ထ.က(ခွဲ)အား အ.ထ.က အဆင့်သို့တိုးမြှင့်ပေးနိုင်ခြင်းရှိ/မရှိနှင့် အဆင့်တိုးမြှင့်ပေးမည်ဆိုပါက မည်သည့်အချိန်တွင် ဖြစ်မည်ကိုသိရှိလိုပါသည်။

ထို့ပြင် ဟန်လင်းရှေးဟောင်းပျူမြို့ဟောင်း ယခင်နှစ်က တိုက်နယ် ဆေးရုံတည်ဆောက်ရန် မြေနေရာမရှိခဲ့သည့်အတွက် မတည်ဆောက် ဖြစ်ခဲ့ကြောင်းသိရပါသည်။

ယခုအခါ ဆေးရုံမြေနေရာအတွက်လိုအပ်သော (၅)ဧကအား လှူဒါန်းမည့်အလှူရှင်လည်း ပေါ်ပေါက်လာပြီဖြစ်ပါသည်။ သို့ပါ၍ တိုက်နယ်ဆေးရုံတည်ဆောက်ပေးနိုင်ခြင်းရှိ/မရှိကိုလည်းသိလို ပါသည်။ တည်ဆောက်ပေးမည်ဆိုပါက မည်သည့်အချိန်တွင် တည်ဆောက်ပေး မည်ကိုသိရှိလိုကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)ဟန်လင်းသည် အထက-ဝက်လက် နှင့် (၅)မိုင်ကွာဝေးပြီး ကျောင်းဝန်းအကျယ်မှာ (၇.၅၆)ဧက ဖြစ်ပါသည်။ ကျောင်းသက်တမ်းမှာ(၂)နှစ် ဖြစ်ပါသည်။

၂ဝ၁၆-၂ဝ၁၇ပညာသင် နှစ်တွင် မူလတန်းဆင့်သင်ကျောင်း သားပေါင်း(၂၉၃)ဦး၊ အလယ်တန်းဆင့် ကျောင်းသားပေါင်း (၃၃ဝ)ဦး၊ ၉တန်း(၄၅)ဦး၊ ၁ဝတန်း (၁၈)ဦး၊ ထက်ဆင့်သင် ကျောင်းသားပေါင်း(၆၃)ဦးနှင့် စုစုပေါင်းကျောင်းသား (၆၈၆)ဦးရှိပါသည်။ အထက်တန်း ကျောင်း တိုးမြှင့်ဖွင့်လှစ် နိုင်ရေးမူအရ အထက်တန်းကျောင်းသား(၂ဝဝ)ဦးနှင့် အထက်ရှိပါမှ အထက်တန်းကျောင်းအဆင့်တိုးမြှင့် ခွင့်ပြုမိန့် ပေးပါသည်။

၂ဝ၁၅-၂ဝ၁၆ပညာသင်နှစ်တွင် အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် ဒုတိယ ဦးစားပေး အနေဖြင့်တင်ပြတောင်းခံခဲ့ပါသည်။ အထက်တန်းဆင့် ကျောင်းသား (၆၅)ဦးသာရှိ၍ ကျောင်းအဆင့်တိုးမူနှင့် ကိုက်ညီမှုမရှိသောကြောင့် အဆင့်တိုးခွင့်ပြုမိန့် မရရှိခဲ့ခြင်းဖြစ်ပါသည်။၂ဝ၁၇-၂ဝ၁၈ပညာသင် နှစ်တွင် ကျောင်းအဆင့်တိုး ဖွင့်လှစ်ခွင့်ရရှိရေးအတွက် မြို့နယ် ပညာရေးမှူးရုံးသို့ ကျောင်းအဆင့် တိုးအမှုတွဲများထပ်မံတောင်းခံပြီး တိုင်းပညာမှတဆင့် အခြေခံပညာဦးစီးဌာနသို့ တင်ပြနိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

ဝက်လက်မြို့နယ် ဟန်လင်းရှေးဟောင်း ပျူမြို့ဟောင်းတွင် တိုက်နယ် ဆေးရုံဖွင့်လှစ်နိုင်ရန်အတွက် ဝက်လက်မြို့နယ်ကုသရေးဦးစီးဌာနမှူး ရုံး၏ (၂၉-၇-၂ဝ၁၆)ရက်စွဲပါစာအမှတ်၊ ၄၉၇/အစရ-၆ဖြင့် တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူးရုံးသို့တင်ပြထားခဲ့ရာ၊ စစ်ကိုင်း တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူးရုံးမှ(၁-၈-၂ဝ၁၆)ရက်စွဲပါ စာအမှတ်၊၁၄၉၈/ဆေးရုံတိုးမြှင့်/၂ဝ၁၆ဖြင့် ကုသရေးဦးစီဌာန ၊ (ရုံးချုပ်) နေပြည်တော်သို့ တင်ပြပြီးဖြစ်ပါကြောင်း ဖြေကြားအပ် ပါသည်။
[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   လူမှုရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −  ဦးဗိုလ်သိန်း၊ အမှတ် (၁) မဲဆန္ဒနယ် မော်လိုက်မြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]

မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်၊ ကံထူးကျေးရွာအခြေခံပညာ အထက်တန်း(ခွဲ)ကျောင်း အား အခြေခံပညာအထက်တန်းကျောင်း အဖြစ်တိုးမြှင့်ဖွင့်လှစ်ပေးရန်အစီအစဉ်ရှိ/မရှိ၊ အကယ်၍ရှိပါက မည်သည့်အချိန်တွင် ဖွင့်လှစ်ပေးမည်ကိုသိရှိလိုပါသည်။ ဤကျောင်းသည် ကျေးရွာပေါင်း(၁၇)ရွာခန့် အိမ်ခြေ(၂၅ဝဝ)ကျော်ခန့်မှီတင်း ပညာ သင်ကြား နေရသောကျောင်းဖြစ်ပါသည်။ ယခုလက်ရှိ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူပေါင်းမှာ (၅၄ဝ) ယောက်ရှိပြီး အထက်တန်း ကျောင်းသားဦးရေမှာ(၂၅ဝ) ယောက်ရှိနေပါသည်။ ကံထူးရွာ အထက(ခွဲ)ကျောင်းမှခွဲဝေပေးထားသော တောင်းအင် အလက(ခွဲ) ကျောင်းမှ ကျောင်းသား(၂၄၅)ယောက်၊ တောင်ကုန်းအလက(ခွဲ)မှ (၁ဝ၆) ယောက်ရှိနေပြီး ကံထူးအထက(ခွဲ)၊ တောင်းအင်အလက(ခွဲ)၊ တောင်ကုန်း အလက(ခွဲ)အလယ်တန်းဆင့် ကျောင်းသားပေါင်း သည်(၅၈၃) ယောက်ရှိ နေပါသည်။ သို့ဖြစ်ပါ၍ ကံထူးအထက(ခွဲ)သည် အထက်တန်းကျောင်း ဖွင့်ရန် သင့်တော်သဖြင့် တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်း၊

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ် အထက(ခွဲ)-ကံထူးသည် အထက-မော်လိုက်နှင့် (၁ဝ)မိုင် ကွာဝေး ပါသည်။ ကျောင်းဝန်းအကျယ်မှာ (၅) ဧကရှိပါသည်။ ကျောင်း သက်တမ်း(၆)နှစ်ဖြစ်ပါသည်။ ၂ဝ၁၅-၂ဝ၁၆ပညာသင် နှစ်တွင် ၉တန်း (၁၃၁)ဦး၊ ၁ဝတန်း(၄၅)ဦး၊ ထက်ဆင့်သင် ကျောင်းသား(၁၇၆)ဦး ရှိပါသည်။ အထက်တန်းကျောင်းတိုးမြ§င့် ဖွင့်လှစ်နိုင်ရေးမူအရ အထက်တန်းကျောင်းသား(၂ဝဝ)ဦးနှင့် အထက်ရှိပါမှ အထက်တန်း ကျောင်းအဆင့်တိုးမြ§င့်ခွင့်ပြုမိန့်ပေး ပါသည်။ အထက်တန်းဆင့် ကျောင်းသား(၁၇၆)ဦးသာရှိ၍ ကျောင်းအဆင့်တိုးမူနှင့် ကိုက်ညီမှု မရှိသောကြောင့် အဆင့်တိုး ခွင့်ပြုမိန့်မရရှိခြင်းဖြစ်ပါသည်။၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် အထက်တန်းကျောင်းသားဦးရေ (၂၅ဝ)ဦး ရှိပါသဖြင့် ကျောင်း အဆင့်တိုးမူနှင့် ကိုက်ညီမှုရှိကြောင်းနှင့် ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် ကျောင်းအဆင့်တိုးဖွင့်လှစ် ခွင့်ရရှိရေး အတွက် တိုင်းပညာမှ တဆင့် မြို့နယ်ပညာရေးမှူးရုံးသို့ ကျောင်း အဆင့်တိုး အမှုတွဲများ ထပ်မံတောင်းခံပြီး အခြေခံပညာဦးစီးဌာန (ရုံးချုပ်)သို့ ဦးစီးပေးအစီအစဉ်ဖြင့် တင်ပြသွားမည်ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်။
[/symple_accordion_section][/symple_accordion]