လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ကတိကဝတ်ပြုခဲ့သည့် ကြယ်ပွင့်မပြမေးခွန်းနှင့် အဖြေများစာရင်း

ဒုတိအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေး(၁/၂၀၁၆) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များမှ ပေးပို့လာသောကြယ်ပွင့်မပြမေးခွန်းများအပေါ်ဖြေကြားချက်များ

ဖြေကြားသည့်ဌာန                     –    လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးအောင်သန်းကျော်၊ အမှတ်(၁)မဲဆန္ဒနယ် ကလေးဝမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ၂ဝ၁၆ ခုနှစ်၊ မေလ(၁၄)ရက်နေ့မှာကလေးဝမြို့ ကိုဆောက်လုပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ရောက်ရှိလာပါတယ်။ ပထမဦးစွာမြစ်သာတံတားကို ကြည့်ရှုစစ်ဆေးပါတယ်။ထို့နောက်မှာဆက်လက်၍ချင်းတွင်းမြစ်ကူးတံတားတည်ဆောက်နေမှုကိုကြည့်ရှုစစ်ဆေးပါတယ်။တံတားအထူးအဖွဲ့(၂)မှတာဝန်ရှိသူများကရှင်းလင်းဆောင်မှာ ပြည်ထောင်စုဝန်ကြီး အားတံတားလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပါတယ်။ ထို့နောက်မှာ ပြည်ထောင်စုဝန်ကြီးကကျွန်တော့်ကကိုယ်စားလှယ် ကြီးတို့မြို့နယ်အတွက်ဘာအခက်အခဲရှိလဲဟုမေးပါတယ်။ကျွန်တော်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့မှသုဿာန်သို့သွားရာလမ်းဟာ(မြို့နယ်ရဲစခန်း ဝင်းထောင့်မှသည်မဏိပူစခန်းဝင်းအဆုံးအထိ)ဆိုးရွားပျက်စီးနေပါသဖြင့်လမ်းပြုပြင်ခင်းပေးပါရန်တင် ပြကြပါတယ်။ ပြည်ထောင်စုဝန်ကြီးကဆောက်လုပ် ရေးတာဝန်ရှိသူများအား မေးမြန်းရာမှာလမ်းအထူး အဖွဲ့(၇)မှတာဝန်ရှိသူများကကိုယ်စားလှယ်ကြီးတင်ပြသည့်လမ်းအားနောက်(၆)လကြာလျှင်AC (Asphalt Concrete) လမ်းခင်းပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးအား အစီရင်ခံ တင်ပြကြပါသည်။ထို့အတွက်ကျွန်တော်နှင့်မြို့နယ်အထွေထွေအုပ် ချုပ်ရေးမှူးတို့ကလည်း ဝမ်းသာအားရစွာဖြင့်မြို့လူထုအား အသိ ပေးပြော ကြားထားကြပြီးဖြစ်ပါ သည်။
သို့ပါသော်လည်း၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ(၁၃)ရက်နေ့မှာ စစ်ကိုင်း တိုင်းဒေသကြီး၊ လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်း၊ ကလေးဝမြို့နယ်၊ချောင်း ကျင်းကျေးရွာအနီး ကား လမ်းမြေနိမ့် ကျနေမှုကိုလာရောက် ကြည့်ရှုစစ်ဆေးစဉ်အခါမှာ ကျွန်တော်က အထက်ပါလမ်း ကြောင်းကိုဝန်ကြီးအားတင်ပြရာမှာ စစ်ကိုင်းတိုင်းဒေသကြီး လမ်းဦးစီးဌာန၊ ညွန်ကြားရေးမှူးက အဆိုပါ လမ်းသည် စည်ပင်သာယာပိုင်လမ်းဖြစ်နေ၍ ဆောက်လုပ်ရေးမှ လုပ်ဆောင် ပေးဖို့အခက်အခဲ့ရှိကြောင်း ပြောကြားသွားပါတယ်။ သို့ဖြစ်ပါ၍ ဆောက်လုပ်ရေး ပြည်ထောင်စုဝန်ကြီးရောက်ရှိ လာစဉ် လမ်းအထူးအဖွဲ့(၇)မှတာဝန်ရှိသူများက တာဝန်ခံ ထားသည့် အတွက် တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန အနေဖြင့် ဆက်လက်၍ မည်ကဲ့သို့လုပ်ကိုင် ဆောင်ရွက်ပေးသွား နိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်း အပ်ပါသည်။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

၂ဝ၁၆ ခုနှစ်၊ မေလ(၁၄)ရက်နေ့မှာ ကလေးဝမြို့သို့ ဆောက်လုပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ရောက် ရှိပြီး မြစ်သာတံတားကို ကြည့်ရှုစစ်ဆေး၍ဆက်လက်ပြီး ချင်းတွင်းမြစ်ကူးတံတား တည်ဆောက်နေမှုကိုကြည့်ရှုစစ် ဆေးပါသည်။ ရှင်းလင်းဆောင်တွင်လွှတ်တော်ကိုယ်စား လှယ် ဦးအောင်သန်းကျော်နှင့် မြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူးတို့မှသုဿာန်သို့သွားရာလမ်းသည်(မြို့နယ်ရဲစခန်း ဝင်းထောင့်မှသည် မဏိပူစခန်းဝင်းအဆုံးအထိ) ဆိုးရွား ပျက်စီးနေပါသဖြင့်လမ်းပြုပြင်ခင်းပေးပါရန်တင်ပြကြပါ သည်။ ပြည်ထောင်စုဝန်ကြီးအား လမ်းအထူးအဖွဲ့(၇)မှ တာဝန်ရှိသူများက ကိုယ်စားလှယ်ကြီးတင်ပြသည့် လမ်း အား နောက်(၆)လကြာလျှင် AC(Asphalt Concrete) လမ်း ခင်းပေးမည်ဖြစ် ကြောင်းတင်ပြကြပါသည်။
၂ဝ၁၆ခုနှစ်၊သြဂုတ်လ(၁၃)ရက်နေ့မှာစစ်ကိုင်းတိုင်းဒေသ ကြီး၊ လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဦးသန်းညွန့်ဝင်း၊ကလေးဝမြို့နယ်၊ချောင်းကျင်းကျေးရွာအနီးကားလမ်းမြေနိမ့်ကျနေမှုကိုသွားရောက်ကြည့်ရှုစစ် ဆေးခဲ့ပါသည်။ (မြို့နယ်ရဲစခန်းဝင်းထောင့်မှ မဏိပူစခန်း ဝင်းအဆုံးအထိ)သည် စည်ပင်သာယာရေးအဖွဲ့ပိုင်လမ်း ဖြစ်နေပါ၍ လမ်းဦးစီးဌာနပိုင်လမ်းအဖြစ်လွှဲပြောင်း ပြီးမှသာ ဆက်လက်ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ပါ ကြောင်း ဖြေကြားအပ်ပါသည်။[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –    လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −    ဒေါက်တာဆန်းဝင်း၊ အမှတ်(၂)မဲဆန္ဒနယ် မင်းကင်းမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]

မင်းကင်းမြို့နယ်သည် နယ်နိမိတ်အားဖြင့် ကလေးမြို့နယ်၊ ကလေးဝမြို့နယ်၊ကျွန်းလှမြို့နယ်၊တန့်ဆည်မြို့နယ်၊ကနီမြို့နယ် များနဲ့ ဆက်စပ်တည်ရှိပါသည်။ မင်းကင်းမြို့နယ်အတွင်းတွင် အလောင်းတော်ကဿဖမှ ချောင်းဖျားခံစီးဆင်းခဲ့သော အလောင်း တော်ကဿဖချောင်း(ခေါ်) ပုထိုးလုံးချောင်းသည် မင်းကင်း မြို့နယ်၊ နနွင်းချောင်းကျေးရွာအုပ်စု၊ ပုထိုးလုံးကျေးရွာ အနီး တွင် ချင်းတွင်းမြစ်အတွင်းသို့ စီးဝင်လျှက်ရှိပါသည်။
အဆိုပါ ပုထိုးလုံးချောင်းသည် ကနီမြို့နယ်နှင့် ယင်းမာပင် မြို့နယ်နယ်စပ်ရှိ အလောင်းတော်ကဿဖကိုယ်တော်မြတ်ကြီး ကိန်းဝပ်စမ္ပယ်တော်မူရာဒေသမှစတင်၍ချောင်းဖျားခံသော ကြောင့် ချောင်းအတွင်းစီးဝင်နေသော ရေဝေရေလဲဧရိယာမှာ အလွန်များပြားပြီး မိုးအခါတွင် ရေကြီးရေလျှံမှုများ အဆမတန် ဖြစ်ပွားလျှက်ရှိပါတယ်။ ယခုမျက်မှောက်ကာလမှာ သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုကြောင့်  ယခင်အချိန်ကာလများထက်ပင် ရေကြီးရေလျှံမှုများပိုမိုများပြားလာတာတွေ့ရှိရပါတယ်။
အဆိုပါ ချောင်းတစ်လျှောက်တွင် ကျေးရွာအုပ်စု(၁၀)အုပ်စု ကျေးရွာပေါင်း(၁၇)ရွာ တည်ရှိနေပါတယ်၊ အဆိုပါချောင်းမှဖော်ပြ ပါကျေးရွာများသို့ နှစ်စဉ်ပင်ရေကြီးရေလျှံမှုဖြစ်ပေါ်ခြင်း၊ ချောင်း ကမ်းပါးတိုက်စားခြင်း၊ လူနေအိမ်ခြေများမျောပါခြင်းစသည့်ဒုက္ခများကိုဒေသမှပြည်သူများ ခါးစည်းခံစားနေကြရပါတယ်။ ကျေးရွာ(၁၇)ရွာအနက် ချောင်းအကွေ့တွင်တည်ရှိနေသော အောက်စသာကျေးရွာမှာ ရေတိုက်စားမှုအခံရဆုံးသော ကျေး ရွာ တစ်ရွာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်တွင် ချောင်းရေတိုက် စားမှုကြောင့် အိမ်ခြေ(၁၃)လုံးမျောပါ ပျက်စီးခဲ့ရပါတယ်။ ကျေးရွာပြည်သူများ၏ စုပေါင်းထည့်ဝင်ငွေများစုပေါင်းပြီး ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာနမှ ပညာရှင်များ၏ အကူအညီဖြင့် သစ်၊ ဝါး ၊ မျောတို့ဖြင့်ရေကာတန်းများ၊ ရေ ကာတာများကိုဆောင်ရွက်ခဲ့ဘူးသော်လည်း အောင်မြင်မှုမရှိ ခဲ့ပါ။ ယခုနှစ်မိုးရာသီတွင် ပိုမိုဆိုးဝါးသောကမ်းပြိုမှုများ ကြောင့် အခြခံပညာမူလတန်းကျောင်းနှင့် သာသနိက အ ဆောက်အဦးများကို ချောင်းရေမှခြိမ်းခြောက်လျှက်ရှိနေပါ သဖြင့် ကျေးရွာပြည်သူများစိတ်မချနိုင်ဖြစ်နေကြရပါ သည်။
သို့ဖြစ်ပါ၍ အောက်စသာကျေးရွာ ပုထိုးလုံးချောင်းရေ တိုက်စားမှုမှ ကာကွယ်နိုင်ရန်အတွက် ခိုင်မာသောရေကာတာ တည်ဆောက်ပေးရန်အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိသည် ဆိုပါကလည်းမည်သည့်နှစ်၊ မည်သည့်အချိန်တွင် ဆောင် ရွက်ပေးမည်ကို သိရှိလိုပါကြောင်း ကျေးရွာပြည်သူများ၏ ကိုယ်စားမေးမြန်းအပ်ပါသည်။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] မင်းကင်းမြို့နယ်၊ အောက်စသာကျေးရွာ ပုထိုးလုံးချောင်းရေတိုက်စားခြင်းခံခဲ့ရသော နေရာများ၏ အခြေအနေအား ကွင်းဆင်း တိုင်းတာစစ်ဆေးပြီး ဆောင်ရွက်သင့်သည့် အစီအမံများကိုရေးဆွဲကာရန်ပုံငွေရရှိရေးတင်ပြ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြေကြား အပ်ပါသည်။[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –    လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးမောင်မောင်လတ်၊ အမှတ်(၁)မဲဆန္ဒနယ် ဖောင်းပြင်မြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ဖောင်းပြင်မြို့နယ်၊အုန်းသာကျေးရွာအုပ်စု၊ချောင်းခွ ကျေးရွာ၊ ကွင်းအမှတ်(၃၅၃)၊ လယ်မြေဧက(၃၂၀)၊ နန်းပန်အုပ်စု လယ်မြေဧက(၃၂၀၀)၊ ဒေါင်းဝန်းကွင်း အမှတ်(၃၅၀)ရှိ နွေစပါးနှင့် မိုးစပါးစိုက်ခင်းများသို့ နန်းမခွင်ချောင်းမှ ရေသွယ်မြောင်း(၄) မြောင်းဖြင့် ရေသွင်းစိုက်ပျိုးလျက်ရှိပါသည်။ အဆိုပါ ရေသွယ် မြောင်း(၄)မြောင်းအား ဖြတ်သန်း၍ လယ်မြေအတွင်း သို့ မြစ်သာချောင်းမှ တောင်ကျချောင်းရေများနှင့် အတူ ကျောက်၊ သဲ၊ သစ်တုံးများ၊ ဝါးရုံများဝင် ရောက်ဖျက်စီးသဖြင့်နှစ်စဉ်တောင်သူများ၏လုပ်အား ဖြင့် မျောတိုင်ရိုက်ခြင်း၊ ဝါးကပ်ကာခြင်း၊သဲအိတ်များ ဖြင့်ပိတ်ဆို့ကာစည်းခြင်းများ ပြုလုပ်နေရပါသဖြင့် ထို မြစ်သာချောင်းအားအုတ်၊အင်္ဂတေဖြင့်ရေထိန်းရေကာ ပြုလုပ်ပေးရန် အစီအဉ်ရှိ/မရှိဖြင့် ပြုလုပ်ပေးမည်ဆို ပါက မည်သည့်အချိန် ၊ မည့်သည့်ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေချထားပေးမည်ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ဖောင်းပြင်မြို့နယ်၊ အုန်းသာကျေးရွာအုပ်စု လယ်မြေ များအတွင်းသို့ မြစ်သာချောင်းမှ တောင်ကျချောင်းရေ များနှင့် အတူ ကျောက်၊ သဲ၊ သစ်တုံးများ၊ ဝါးရုံများ ဝင်ရောက် ဖျက်စီးမှုအခြေအနေအား ကွင်းဆင်းတိုင်းတာစစ်ဆေးပြီး ဆောင်ရွက်သင့်သည့် အစီအမံများကို ရေးဆွဲကာရန်ပုံငွေရရှိ ရေး တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ် ပါသည်။[/symple_accordion_section][/symple_accordion]